တိယအကျော့ပွဲစဉ်အတွက် ဟာဇက်ရဲ့ သတိပေးသံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကတော့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်ကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ယာယီအိမ်ကွင်း ဖြစ်တဲ့ ဒီစတီဖာနိုကွင်းမှာ ကစားခဲ့တာပါ။

အခုဆိုရင် အဝေးကွင်းမှာ သွင်းဂိုး ၁ဂိုး ရရှိခဲ့တဲ့ ချယ်လ်ဆီးအသင်း အတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ရောက်ရှိဖို့ အခွင့်အလမ်း ပိုမို ကောင်းမွန်သွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်း ကတော့ စတမ်းဘရက်ဖို့ဒ်ချ်မှာ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို သွင်းဂိုးများတဲ့ သရေပွဲ ၊ ဒါမှမဟုတ် အနိုင်ကစားမှသာ ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာပါ။

အသင်းဟောင်း ချယ်လ်ဆီးနဲ့ ပြန်လည်ရင်ဆိုင်ကစားခွင့် ရရှိခဲ့တာအတွက် ဟာဇက်ကတော့ ကျေနပ်နေပါတယ်။ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဟာဇက်ဟာ ပွဲထွက်လူစာရင်းမှာ မပါနိုင်ခဲ့ဘဲ လူစားဝင် ကစားသမားအဖြစ် ဗင်နီးဆီးရက်စ်နေရာမှာ အစားဝင် ကစားခဲ့တာပါ။

တိုက်စစ်ကစားသမား ဟာဇက်က ”နောက်တစ်ပွဲမှာ ပိုကောင်းလာနိုင်သလို ပိုလည်း ဆိုးရွားသွားနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ အနိုင်ရဖို့အတွက် ကြိုးစားသွားရမှာပဲဖြစ်ပါတယ်။ကျွန်တော့်အနေနဲ့ ကတော့ တစ်လှမ်းချင်းပဲ ကြိုးစားသွားရမှာပါ။”

“ရာသီမသိမ်းခင်မှာ ကျွန်တော်တို့ ကစားဖို့ ပွဲတွေ ရှိနေသေးပြီး အဲဒီအတွက် ကျွန်တော်ကလည်း အဆင်သင့် ဖြစ်နေပါပြီ။ သူငယ်ချင်းတွေနဲ့ ပြန်လည် တွေ့ဆုံ ရင်ဆိုင်ကစားရတာက အမြဲတမ်း ကောင်းပါတယ်။”

“အခုအချိန်မှာ ကျွန်တော်က ရီးရဲလ်မက်ဒရစ် ကစားသမား ဖြစ်နေပါပြီ။ အဲဒါကြောင့် ချယ်လ်ဆီးအသင်းပဲဖြစ်ဖြစ် တခြားအသင်းတွေပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အနိုင်ရချင်ပါတယ်။နောက်တစ်ကျော့မှာ ကြိုးစားပါမယ်” ဆိုပြီး ပြောကြားခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တိယအေက်ာ့ပြဲစဥ္အတြက္ ဟာဇက္ရဲ႕ သတိေပးသံ

မေန႔က ကစားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္ကေတာ့ တစ္ဖက္ တစ္ဂိုးစီ သေရရလဒ္ ထြက္ေပၚခဲ့ပါတယ္။ အဲဒီပြဲစဥ္ကို ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ယာယီအိမ္ကြင္း ျဖစ္တဲ့ ဒီစတီဖာႏိုကြင္းမွာ ကစားခဲ့တာပါ။

အခုဆိုရင္ အေဝးကြင္းမွာ သြင္းဂိုး ၁ဂိုး ရရွိခဲ့တဲ့ ခ်ယ္လ္ဆီးအသင္း အတြက္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲဆီ ေရာက္ရွိဖို႔ အခြင့္အလမ္း ပိုမို ေကာင္းမြန္သြားခဲ့ၿပီး ရီးရဲလ္မက္ဒရစ္အသင္း ကေတာ့ စတမ္းဘရက္ဖို႔ဒ္ခ်္မွာ ကစားရမယ့္ ဒုတိယအေက်ာ့ ပြဲစဥ္မွာ ခ်ယ္လ္ဆီးအသင္းကို သြင္းဂိုးမ်ားတဲ့ သေရပြဲ ၊ ဒါမွမဟုတ္ အႏိုင္ကစားမွသာ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္မွာပါ။

အသင္းေဟာင္း ခ်ယ္လ္ဆီးနဲ႔ ျပန္လည္ရင္ဆိုင္ကစားခြင့္ ရရွိခဲ့တာအတြက္ ဟာဇက္ကေတာ့ ေက်နပ္ေနပါတယ္။ဒဏ္ရာကေန ျပန္သက္သာလာတဲ့ ဟာဇက္ဟာ ပြဲထြက္လူစာရင္းမွာ မပါႏိုင္ခဲ့ဘဲ လူစားဝင္ ကစားသမားအျဖစ္ ဗင္နီးဆီးရက္စ္ေနရာမွာ အစားဝင္ ကစားခဲ့တာပါ။

တိုက္စစ္ကစားသမား ဟာဇက္က ”ေနာက္တစ္ပြဲမွာ ပိုေကာင္းလာႏိုင္သလို ပိုလည္း ဆိုး႐ြားသြားႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ အႏိုင္ရဖို႔အတြက္ ႀကိဳးစားသြားရမွာပဲျဖစ္ပါတယ္။ကြၽန္ေတာ့္အေနနဲ႔ ကေတာ့ တစ္လွမ္းခ်င္းပဲ ႀကိဳးစားသြားရမွာပါ။”

“ရာသီမသိမ္းခင္မွာ ကြၽန္ေတာ္တို႔ ကစားဖို႔ ပြဲေတြ ရွိေနေသးၿပီး အဲဒီအတြက္ ကြၽန္ေတာ္ကလည္း အဆင္သင့္ ျဖစ္ေနပါၿပီ။ သူငယ္ခ်င္းေတြနဲ႔ ျပန္လည္ ေတြ႕ဆုံ ရင္ဆိုင္ကစားရတာက အၿမဲတမ္း ေကာင္းပါတယ္။”

“အခုအခ်ိန္မွာ ကြၽန္ေတာ္က ရီးရဲလ္မက္ဒရစ္ ကစားသမား ျဖစ္ေနပါၿပီ။ အဲဒါေၾကာင့္ ခ်ယ္လ္ဆီးအသင္းပဲျဖစ္ျဖစ္ တျခားအသင္းေတြပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကေတာ့ အႏိုင္ရခ်င္ပါတယ္။ေနာက္တစ္ေက်ာ့မွာ ႀကိဳးစားပါမယ္” ဆိုၿပီး ေျပာၾကားခဲ့တာပါ။