
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေက ပြန်လည်အုပ်ချုပ်ခွင့်ရရှိခဲ့ပြီဖြစ်လို့ အာဖဂန်နစ္စတန်အမျိုးသမီးလက်ရွေးစင်အသင်းက ဘောလုံးသမားတွေဟာ သူတို့ရဲ့အနာဂတ်အတွက် စိုးရိမ်နေကြပြီး တချို့ဆိုဝမ်းနည်းတကြီးငိုကြွေးခဲ့ကြပါတယ်။
နှစ်ပေါင်း(၂၀)ကြာတိုက်ပွဲဆင်နွှဲခဲ့တဲ့ တာလီဘန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြန်လည်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး အခုရက်ပိုင်းအတွင်း
အာဖဂန်နစ္စတန်ပြည်သူတွေဟာ နိုင်ငံကို စွန့်ခွာထွက်ပြေးနေကြသလို နိုင်ငံအသီးသီးကလည်း အာဖဂန်နစ္စတန်မှာရှိတဲ့ သူတို့ရဲ့သံတမန်တွေကို ပြန်လည်ခေါ်ယူနေကြပြီဖြစ်ပါတယ်။
အာဖဂန်နစ္စတန်အမျိုးသမီးဘောလုံးအသင်း ဒါရိုက်တာအဖြစ်ဆောင်ရွက်နေတဲ့ အသင်းခေါင်းဆောင်ဆောင်း ခါလီဒါပိုပယ်လ်က အာဖဂန်နစ္စတန်အမျိုးသမီးဘောလုံးသမားတွေဟာ
သူတို့ကို တာလီဘန်တွေက ဘယ်လိုသဘောထားဆက်ဆံမလဲဆိုတာနဲ့ပတ်သက်ပြီး ကြောက်ရွံ့စိုးရိမ်နေကြသလို နိုင်ငံတွင်းကနေ ထွက်ပြေးခွင့်ရဖို့ကလည်း မသေချာဘူးဆိုတာ သူမဆီ မက်ဆေ့ချ်ပေးပို့အကြောင်းကြားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ခါလီဒါပိုပယ်လ်က “အာဖဂန်နစ္စတန်အမျိုးသမီးဘောလုံးသမားတွေဆီက မက်ဆေ့ချ်တွေရရှိခဲ့ပြီး တချို့ဆိုရင် ‘ကျွန်မတို့ကတော့ လူ့အခွင့်အရေးတွေ ဆုံးရှုံးပြီးတော့ အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ဘဝမျိုးရောက်တော့မယ်လို့’ ဝမ်းနည်းတကြီးနဲ့ငိုကြွေးပြောဆိုခဲ့ပါတယ်။
အခုဆိုရင် အာဖဂန်နစ္စတန်အမျိုးသမီးတွေရဲ့ မျှော်လင့်ချက်အိပ်မက်တွေက ရိုက်ချိုးခံလိုက်ရပြီဖြစ်ပြီး ဒါက တကယ့်ကို အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ”လို့ပြောကြားခဲ့ပါတယ်။
အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ ခါလီဒါပိုပယ်လ်ဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးတဲ့နောက်ပိုင်း ဒိန်းမတ်နိုင်ငံမှာအခြေစိုက်နေထိုင်နေပေမယ့် အာဖဂန်နစ္စတန်အသင်းရဲ့ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။
ခါလီဒါပိုပယ်လ်ဟာ ၂၀၀၇ ခုနှစ်မှာ အာဖဂန်နစ္စတန်အမျိုးသမီးဘောလုံးအသင်း စတင်ဖြစ်ပေါ်လာအောင် တစ်တပ်တစ်အားပါဝင်ကူညီပေးခဲ့သူဖြစ်ပြီး အဲဒီလုပ်ရပ်ကြောင့် အခုအချိန်အထိ သူမရဲ့ဒေသတွင်းအသိုင်းအဝိုင်းဆီက ဝေဖန်ခြိမ်းခြောက်မှုတွေနဲ့ ခါလီဒါပိုပယ်လ်တစ်ယောက် ရင်ဆိုင်နေရဆဲပါပဲ။
အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးငယ်လေးတွေ ဘောလုံးကစားတာကို ဆန့်ကျင်တဲ့သူအများအပြားရှိနေပြီး ဘောလုံးကစားတဲ့အမျိုးသမီးကို ‘ပြည့်တန်ဆာ’လို့သတ်မှတ်ပြီးတော့ ခဲလုံးတွေနဲ့ပစ်ပေါက်လေ့ရှိပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
တာလီဘန္ေတြ ျပန္လည္အုပ္ခ်ဳပ္ခြင့္ရရွိခဲ့လို႔ အာဖဂန္နစၥတန္အမ်ိဳးသမီးေဘာလုံးသမားေတြ ဝမ္းနည္းစိုးရိမ္ေနၾက
အာဖဂန္နစၥတန္ႏိုင္ငံမွာ တာလီဘန္ေတြက ျပန္လည္အုပ္ခ်ဳပ္ခြင့္ရရွိခဲ့ၿပီျဖစ္လို႔ အာဖဂန္နစၥတန္အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းက ေဘာလုံးသမားေတြဟာ သူတို႔ရဲ႕အနာဂတ္အတြက္ စိုးရိမ္ေနၾကၿပီး တခ်ိဳ႕ဆိုဝမ္းနည္းတႀကီးငိုေႂကြးခဲ့ၾကပါတယ္။ ႏွစ္ေပါင္း(၂၀)ၾကာတိုက္ပြဲဆင္ႏႊဲခဲ့တဲ့ တာလီဘန္ေတြဟာ အာဖဂန္နစၥတန္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို ျပန္လည္သိမ္းပိုက္လိုက္ၿပီျဖစ္ၿပီး အခုရက္ပိုင္းအတြင္း အာဖဂန္နစၥတန္ျပည္သူေတြဟာ ႏိုင္ငံကို စြန႔္ခြာထြက္ေျပးေနၾကသလို ႏိုင္ငံအသီးသီးကလည္း အာဖဂန္နစၥတန္မွာရွိတဲ့ သူတို႔ရဲ႕သံတမန္ေတြကို ျပန္လည္ေခၚယူေနၾကၿပီျဖစ္ပါတယ္။
အာဖဂန္နစၥတန္အမ်ိဳးသမီးေဘာလုံးအသင္း ဒါ႐ိုက္တာအျဖစ္ေဆာင္႐ြက္ေနတဲ့ အသင္းေခါင္းေဆာင္ေဆာင္း ခါလီဒါပိုပယ္လ္က အာဖဂန္နစၥတန္အမ်ိဳးသမီးေဘာလုံးသမားေတြဟာ သူတို႔ကို တာလီဘန္ေတြက ဘယ္လိုသေဘာထားဆက္ဆံမလဲဆိုတာနဲ႔ပတ္သက္ၿပီး ေၾကာက္႐ြံ႕စိုးရိမ္ေနၾကသလို ႏိုင္ငံတြင္းကေန ထြက္ေျပးခြင့္ရဖို႔ကလည္း မေသခ်ာဘူးဆိုတာ သူမဆီ မက္ေဆ့ခ်္ေပးပို႔အေၾကာင္းၾကားခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ခါလီဒါပိုပယ္လ္က “အာဖဂန္နစၥတန္အမ်ိဳးသမီးေဘာလုံးသမားေတြဆီက မက္ေဆ့ခ်္ေတြရရွိခဲ့ၿပီး တခ်ိဳ႕ဆိုရင္ ‘ကြၽန္မတို႔ကေတာ့ လူ႔အခြင့္အေရးေတြ ဆုံးရႈံးၿပီးေတာ့ အိမ္ထဲကအိမ္ျပင္မထြက္ရတဲ့ဘဝမ်ိဳးေရာက္ေတာ့မယ္လို႔’ ဝမ္းနည္းတႀကီးနဲ႔ငိုေႂကြးေျပာဆိုခဲ့ပါတယ္။ အခုဆိုရင္ အာဖဂန္နစၥတန္အမ်ိဳးသမီးေတြရဲ႕ ေမွ်ာ္လင့္ခ်က္အိပ္မက္ေတြက ႐ိုက္ခ်ိဳးခံလိုက္ရၿပီျဖစ္ၿပီး ဒါက တကယ့္ကို အိပ္မက္ဆိုးႀကီးတစ္ခုလိုပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။ အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ခါလီဒါပိုပယ္လ္ဟာ ေဘာလုံးသမားဘဝကေန အနားယူၿပီးတဲ့ေနာက္ပိုင္း ဒိန္းမတ္ႏိုင္ငံမွာအေျခစိုက္ေနထိုင္ေနေပမယ့္ အာဖဂန္နစၥတန္အသင္းရဲ႕ ဒါ႐ိုက္တာအျဖစ္ တာဝန္ထမ္းေဆာင္ေနသူျဖစ္ပါတယ္။
ခါလီဒါပိုပယ္လ္ဟာ ၂၀၀၇ ခုႏွစ္မွာ အာဖဂန္နစၥတန္အမ်ိဳးသမီးေဘာလုံးအသင္း စတင္ျဖစ္ေပၚလာေအာင္ တစ္တပ္တစ္အားပါဝင္ကူညီေပးခဲ့သူျဖစ္ၿပီး အဲဒီလုပ္ရပ္ေၾကာင့္ အခုအခ်ိန္အထိ သူမရဲ႕ေဒသတြင္းအသိုင္းအဝိုင္းဆီက ေဝဖန္ၿခိမ္းေျခာက္မႈေတြနဲ႔ ခါလီဒါပိုပယ္လ္တစ္ေယာက္ ရင္ဆိုင္ေနရဆဲပါပဲ။ အာဖဂန္နစၥတန္ႏိုင္ငံမွာ အမ်ိဳးသမီးငယ္ေလးေတြ ေဘာလုံးကစားတာကို ဆန႔္က်င္တဲ့သူအမ်ားအျပားရွိေနၿပီး ေဘာလုံးကစားတဲ့အမ်ိဳးသမီးကို ‘ျပည့္တန္ဆာ’လို႔သတ္မွတ္ၿပီးေတာ့ ခဲလုံးေတြနဲ႔ပစ္ေပါက္ေလ့ရွိပါတယ္။