
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ကိုဗစ်ကိစ္စကပြီး တစ်ကမ္ဘာလုံးကိုပတ်ပြီး ဒုက္ခပေးနေတဲ့ တရုတ်တွေကြောင့် စီးရီးအေချန်ပီယံဆုကို ပူပူနွေးနွေးရရှိထားတဲ့ အင်တာမီလန်အသင်းသားတွေဟာ သူတို့ရဲ့ လုပ်ခလစာငွေ ၂ လစာကို မရရှိတော့ဘဲ စွန့်လွှတ်ပေးရမယ့် အနေအထားနဲ ရင်ဆိုင်နေရပါတယ်။
အင်တာအသင်းဟာ စီးရီးအေမှာ ဂျူဗင်တပ်စ်အသင်းရဲ့ လွှမ်းမိုးမှုကိုချေဖျက်ပြီး ၁၀ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလားကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အခုသတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ပြသနာကြောင့် ဘဏ္ဍာရေးအခက်အခဲတွေရှိနေတဲ့ အသင်းပိုင်ရှင်စတီဗင်ကျန်းက ကစားသမားတွေကို လုပ်ခလစာတွေ လျှော့ယူပေးနိုင်မလားလို့ မေးမြန်းခဲ့ကြောင်းသိရပါတယ်။
တရုတ်အိမ်ခြံမြေကုမ္ပဏီဖြစ်တဲ့ ဆန်းနင်းလုပ်ငန်းစုရဲ့ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ကျန်းဟာ မနေ့က အသင်းနဲ့အတူ ၄၅ မိနစ်ကြာ အစည်းအဝေးပြုလုပ်ခဲ့ပြီး သူ့ရဲ့အဆိုပြုမှုအတွက် ဆွေးနွေးခဲ့ကာ ဘဏ္ဍာရေးပြသနာကိုဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။
အင်တာမီလန် ကစားသမားတွေဘက်ကသာ လက်ခံမယ်ဆိုရင် ကလပ်အသင်းအတွက် ပေါင် ၂၅ သန်းအထိ သက်သာမှာဖြစ်ပြီး ကစားသမားတွေဖက်က ဒီအဆိုပြုချက်ကို လက်မခံခဲ့ဘူးလို့သိရပါတယ်။
နောက်တပတ်မှာ စတီဗင်ကျန်းက ကစားသမားတစ်ဦးချင်းစီနဲ့ ဆွေးနွေးမှုတွေထပ်မံပြုလုပ်သွားမယ်လို့ အီတလီသတင်းစာတွေကဆိုပါတယ်။
အင်တာအနေနဲ့လည်း ဒီကိစ္စကြောင့် ရိုးမားနဲ့ကစားရမယ့် ပွဲအတွက် ပြုလုပ်မယ့် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။
အသင်းဥက္ကဌ မာရော့တာကတော့ စကူဒတ်တိုဖလား ရရှိအောင် စွမ်းဆောင်ခဲ့တဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ်မှာ ချီးကျူးအသိအမှတ်ပြုခဲ့ပြီး ဒီအတွက် အပိုဆုကြေးတွေပေးချေသွားမယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် လစာငွေလျှော့ယူပေးဖို့အတွက်တော့ လူသိရှင်ကြားတိုက်တွန်းတာမျိုးမလုပ်ခဲ့ဘူးလို့ သိရပါတယ်။
နည်းပြကွန်တီနဲ့ အင်တာမီလန် ကစားသမားတွေအတွက်ကတော့ တစ်ရာသီလုံးကြိုးစားထားပြီး အောင့်ပွဲရတဲ့အချိန်ကျမှ ဒီကိစ္စပေါ်လာတာကြောင့် ရင်ဝကို ဖြတ်ကန်လိုက်သလို ဖြစ်မှာ သေချာပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
တရုတ်ပိုင်ရှင်ြေ့ကာင့် ချန်ပီယံဖြစ်မှ ဘောနပ်စ်မသေချာတဲ့အပြင် လစာပါ ပျောက်တော့မယ့် အင်တာမီလန်အသင်း