

မန်ယူအသင်းဟာ တရုတ်ကုပ္မဏီတစ်ခုဖြစ်တဲ့ Haier နဲ့ တစ်နှစ်ကိုပေါင်သန်း ၇၀ တန်ကြေးရှိတဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ မန်ယူရဲ့လက်ရှိစပွန်ဆာဟာ Chevrolet ဖြစ်ပြီး တစ်နှစ်ကိုပေါင် ၆၄ သန်းတန်ကြေးရှိကာ ၂၀၂၁ မှာသက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
Haier ဟာတရုတ်အခြေစိုက် အီလက်ထရောနစ်ပစ္စည်းတွေထုတ်လုပ်နေတာဖြစ်ပြီး ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ အဲကွန်း၊ မိုက်ခရိုဝေ့ဗ်မီးဖို၊ မိုဘိုင်းဖုန်း၊ ကွန်ပျူတာနဲ့ ရုပ်မြင်သံကြားတွေထုတ် လုပ်ပေးနေတဲ့ ကုပ္မဏီဖြစ်ပြီး သူ့လက်အောက်မှာ နောက်ထပ်နာမည်ကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Hoover လုပ်ငန်းစုလည်း ပါဝင်နေပါတယ်။

မန်ယူဟာ Chevrolet ရဲ့နေရာမှာ အစားထိုးရမယ့် စပွန်ဆာတစ်ခုကိုရှာဖွေနေတဲ့ လအနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး Haier နဲ့အဆက်အသွယ်ရကာ လက်ရှိမှာ အဲဒီတရုတ်ကုပ္မဏီရဲ့အကြီးတန်းအရာရှိတွေဟာ ဗြိတိန်ကိုပြီးခဲ့တဲ့ တစ်ပတ်ကတည်းက ရောက်ရှိနေကာ မန်ယူတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

Haier ဟာမကြာသေးခင်ကလည်း အီတလီအီလက်ထရောနစ်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစုကြီးဖြစ်တဲ့ Candy ကိုပေါင် ၄၀၅ သန်းနဲ့ဝယ်ယူခဲ့သေးပြီး သူတို့ရဲ့ဘရန်းဟာကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်မှုနဲ့အတူ မန်ယူကိုစပွန်ဆာပေးဖို့ စိတ်အားထက်သန်နေတယ်လို့လည်း ဆိုပါတယ်။

မန်ယူူဟာ ၂၀၁၃ ကဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်းမှာ ဆက်တိုက်ဆိုသလိုရုန်းကန်နေရပေမယ့် ကွင်းပြင်ပစီးပွားရေးပိုင်းမှာတော့ အောင်မြင်မှုသရဖူဆောင်းနေဆဲဖြစ်ပြီး စပွန်ဆာပေးလိုတဲ့သူတွေများပြားနေတယ်လို့ သိရပါတယ်။ လက်ရှိပရီးမီးယားလိဂ်မှာ မန်ယူပြီးရင် စပွန်ဆာတန်ကြေးအများဆုံးရနေတဲ့အသင်းတွေကတော့ မန်စီးတီးနဲ့ အာဆင်နယ်တို့ဖြစ်ပါတယ်။ မန်စီးတီးဟာ Etihad Airways ကနေတစ်နှစ်ကိုပေါင် ၄၅ သန်း၊ အာဆင်နယ်က Fly Emirates ကနေတစ်နှစ်ပေါင်သန်း ၄၀ စီရရှိနေကြတာဖြစ်ပါတယ်။

Zawgyi
တ႐ုတ္ကုပၼဏီ Haier နဲ႔စံခ်ိန္တင္စပြန္ဆာရဖို႔ နီးစပ္ေနတဲ့ မန္ယူ
မန္ယူအသင္းဟာ တရုတ္ကုပၼဏီတစ္ခုျဖစ္တဲ႔ Haier နဲ႔ တစ္ႏွစ္ကိုေပါင္သန္း ၇၀ တန္ေၾကးရွိတဲ႔ စပြန္ဆာ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။ မန္ယူရဲ႕လက္ရွိစပြန္ဆာဟာ Chevrolet ျဖစ္ၿပီး တစ္ႏွစ္ကိုေပါင္ ၆၄ သန္းတန္ေၾကးရွိကာ ၂၀၂၁ မွာသက္တမ္းကုန္ဆုံးမွာ ျဖစ္ပါတယ္။
Haier ဟာတရုတ္အေျခစိုက္ အီလက္ထေရာနစ္ပစၥည္းေတြထုတ္လုပ္ေနတာျဖစ္ၿပီး ေရခဲေသတၱာ၊ အ၀တ္ေလွ်ာ္စက္၊ အဲကြန္း၊ မိုက္ခရိုေ၀႔ဗ္မီးဖို၊ မိုဘိုင္းဖုန္း၊ ကြန္ပ်ဴတာနဲ႔ ရုပ္ျမင္သံၾကားေတြထုတ္ လုပ္ေပးေနတဲ႔ ကုပၼဏီျဖစ္ၿပီး သူ႔လက္ေအာက္မွာ ေနာက္ထပ္နာမည္ေက်ာ္အမွတ္တံဆိပ္ျဖစ္တဲ႔ Hoover လုပ္ငန္းစုလည္း ပါ၀င္ေနပါတယ္။
မန္ယူဟာ Chevrolet ရဲ႕ေနရာမွာ အစားထိုးရမယ္႔ စပြန္ဆာတစ္ခုကိုရွာေဖြေနတဲ႔ လအနည္းငယ္ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး Haier နဲ႔အဆက္အသြယ္ရကာ လက္ရွိမွာ အဲဒီတရုတ္ကုပၼဏီရဲ႕အႀကီးတန္းအရာရွိေတြဟာ ၿဗိတိန္ကိုၿပီးခဲ့တဲ႔ တစ္ပတ္ကတည္းက ေရာက္ရွိေနကာ မန္ယူတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးမႈေတြျပဳလုပ္ေနခဲ့တာျဖစ္ပါတယ္။
Haier ဟာမၾကာေသးခင္ကလည္း အီတလီအီလက္ထေရာနစ္ပစၥည္းထုတ္လုပ္ေရး လုပ္ငန္းစုႀကီးျဖစ္တဲ႔ Candy ကိုေပါင္ ၄၀၅ သန္းနဲ႔၀ယ္ယူခဲ့ေသးၿပီး သူတို႔ရဲ႕ဘရန္းဟာကမၻာ႔ေစ်းကြက္ကို ထိုးေဖာက္မႈနဲ႔အတူ မန္ယူကိုစပြန္ဆာေပးဖို႔ စိတ္အားထက္သန္ေနတယ္လို႔လည္း ဆိုပါတယ္။
မန္ယူူဟာ ၂၀၁၃ ကဖာဂူဆန္အနားယူသြားၿပီးေနာက္ပိုင္းမွာ ဆက္တိုက္ဆိုသလိုရုန္းကန္ေနရေပမယ္႔ ကြင္းျပင္ပစီးပြားေရးပိုင္းမွာေတာ႔ ေအာင္ျမင္မႈသရဖူေဆာင္းေနဆဲျဖစ္ၿပီး စပြန္ဆာေပးလိုတဲ႔သူေတြမ်ားျပားေနတယ္လို႔ သိရပါတယ္။ လက္ရွိပရီးမီးယားလိဂ္မွာ မန္ယူၿပီးရင္ စပြန္ဆာတန္ေၾကးအမ်ားဆုံးရေနတဲ႔အသင္းေတြကေတာ႔ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ျဖစ္ပါတယ္။ မန္စီးတီးဟာ Etihad Airways ကေနတစ္ႏွစ္ကိုေပါင္ ၄၅ သန္း၊ အာဆင္နယ္က Fly Emirates ကေနတစ္ႏွစ္ေပါင္သန္း ၄၀ စီရရွိေနၾကတာျဖစ္ပါတယ္။