တရုတ်ကိုပြန်သွားဆိုတဲ့ ချဲလ်ဆီးပရိသတ်ရဲ့လှောင်ပြောင်မှုကို အစ်ဟာလိုရဲ့တုံ့ပြန်ပုံ

photo-gettyimages

photo-gettyimages

မန်ယူတိုက်စစ်မှုးသစ်အစ်ဟာလိုဟာ ချဲလ်ဆီးကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ တနင်္လာညပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းသစ်အတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်။ သူဟာ မိနစ် ၉၀ အရောက်မှာ မာရှယ်အစား လူစားဝင်ပြီး မန်ယူအတွက် ပွဲဦးထွက်ခဲ့တာပါ။ အဲဒီမှာတင် သူဟာ ကွင်းဘေးက ချဲလ်ဆီးပရိသတ်တစ်ယောက်ရဲ့လှောင်ပြောင်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

photo-gettyimages

ကွင်းဘေးစည်းမှာ လူစားဝင်ဖို့ စောင့်ဆိုင်းနေတဲ့ အစ်ဟာလိုကို ချဲလ်ဆီးပရိသတ်တစ်ယောက်က တရုတ်ကိုပြန်သွားလို့ လှမ်းအော်ခဲ့တာပါ။ ဒါကို အသက် ၃၀ အရွယ် အဲဒီနိုင်ဂျီးရီးယားတိုက်စစ်မှုးက ချီးကျူးစရာကောင်းလောက်အောင်ပဲ တုံ့ပြန်ခဲ့ပါတယ်။ အစ်ဟာလိုက သူ့ကို လှမ်းအော်တဲ့ပရိသတ်ဆီ ပြန်လှည့်ကြည့်ပြီး ပြုံးပြလိုက်တာပါ။ သူအားပေးတဲ့အသင်းအတွက် ပွဲဦးထွက်ကစားရမယ့် အိပ်မက်အတွက် အဲဒီလှောင်ပြောင်မှုက ဘာမှ မပြောပလောက်ခဲ့ပါဘူး။

photo-gettyimages

တရုတ်ကလပ်ရှန်ဟိုင်းရှင်ဟွာကနေ အငှားရောက်လာတဲ့အစ်ဟာလိုဟာ ကစားခွင့်ရတဲ့အချိန်ခဏလေးမှာတောင် ဂိုးသွင်းအခွင့်အရေးရခဲ့သေးပေမယ့် သူ့ရဲ့ကန်သွင်းမှုက ချဲလ်ဆီးဂိုးသမားကာဘယ်လာရိုတည့်တည့်ဆီရောက်သွားပါတယ်။ အဲဒီပွဲဦးထွက်ကြောင့်ပဲ အစ်ဟာလိုဟာ ပရီးမီးယားလိဂ်မှာ မန်ယူအတွက် ကစားပေးတဲ့ ၂၀၀ ဦးမြောက်ကစားသမားဖြစ်လာခဲ့သလို မန်ယူအတွက် ပရီးမီးယားလိဂ်ပွဲကစားပေးတဲ့ ပထမဆုံးနိုင်ဂျီးရီးယားသားလည်း ဖြစ်လာခဲ့ပါတယ်။

[Zawgyi]

တရုတ္ကိုျပန္သြားဆိုတဲ့ ခ်ဲလ္ဆီးပရိသတ္ရဲ႕ေလွာင္ေျပာင္မႈကို အစ္ဟာလိုရဲ႕တု႔ံျပန္ပုံ

မန္ယူတိုက္စစ္မႈးသစ္အစ္ဟာလုိဟာ ခ်ဲလ္ဆီးကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ တနလၤာညပရီးမီးယားလိဂ္ပြဲစဥ္မွာ အသင္းသစ္အတြက္ စတင္ပြဲဦးထြက္ခြင့္ရခဲ့ပါတယ္။ သူဟာ မိနစ္ ၉၀ အေရာက္မွာ မာရွယ္အစား လူစား၀င္ၿပီး မန္ယူအတြက္ ပြဲဦးထြက္ခဲ့တာပါ။ အဲဒီမွာတင္ သူဟာ ကြင္းေဘးက ခ်ဲလ္ဆီးပရိသတ္တစ္ေယာက္ရဲ႕ေလွာင္ေျပာင္မႈနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

ကြင္းေဘးစည္းမွာ လူစား၀င္ဖို႔ ေစာင့္ဆုိင္းေနတဲ့ အစ္ဟာလိုကို ခ်ဲလ္ဆီးပရိသတ္တစ္ေယာက္က တရုတ္ကိုျပန္သြားလို႔ လွမ္းေအာ္ခဲ့တာပါ။ ဒါကုိ အသက္ ၃၀ အရြယ္ အဲဒီႏိုင္ဂ်ီးရီးယားတုိက္စစ္မႈးက ခ်ီးက်ဴးစရာေကာင္းေလာက္ေအာင္ပဲ တု႔ံျပန္ခဲ့ပါတယ္။ အစ္ဟာလိုက သူ႔ကို လွမ္းေအာ္တဲ့ပရိသတ္ဆီ ျပန္လွည့္ၾကည့္ၿပီး ၿပဳံးျပလိုက္တာပါ။ သူအားေပးတဲ့အသင္းအတြက္ ပြဲဦးထြက္ကစားရမယ့္ အိပ္မက္အတြက္ အဲဒီေလွာင္ေျပာင္မႈက ဘာမွ မေျပာပေလာက္ခဲ့ပါဘူး။

တရုတ္ကလပ္ရွန္ဟိုင္းရွင္ဟြာကေန အငွားေရာက္လာတဲ့အစ္ဟာလိုဟာ ကစားခြင့္ရတဲ့အခ်ိန္ခဏေလးမွာေတာင္ ဂိုးသြငး္အခြင့္အေရးရခဲ့ေသးေပမယ့္ သူ႔ရဲ႕ကန္သြင္းမႈက ခ်ဲလ္ဆီးဂိုးသမားကာဘယ္လာရိုတည့္တည့္ဆီေရာက္သြားပါတယ္။ အဲဒီပြဲဦးထြက္ေၾကာင့္ပဲ အစ္ဟာလိုဟာ ပရီးမီးယားလိဂ္မွာ မန္ယူအတြက္ ကစားေပးတဲ့ ၂၀၀ ဦးေျမာက္ကစားသမားျဖစ္လာခဲ့သလုိ မန္ယူအတြက္ ပရီးမီးယားလိဂ္ပြဲကစားေပးတဲ့ ပထမဆုံးႏိုင္ဂ်ီးရီးယားသားလည္း ျဖစ္လာခဲ့ပါတယ္။