တရားလွန်ပေးပို့မှုနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပြန်တဲ့ ဖာမီနို

Photo Credit

Photo Credit

လီဗာပူးအသင်းတိုက်စစ်မှူး ဖာမီနိုဟာ စနေညက နောဝစ်ချ်ကို ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ချစ်စရာကောင်းတဲ့ Flick ပေးပို့မှုနဲ့အတူ ပရိသတ်တွေကို ထပ်မံဖမ်းစားနိုင်ခဲ့ပြန်ပါတယ်။ လီဗာပူးဟာ အဲဒီပွဲမှာအနိုင်ရခဲ့လို့ ဒုတိယနေရာက စီးတီးကို တစ်ပွဲပို ၂၅ မှတ်အထိ ဖြတ်ကာ ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ပိုမိုနီးစပ်လာပါတယ်။

Photo Credit

ဖာမီနိုကလည်း ဒီရာသီမှာ ပိုမိုခြေစွမ်းပြနေပြီး ဘရာဇီးသားပီပီ စကေးကလည်း အမြင့်ဆုံးအနေအထားမှာရှိနေပါတယ်။ ဒီရာသီမှာ သူ့ရဲ့မထင်မှတ်တဲ့ပေးပို့မှုတွေ၊ အတို့အဆိတ်လေးတွေက ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ခဲ့ပြီး နယူးကာဆယ်နဲ့ပွဲမှာ ညာခြေနဲ့ ဘယ်ဘက်ကို ပေးမလိုလုပ်ရင်း ဘယ်ခြေနဲ့ ဆာလာရဲ့ပြေးလမ်းထဲ ခင်းပေးလိုက်တဲ့အကွက်က အတော်လေးလူကြိုက်များခဲ့ပါတယ်။

Video Credit

အခုလည်း ဖာမီနိုဟာ ဖီဖာဂိမ်းထဲမှာပဲ တွေ့ရနိုင်တဲ့ အကွက်နဲ့ ကွင်းလယ်လူ ဝစ်ချ်နယ်ဒမ်းရဲ့ပြေးလမ်းထဲ အသာလေးခင်းပေးလိုက်တာပါ။ သူဟာ အဲဒီပွဲမှာ အပိုင်အခွင့်အရေးတစ်ကြိမ် လွဲချော်ခဲ့ပေမယ့် ပရိသတ်တွေကတော့ ကိုယ်လုံးလှည့်ပြီး ဘောလုံးကို ခြေထောက်အသာထိန်းထားရင်း ညာဘက်ကို ထိုးပေးမလိုအနေအထားကနေ ဘယ်ဘက်မှာ ပြေးတက်လာတဲ့ ဝစ်ချ်နယ်ဒမ်းရဲ့ပြေးလမ်းထဲ ခင်းပေးလိုက်တာပါ။

Video Credit

”တရားလွန်ကြီးပဲ”။ ”ဒီဗီဒီယိုဖိုင်လေးကို မရပ်နိုင်ဘူးဖြစ်နေတယ်”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။ ဖာမီနိုဟာ ယခုရာသီမှာ အသင်းအတွက် ၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်ပေးထားနိုင်ပြီး သူ့ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်က စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit

Zawgyi

တရားလြန္ေပးပုိ႔မႈနဲ႔ ပရိသတ္ေတြကို ဖမ္းစားႏုိင္ခဲ့ျပန္တဲ့ ဖာမီႏို

လီဗာပူးအသင္းတုိက္စစ္မွဴး ဖာမီႏိုဟာ စေနညက ေနာ၀စ္ခ်္ကို ၀-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ခ်စ္စရာေကာင္းတဲ့ Flick ေပးပို႔မႈနဲ႔အတူ ပရိသတ္ေတြကို ထပ္မံဖမ္းစားႏိုင္ခဲ့ျပန္ပါတယ္။ လီဗာပူးဟာ အဲဒီပဲြမွာအႏိုင္ရခဲ့လုိ႔ ဒုတိယေနရာက စီးတီးကို တစ္ပဲြပို ၂၅ မွတ္အထိ ျဖတ္ကာ ပထမဆုံးပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖုိ႔ ပိုမိုနီးစပ္လာပါတယ္။
ဖာမီႏိုကလည္း ဒီရာသီမွာ ပိုမိုေျခစြမ္းျပေနၿပီး ဘရာဇီးသားပီပီ စေကးကလည္း အျမင့္ဆုံးအေနအထားမွာရွိေနပါတယ္။ ဒီရာသီမွာ သူ႕ရဲ႕မထင္မွတ္တဲ့ေပးပုိ႔မႈေတြ၊ အတို႔အဆိတ္ေလးေတြက ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈေပးႏိုင္ခဲ့ၿပီး နယူးကာဆယ္နဲ႔ပြဲမွာ ညာေျခနဲ႔ ဘယ္ဘက္ကို ေပးမလိုလုပ္ရင္း ဘယ္ေျခနဲ႔ ဆာလာရဲ႕ေျပးလမ္းထဲ ခင္းေပးလုိက္တဲ့အကြက္က အေတာ္ေလးလူႀကိဳက္မ်ားခဲ့ပါတယ္။
အခုလည္း ဖာမီႏိုဟာ ဖီဖာဂိမ္းထဲမွာပဲ ေတြ႕ရႏုိင္တဲ့ အကြက္နဲ႔ ကြင္းလယ္လူ ၀စ္ခ်္နယ္ဒမ္းရဲ႕ေျပးလမ္းထဲ အသာေလးခင္းေပးလုိက္တာပါ။ သူဟာ အဲဒီပြဲမွာ အပိုင္အခြင့္အေရးတစ္ႀကိမ္ လြဲေခ်ာ္ခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ ကုိယ္လုံးလွည့္ၿပီး ေဘာလုံးကုိ ေျခေထာက္အသာထိန္းထားရင္း ညာဘက္ကို ထုိးေပးမလုိအေနအထားကေန ဘယ္ဘက္မွာ ေျပးတက္လာတဲ့ ၀စ္ခ်္နယ္ဒမ္းရဲ႕ေျပးလမ္းထဲ ခင္းေပးလုိက္တာပါ။
”တရားလြန္ႀကီးပဲ”။ ”ဒီဗီဒီယိုဖုိင္ေလးကို မရပ္ႏိုင္ဘူးျဖစ္ေနတယ္”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။ ဖာမီႏိုဟာ ယခုရာသီမွာ အသင္းအတြက္ ၈ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၇ႀကိမ္ ျပဳလုပ္ေပးထားႏိုင္ၿပီး သူ႕ကို ေခၚယူဖုိ႔ ဘိုင္ယန္ျမဴးနစ္က ေစာင့္ၾကည့္ေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနပါတယ္။