တယ်ရီ၊ လမ်းပတ်တို့ရဲ့စံချိန်ကို ပြန်လည်ရယူနိုင်ခဲ့ကြတဲ့ မေဆင်မောင့်နဲ့ ချီဝဲလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနေ့မနက်အစောပိုင်းက ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ပေါ်တိုနဲ့ ချယ်လ်ဆီးအသင်းတို့ကစားခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးအသင်းက (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့သလို အသင်းကစားသမားတွေဖြစ်တဲ့ မေဆင်မောင့်နဲ့ ဘန်ချီဝဲလ်တို့ဟာလည်း ဂန္ထဝင်ကစားသမားနှစ်ဦးဖြစ်တဲ့ တယ်ရီ၊ လမ်းပတ်တို့ တင်ရှိခဲ့တဲ့ ချန်ပီယံလိဂ်စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပြန်လည်ရယူနိုင်ခဲ့ကြပါတယ်။

စပိန်နိုင်ငံ၊ ဆီဗီးလ်မြို့မှာကစားခဲ့တဲ့ ပေါ်တိုနဲ့ချယ်လ်ဆီးပွဲမှာ ကွင်းလယ်လူမေဆင်မောင့်က ပွဲချိန်(၃၂)မိနစ်မှာ အသင်းအတွက်အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒုတိယဂိုးကိုတော့ ပွဲပြီးဖို့(၅)မိနစ်အလိုမှာ ချီဝဲလ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

အသက်(၂၂)နှစ်၊ (၈၇)ရက်သာရှိသေးတဲ့ မေဆင်မောင့်ဟာ သူ့ရဲ့ကစားသမားဘ၀ ပထမဆုံးချန်ပီယံလိဂ်ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို အသင်းနည်းပြအဖြစ် တူချယ်လ်ကို စတင်ခန့်အပ်ခဲ့တဲ့ ဇန်နဝါရီလကနေ လက်ရှိအချိန်အထိ ပြိုင်ပွဲစုံမှာ(၅)ဂိုးအထိသွင်းယူခဲ့ပြီး ကျန်တဲ့ကစားသမားတွေထက် သွင်းဂိုးပိုများနေတာဖြစ်ပါတယ်။

ဒါ့အပြင် ပေါ်တိုနဲ့ပွဲမှာ အင်္ဂလန်ကစားသမားနှစ်ဦးဖြစ်တဲ့ မေဆင်မောင့်၊ ချီဝဲလ်တို့တစ်ပြိုင်နက် ဂိုးသွင်းနိုင်ခဲ့တာကြောင့် ၂၀၁၂၊ မတ်လတုန်းက နာပိုလီအသင်းဘက်ကို တယ်ရီ၊ လမ်းပတ်တို့ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း (၉)နှစ်ကျော်အကြာ ချန်ပီယံလိဂ်တစ်ပွဲတည်းမှာ အင်္ဂလန်ကစားသမားနှစ်ယောက် ဂိုးသွင်းနိုင်ခဲ့တဲ့မှတ်တမ်းကို ပြန်လည်ပိုင်ဆိုင်ခဲ့တာပါ။ အဲဒီ၂၀၁၁-၁၂ ရာသီတုန်းက ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိတက်ရောက်ခဲ့ပြီး ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တိုနဲ့ပွဲအပြီးမှာ မေဆင်မောင့်က “ဒီပွဲဟာ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမယ်ဆိုတာ ကြိုသိပြီးသားပါ။

ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ကြပြီး ပထမပိုင်းနဲ့ဒုတိယပိုင်းတွေမှာ ဂိုးတွေသွင်းယူခဲ့ကြသလို ဆီမီးဖိုင်နယ်တက်ဖို့ စိတ်ချရတဲ့နိုင်ပွဲတစ်ပွဲရယူနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာဂိုးသွင်းနိုင်မယ့်အချိန်ကို ကျွန်တော် စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းခဲ့ရပြီး ဒီပွဲမှာတော့ အဲဒီအခွင့်အရေးကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ ကျွန်တော့်ခြေစွမ်းက အခုထက်ပိုတိုးတက်လာပြီး နောက်ထပ်ဂိုးတွေအများကြီးသွင်းယူနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့မှာလည်း အက်သကလ်တီကိုအသင်းကို အဝေးကွင်းမှာ(၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် နည်းပြဟောင်းရာနီရေးရီလက်ထက် ၂၀၀၄၊ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အဝေးကွင်းနှစ်ပွဲဆက် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ အဝေးကွင်းမှာ (၂)ဂိုးပြတ်အနိုင်ရခဲ့တဲ့အတွက် ဆီမီးဖိုင်နယ်တက်ရောက်ဖို့ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပြီဖြစ်သလို ဒုတိယအကျော့မှာ အမှားအယွင်းမရှိခဲ့ရင်တော့ ၂၀၁၃-၁၄ ရာသီနောက်ပိုင်းဝေးကွာနေတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ပြန်လည်တက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တယ္ရီ၊ လမ္းပတ္တို႔ရဲ႕စံခ်ိန္ကို ျပန္လည္ရယူႏိုင္ခဲ့ၾကတဲ့ ေမဆင္ေမာင့္နဲ႔ ခ်ီဝဲလ္

ဒီေန႔မနက္အေစာပိုင္းက ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ ေပၚတိုနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ကစားခဲ့တဲ့ပြဲမွာ ခ်ယ္လ္ဆီးအသင္းက (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့သလို အသင္းကစားသမားေတြျဖစ္တဲ့ ေမဆင္ေမာင့္နဲ႔ ဘန္ခ်ီဝဲလ္တို႔ဟာလည္း ဂႏၴဝင္ကစားသမားႏွစ္ဦးျဖစ္တဲ့ တယ္ရီ၊ လမ္းပတ္တို႔ တင္ရွိခဲ့တဲ့ ခ်န္ပီယံလိဂ္စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကို ျပန္လည္ရယူႏိုင္ခဲ့ၾကပါတယ္။ စပိန္ႏိုင္ငံ၊ ဆီဗီးလ္ၿမိဳ႕မွာကစားခဲ့တဲ့ ေပၚတိုနဲ႔ခ်ယ္လ္ဆီးပြဲမွာ ကြင္းလယ္လူေမဆင္ေမာင့္က ပြဲခ်ိန္(၃၂)မိနစ္မွာ အသင္းအတြက္အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ဒုတိယဂိုးကိုေတာ့ ပြဲၿပီးဖို႔(၅)မိနစ္အလိုမွာ ခ်ီဝဲလ္က သြင္းယူခဲ့တာျဖစ္ပါတယ္။ အသက္(၂၂)ႏွစ္၊ (၈၇)ရက္သာရွိေသးတဲ့ ေမဆင္ေမာင့္ဟာ သူ႔ရဲ႕ကစားသမားဘ၀ ပထမဆုံးခ်န္ပီယံလိဂ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့အျပင္ အသင္းသမိုင္းတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ပြဲစဥ္ေတြမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့သလို အသင္းနည္းျပအျဖစ္ တူခ်ယ္လ္ကို စတင္ခန႔္အပ္ခဲ့တဲ့ ဇန္နဝါရီလကေန လက္ရွိအခ်ိန္အထိ ၿပိဳင္ပြဲစုံမွာ(၅)ဂိုးအထိသြင္းယူခဲ့ၿပီး က်န္တဲ့ကစားသမားေတြထက္ သြင္းဂိုးပိုမ်ားေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ေပၚတိုနဲ႔ပြဲမွာ အဂၤလန္ကစားသမားႏွစ္ဦးျဖစ္တဲ့ ေမဆင္ေမာင့္၊ ခ်ီဝဲလ္တို႔တစ္ၿပိဳင္နက္ ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ ၂၀၁၂၊ မတ္လတုန္းက နာပိုလီအသင္းဘက္ကို တယ္ရီ၊ လမ္းပတ္တို႔ဂိုးသြင္းခဲ့ၿပီးေနာက္ပိုင္း (၉)ႏွစ္ေက်ာ္အၾကာ ခ်န္ပီယံလိဂ္တစ္ပြဲတည္းမွာ အဂၤလန္ကစားသမားႏွစ္ေယာက္ ဂိုးသြင္းႏိုင္ခဲ့တဲ့မွတ္တမ္းကို ျပန္လည္ပိုင္ဆိုင္ခဲ့တာပါ။ အဲဒီ၂၀၁၁-၁၂ ရာသီတုန္းက ခ်ယ္လ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိတက္ေရာက္ခဲ့ၿပီး ပထမဆုံးအႀကိမ္ ခ်န္ပီယံဆုဖလားဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။ ေပၚတိုနဲ႔ပြဲအၿပီးမွာ ေမဆင္ေမာင့္က “ဒီပြဲဟာ ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္လာမယ္ဆိုတာ ႀကိဳသိၿပီးသားပါ။ ကြၽန္ေတာ္တို႔ အေကာင္းဆုံးကစားႏိုင္ခဲ့ၾကၿပီး ပထမပိုင္းနဲ႔ဒုတိယပိုင္းေတြမွာ ဂိုးေတြသြင္းယူခဲ့ၾကသလို ဆီမီးဖိုင္နယ္တက္ဖို႔ စိတ္ခ်ရတဲ့ႏိုင္ပြဲတစ္ပြဲရယူႏိုင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မွာဂိုးသြင္းႏိုင္မယ့္အခ်ိန္ကို ကြၽန္ေတာ္ စိတ္ရွည္ရွည္နဲ႔ေစာင့္ဆိုင္းခဲ့ရၿပီး ဒီပြဲမွာေတာ့ အဲဒီအခြင့္အေရးကို ပိုင္ဆိုင္ႏိုင္ခဲ့ပါၿပီ။ ကြၽန္ေတာ့္ေျခစြမ္းက အခုထက္ပိုတိုးတက္လာၿပီး ေနာက္ထပ္ဂိုးေတြအမ်ားႀကီးသြင္းယူႏိုင္လိမ့္မယ္လို႔လည္း ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့မွာလည္း အက္သကလ္တီကိုအသင္းကို အေဝးကြင္းမွာ(၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ နည္းျပေဟာင္းရာနီေရးရီလက္ထက္ ၂၀၀၄၊ ဧၿပီလေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္အေဝးကြင္းႏွစ္ပြဲဆက္ အႏိုင္ရခဲ့တာလည္းျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ အေဝးကြင္းမွာ (၂)ဂိုးျပတ္အႏိုင္ရခဲ့တဲ့အတြက္ ဆီမီးဖိုင္နယ္တက္ေရာက္ဖို႔ ေျခတစ္လွမ္းလွမ္းႏိုင္ခဲ့ၿပီျဖစ္သလို ဒုတိယအေက်ာ့မွာ အမွားအယြင္းမရွိခဲ့ရင္ေတာ့ ၂၀၁၃-၁၄ ရာသီေနာက္ပိုင္းေဝးကြာေနတဲ့ ဆီမီးဖိုင္နယ္အဆင့္ကို ျပန္လည္တက္ေရာက္ႏိုင္မွာလည္းျဖစ္ပါတယ္။