တပည့်အရင်း လမ်းပတ် အလုပ်ထုတ်ခံရလို့ ရင်ကွဲနေတဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရာထူးကနေ ပြုတ်တော့မယ်၊ ပြုတ်တော့မယ်ဆိုပြီး အသံထွက်နေတဲ့ လမ်းပတ်တစ်ယောက် မနေ့တုန်းကတော့ အထုတ်ခံလိုက်ရပါပြီ။ ချဲလ်ဆီး အသင်း ဟာ မနေ့ကပဲ အသင်း ကို ၁၈လခန့် ကိုင်တွယ်လာတဲ့ မန်နေဂျာ လမ်းပတ် ကို ရာထူးကနေထုတ်ပယ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆု ၃ကြိမ် တိုင်တိုင် ဆွတ်ခူးစေခဲ့တဲ့၊ လမ်းပတ်ရဲ့ ဆရာအရင်း တစ်ဦးလည်းဖြစ်တဲ့၊ လက်ရှိမှာစပါးအသင်းရဲ့ နည်းပြ ဖြစ်သူမော်ရင်ဟို ကတော့ သူ့ တပည့်ဟာ အခုအချိန်မှာ သူ အကြံပေးမှာကို နားထောင်ချင်စိတ် ရှိဦးမှာ မဟုတ်ကြောင်း ၊ လမ်းပတ်တစ်ယောက်ရာထူးကနေအထုတ်ခံရတဲ့အတွက် ဝမ်းနည်းကြောင်း ပြောဆိုထားပါတယ်။

“အခုချိန်မှာတော့ သူ့မိသားစုနဲ့လွဲပြီးတော့ လမ်းပတ်အနေနဲ့ ကျွန်တော်နဲ့ရော အခြားသူတွေနဲ့ပါ စကားပြောချင်မယ်မထင်ပါဘူး။ ကျွန်တော့်အတွက်ကတော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူ့အလုပ်ကို ဆုံးရှုံးသွားတဲ့အချိန်တိုင်းမှာ ထပ်တူဝမ်းနည်းခံစားမိပါတယ်။ ပြီးတော့ လမ်းပတ်က ကျွန်တော့်အတွက်လုပ်ဖော်ကိုင်ဖက်တင်မဟုတ်ပါဘူး။”

“သူက ကျွန်တော့်နည်းပြဘဝအတွက်လည်း အရေးပါခဲ့တဲ့ ကစားသမားကောင်းတစ်ဦးပါ။ အဲဒါကြောင့် ကျွန်တော်ပိုပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် ဒါဟာ ဘောလုံး လောက ရဲ့ ရက်စက်ကြမ်းကြုတ်မှုတစ်ခုပါပဲ။ ဘယ်သူပဲဖြစ်ဖြစ်ကလပ် တစ်ခုရဲ့ မန်နေဂျာ ရာထူးကို လက်ခံလိုက်တိုင်းမှာ ရာထူးက အထုတ်ခံရဖို့ အနှေး နဲ့ အမြန် ရောက်လာနိုင်တယ် ဆိုတာကို ကြိုတင် လက်ခံထားရပါမယ်။” လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ချဲလ်ဆီးအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ လမ်းပတ်ဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင် ၂၀၀သန်းကျော်ကို သုံးစွဲခဲ့ပေမယ့် လက်ရှိ ဘောလုံးရာသီ အတွင်းမှာ အသင်းရဲ့ ခြေစွမ်းပိုင်းဟာ မတည်မငြိမ် ဖြစ်နေခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ပွဲမှာ ၂ပွဲသာ အနိုင်ရရှိခဲ့ကာ ၁ပွဲသရေ ၅ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

လက်ရှိမှာတော့ ချဲလ်ဆီးနည်းပြ ရာထူးအတွက်PSG နည်းပြဟောင်း တူချယ်က ရေပန်းစားနေတာပဲဖြစ်ပါတယ်။ တစ်ဖက်မှာတော့ မော်ရင်ဟိုဟာ ချဲလ်ဆီး ၊ အင်တာမီလန် ၊ ရီးရဲလ် မက်ထရစ် ၊ ယူနိုက်တက် ၊ ပေါ်တိုအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ ပြီးတော့ ဒီနေ့ဟာ မော်ရင်ဟိုရဲ့ ၅၈နှစ်ပြည့် မွေးနေ့မင်္ဂလာနေ့လေးပဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi




