တပည့်ဟောင်းမက်ဆီရှိလာတဲ့ PSG ဟာ ရပ်တန့်ဖို့ ခက်တဲ့ အသင်းလို့ ဂွာဒီယိုလာပြောဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့တဲ့ ဒီအပတ် ချန်ပီယံလိဂ်ပွဲမှာ မက်ဆီ ပါဝင်လာမှုနဲ့အတူ ပြိုင်ဘက်ကို ဘယ်လို ရပ်တန့်ရမလဲဆိုတာ မသိတော့ပါဘူးလို့ ဂွာဒီယိုလာက ထုတ်ပြောလာပါတယ်။

ပြင်သစ်လိဂ်မှာ ကြံ့ခိုင်မှု ရုန်းကန်နေရတဲ့ မက်ဆီဟာ မန်စီးတီးနဲ့ပွဲကို ပွဲထွက်လူစာရင်းကနေ ပါဝင်လာဖွယ် ရှိနေကြောင်းကို မန်နေဂျာ ပိုချက်တီနိုက ထုတ်ပြောထားပါတယ်။

မက်ဆီဟာ PSG ရဲ့ ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့ပြီးနောက် တနင်္လာနေ့ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာခဲ့တာဖြစ်ပါတယ်။

” ဘဝမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ခင်ဗျား ကြိုမသိနိုင်ပါဘူး။

မက်ဆီတစ်ယောက် ပဲရစ် မှာ ပျော်ရွှင်နေလိမ့်မယ်လို့ ကျွန်တော် သေချာပေါက်ပြောနိုင်ပါတယ်။

သူ့ရဲ့ကစားသမား ဘဝက ထူးကဲလွန်းခဲ့ပါတယ်။

အကျိုးရှိတဲ့ ပွဲစဉ် တစ်ပွဲ ပိုင်ဆိုင်နိုင်ရေးအတွက် ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ပွဲမှာ သူပါဝင်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ”

” အရည်အသွေးမြင့် ကစားသမားတွေ များပြားနေတဲ့ PSG လိုအသင်းမျိုးကို ဘယ်လို ရပ်တန့်လို့ရမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။

သူတို့ အရမ်းကောင်းကြပါတယ်။

ဒီလောက်အထိ ပါရမီကောင်းတဲ့ ကစားသမားတွေ များပြားနေခြင်းက အရမ်းကို ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ အဖြစ်ပုံဖော်ပေးသွားမှာပါ ”

” သူတို့ မနှစ်က အံ့ဖွယ် အသင်းတစ်သင်း ဖြစ်နိုင်ခဲ့ကြပါတယ်။ ဒါက အရမ်းကြပ်တဲ့ ပွဲတစ်ပွဲ ဖြစ်သွားမှာပါ။

အခု သူတို့ဆီမှာ မက်ဆီလည်း ရှိနေပြီလေ ” လို့ ဂွာဒီယိုလာက ပြောပါတယ်။

ဂွာဒီယိုလာနဲ့ မက်ဆီတို့ဟာ ဘာစီလိုနာမှာ ၄ နှစ်တွဲကစားခဲ့ပြီး ဆုဖလား ၁၄ လုံးထိ အနိုင်ရခဲ့ကာ အဆိုပါ ဖလားတွေထဲမှာ ချန်ပီယံလိဂ်ဖလား ၂ လုံး ပါဝင်ခဲ့ပါတယ်။

ကိုဗစ်ကပ်ဘေး နောက်ပိုင်း မက်ဆီဟာ ဘာစီလိုနာမှာဆက်နေဖို့ မဖြစ်နိုင်တော့ချိန်မှာ မန်စီးတီးထံ ပြောင်းမယ်လို့ သတင်းတွေ ထွက်ခဲ့သေးပေမယ့် နောက်ဆုံးမှာ PSG ကို ရောက်ရှိသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တပည့္​ေဟာင္းမက္ဆီရွိလာတဲ့ PSG ဟာ ရပ္တန္႔ဖို႔ ခက္တဲ့ အသင္းလို႔ ဂြာဒီယိုလာ​ေျပာဆို

PSG နဲ႔ မန္စီးတီးတို႔ ထိပ္တိုက္ေတြ႕တဲ့ ဒီအပတ္ ခ်န္ပီယံလိဂ္ပြဲမွာ မက္ဆီ ပါဝင္လာမႈနဲ႔အတူ ၿပိဳင္ဘက္ကို ဘယ္လို ရပ္တန႔္ရမလဲဆိုတာ မသိေတာ့ပါဘူးလို႔ ဂြာဒီယိုလာက ထုတ္ေျပာလာပါတယ္။ျပင္သစ္လိဂ္မွာ ႀကံ့ခိုင္မႈ ႐ုန္းကန္ေနရတဲ့ မက္ဆီဟာ မန္စီးတီးနဲ႔ပြဲကို ပြဲထြက္လူစာရင္းကေန ပါဝင္လာဖြယ္ ရွိေနေၾကာင္းကို မန္ေနဂ်ာ ပိုခ်က္တီႏိုက ထုတ္ေျပာထားပါတယ္။ မက္ဆီဟာ PSG ရဲ႕ ပြဲစဥ္ ၂ ပြဲကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ တနလၤာေန႔ ေလ့က်င့္ေရးမွာ ျပန္လည္ ပါဝင္လာခဲ့တာျဖစ္ပါတယ္။

” ဘဝမွာ ဘာေတြ ျဖစ္လာမလဲ ဆိုတာကို ခင္ဗ်ား ႀကိဳမသိႏိုင္ပါဘူး။ မက္ဆီတစ္​ေယာက္ ပဲရစ္ မွာ ေပ်ာ္႐ႊင္ေနလိမ့္မယ္လို႔ ကြၽန္​ေတာ္ ေသခ်ာေပါက္ေျပာႏိုင္ပါတယ္။ သူ႔ရဲ႕ကစားသမား ဘဝက ထူးကဲလြန္းခဲ့ပါတယ္။ အက်ိဳးရွိတဲ့ ပြဲစဥ္ တစ္ပြဲ ပိုင္ဆိုင္ႏိုင္ေရးအတြက္ ကြၽန္​ေတာ္တို႔ ရင္ဆိုင္ရမယ့္ ပြဲမွာ သူပါဝင္ဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ေနပါတယ္ ”

” အရည္အေသြးျမင့္ ကစားသမားေတြ မ်ားျပားေနတဲ့ PSG လိုအသင္းမ်ိဳးကို ဘယ္လို ရပ္တန႔္လို႔ရမလဲ ဆိုတာ ကြၽန္ေတာ္ မသိပါဘူး ။ သူတို႔ အရမ္းေကာင္းၾကပါတယ္ ။ ဒီေလာက္အထိ ပါရမီေကာင္းတဲ့ ကစားသမားေတြ မ်ားျပားေနျခင္းက အရမ္းကို ခက္ခဲတဲ့ ပြဲစဥ္တစ္ပြဲ အျဖစ္ပုံ​ေဖာ္ေပးသြားမွာပါ ”

” သူတို႔ မႏွစ္က အံ့ဖြယ္ အသင္းတစ္သင္း ျဖစ္ႏိုင္ခဲ့ၾကပါတယ္ ။ ဒါက အရမ္းၾကပ္တဲ့ ပြဲတစ္ပြဲ ျဖစ္သြားမွာပါ။ အခု သူတို႔ဆီမွာ မက္ဆီလည္း ရွိေနၿပီေလ ” လို႔ ဂြာဒီယိုလာက ​ေျပာပါတယ္။

ဂြာဒီယိုလာနဲ႔ မက္ဆီတို႔ဟာ ဘာစီလိုနာမွာ ၄ ႏွစ္တြဲကစားခဲ့ၿပီး ဆုဖလား ၁၄ လုံးထိ အႏိုင္ရခဲ့ကာ အဆိုပါ ဖလားေတြထဲမွာ ခ်န္ပီယံလိဂ္ဖလား ၂ လုံး ပါဝင္ခဲ့ပါတယ္။ ကိုဗစ္ကပ္ေဘး ေနာက္ပိုင္း မက္ဆီဟာ ဘာစီလိုနာမွာဆက္ေနဖို႔ မျဖစ္ႏိုင္ေတာ့ခ်ိန္မွာ မန္စီးတီးထံ ေျပာင္းမယ္လို႔ သတင္းေတြ ထြက္ခဲ့ေသးေပမယ့္ ေနာက္ဆုံးမွာ PSG ကို ေရာက္ရွိသြားခဲ့ပါတယ္။