တပည့်ကျော် ကရိုးသားလွန်ပြီး အထာနဲ့မနေတတ်တော့ ဆြာမော်ကပြောပြီပေါ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဟိုဆေး မော်ရင်ဟိုက မနေ့ညက လူဒိုဂိုးရက်စ်နဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ပတ်သက်ပြီး လှပတဲ့ အဝေးကန်ချက်နဲ့ ဂိုးရခဲ့တာဟာ မတော်တဆ တိုက်ဆိုင်မှုဖြစ်တယ်လို့ ရိုးသားစွာ ဝန်ခံလိုက်တဲ့ ကွင်းလယ်လူ ဟယ်ရီဝင့်ခ်ရဲ့ မှတ်ချက်စကားကို မကျေနပ်ဘူးဆိုပြီး နောက်ပြောင်သွားခဲ့ပါတယ်။

တော့တင်ဟမ်အသင်းဟာ မနေ့ညက လူဒိုဂိုးရက်စ်နဲ့ ပွဲစဉ်မှာ ၄ဂိုးပြတ် အနိုင်ယူပြီး ၄ပွဲကစားရာမှာ ၉မှတ် ရရှိထားခဲ့ကာ ၃၂သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပါပြီ။

မော်ရင်ဟိုဟာ ဒီပွဲမှာ မန်စီးတီးကို အနိုင်ရတဲ့ပွဲရဲ့ လူစာရင်းက ကစားသမား ၁ဦးကိုသာ ပြန်သုံးလာခဲ့ပြီး ပွဲထွက်၁၁စာရင်းမှာ ၁၀ဦးအထိ ပြောင်းလဲလာခဲ့ကာ ဗင်နီစီးယပ်စ်၊ အယ်လီ၊ ဂါရတ်ဘေးလ်၊ တန်ဂန်ဂါတို့ကို ပွဲထုတ်ခဲ့ပါတယ်။

ဘင်ဖီကာကနေ အငှားရောက်နေတဲ့ တိုက်စစ်မှူး ကားလို့စ်ဗင်နီစီးရပ်စ်ဟာဆိုရင်လည်း မနေ့ညကပွဲမှာ စပါးအသင်းအတွက် သွင်းဂိုး ၂ဂိုးသွင်းယူခဲ့ကာ ခြေစွမ်းပြသခဲ့ပါတယ်။

ပွဲချိန် ၁၆မိနစ်မှာ သူ့ရဲ့စပါးကစားသမားဘဝ ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ ဒယ်လီအလီရဲ့ ပေးပို့မှုကနေ လူဒိုဂရန့်နောက်ခံလူတွေကိုဖြတ်ကျော်ပြီး ဗင်နီစီးရပ်စ်က ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှသွင်းယူသွားခဲ့တာပါ။

ဒုတိယဂိုးကိုတော့ အန်ဒွန်ဘီလီရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ ကွင်းလယ်ကနေ ထိုးဖောက်ပြီး ကန်သွင်းခဲ့ရာ လူဒိုဂရန့်ဂိုးသမားပုတ်ထုတ် ကာကွယ်ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဘယ်တောင်ပံကနေ ဒယ်လီအလီကဂိုးရှေ့ဖြတ်ပို့ပေးလိုက်တဲ့ ဘောလုံးကို အနီးကပ် ပိတ်သွင်းခဲ့တာပါ။

တော့တင်ဟမ်ရဲ့ တတိယမြောက် ဂိုးကတော့ မထင်မှတ်ထားတဲ့ ပုံစံကနေ ပုံမှန်မြင်တွေ့နေကျ မဟုတ်ဘဲ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟယ်ရီဝင့်ခ်ဟာ ဂိုးပေါက်နဲ့ ၅၆ကိုက်အကွာမှာ ဘောလုံးရရှိခဲ့ပြီးနောက် တစ်ချက်တို့ပြီး လှမ်းကန်ခဲ့ရာမှာ ဂိုးပေါက်ထဲ တည့်တည့်မတ်မတ် ဝင်သွားခဲ့တာပါ။

ကွင်းလယ်လူက သူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်နေတဲ့ ပုံစံ ပြခဲ့ပြီး အသင်းဖော်တွေက လာရောက် အောင်ပွဲခံစဉ်မှာ ပြုံးနေခဲ့ပါတယ်။

ပွဲအပြီးမှာ ဟယ်ရီဝင့်ခ်က “ကျွန်တော် ဒီမှာ ဒီလို သွင်းဂိုးမျိုးကို ငါသွင်းလိုက်တာကွလို့ ပြောချင်ပေမဲ့ ဒီဂိုးက ကျွန်တော် လှမ်းကန်လို့ ဝင်သွားတာ မဟုတ်ပါဘူး။ ဂါရတ် ဘေးလ် ပြေးလာတာ မြင်လို့ တင်ပေးလိုက်တာမှာ အရှိန်လွန်သွားခြင်းသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်တော့ ကျွန်တော် ပျော်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

ဟယ်ရီဝင့်ခ်ရဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက “သူက အရမ်းရိုသားလွန်းပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်တေ်ာ မကျေနပ်ပါဘူး။ ဒီလိုဂိုးမျိုးက တမင် ကန်လိုက်တာလို့ ပြောသင့်ပေမဲ့ သူက လူရိုးလေးတစ်ယောက်ဆိုတော့ ဖြစ်စဉ်အမှန်ကို သူ အရိုးသားဆုံး ဝန်ခံသွားခဲ့တာပေါ့”လို့ ပြန်ပြောခဲ့ပါတယ်။

လက်ရှိဘောလုံးရာသီမှာ စပါးအသင်းအတွက် ပွဲကစားချိန် မိနစ်အနည်းငယ်သာ ရရှိနေသေးတဲ့ အပေါ် အနည်းငယ်စိတ်ပျက်နေရတယ်လို့ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲတွေတုန်းကမီဒီယာတွေရှေ့မှာ ဟယ်ရီဝင်ခ့်က ဖွင့်ဟဝန်ခံထားခဲ့သူလည်း ဖြစ်ပါတယ်။

ဒီလိုပွဲမျိုးမှာ သူအတွက်ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့အပြင် လှပတဲ့သွင်းဂိုးတစ်ဂိုးပါရရှိခဲ့တာကြောင့် ဟယ်ရီဝင့်ခ်က အတော်ကိုဂုဏ်ယူနေပြီး အခွင့်အရေးရတဲ့အချိန်မှာ ဒီလိုမျိုး ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုရဲ့ စပါးအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပရီမီးယားပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ပွဲကို စတန်းဖို့ဘရစ်ချ်မှာ သွားရောက်ရင်ဆိုင်ရဖို့ လည်း ရှိနေပါတယ်။ မော်ရင်ဟိုအတွက် အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမှာဖြစ်သလို ဒီရာသီအစမှာ ကာရာဘောင်းမှာ အနိုင်ယူထားခဲ့ပြီး ပြီးခဲ့တဲ့ရာသီက လမ်းပတ်နဲ့ရင်ဆိုင်အတွေ့မှာအိမ်ကွင်းကောအဝေးကွင်းမှာပါ(၂) ကျော့ စလုံးရှုံးနိမ့်ထားခဲ့တဲ့ ပရီးမီးယားလိဂ်ရှုံးကြွေးကို ပြန်ဆပ်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။