
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အိုဒီဂတ်ကို ခေါ်ယူဖို့ သဘောတူညီမှုရပြီး နောက်တစ်ရက်မှာပဲ ဂိုးသမား ရမ်စ်ဒေးလ်အတွက်လည်း ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပါတယ်။
အာဆင်နယ်ခေါ်လိုက်တာ စပယ်ရှယ်ဂိုးသမားပါ။ ရမ်စ်ဒေးလ်ဟာ မတူညီတဲ့ အသင်း (၃) သင်းနဲ့ တန်း (၃) ခါဆင်းဖူးတဲ့ ဂိုးသမားပါ။
ရမ်စ်ဒေးလ် ရှက်ဖီးယူနိုက်တက်အသင်းကို စစရောက်ချင်း ပထမဆုံးရာသီမှာပဲ ရှက်ဖီးယူနိုက်တက်တို့ ပရီးမီးယားလိဂ်က တန်းဆင်းခဲ့ရဖူးပါတယ်။
အဲဒီနောက် ရမ်စ်ဒေးလ်ဟာ လိဂ်တူးက ချက်စတာဖီးလ်အသင်းကို အငှားနဲ့ သွားကစားခဲ့ပြီး အသင်းသစ်နဲ့ ပထမဆုံးပွဲဦးထွက်မှာပဲ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သလို ရာသီကုန်မှာလည်း ချက်စတာဖီးလ်အသင်းက လိဂ်တူးကနေ နေရှင်နယ်လိဂ်ကို တန်းဆင်းသွားခဲ့ရပါတယ်။
ဒါနဲ့တင် မကျေနပ်သေးပါဘူး။ တန်းဆင်း ဝါသနာပါသူ ဂိုးသမားဟာ ဘုန်းမောက်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ဘုန်းမောက်အသင်းနဲ့အတူ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ပထမဆုံးရာသီမှာပဲ ဘုန်းမောက်အသင်း ပရီးမီးယားလိဂ်က တန်းဆင်းခဲ့ရပြန်ပါတယ်။
အဲဒီနောက်(၂၀၂၀) ခုနှစ်မှာတော့ ရမ်စ်ဒေးလ်ဟာ ရှက်ဖီးယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၁၈.၅) သန်း၊ (၄) နှစ်စာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိအချိန်မှာ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ရမ်စ်ဒေးလ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၄သန်း + အပိုဆုကြေး ယူရို ၆သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ရမ်စ်ဒေးလ်ကို ၄နှစ် + ၁နှစ် ထပ်မံ သက်တမ်းတိုးခွင့် ပါဝင်တဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ အမှားအယွင်းတွေ များနေတဲ့ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား လေနိုကို ယှဉ်ပြိုင်ဖို့ အတွက် သမိုင်းကြောင်းကောင်းတဲ့ အသက် ၂၃နှစ် အရွယ် ဂိုးသမား ရမ်စ်ဒေးလ်ကို ခေါ်ခဲ့တာဖြစ်ပြီး အခုတော့ ပရိသတ်တွေက မကြိုက်တဲ့ အပြင် ရင်တမမ ဖြစ်နေရပါတယ်။
အာဆင်နယ်ဟာ ဒီနွေမှာ ဘမ်ဝိုက်အတွက် ပေါင် သန်း ၅၀၊ လိုကွန်ဂါအတွက် ပေါင် ၁၈ သန်း၊ တာဘာရိစ်အတွက် ပေါင် ၇ သန်း၊ အိုဒီဂတ်အတွက် ပေါင် ၃၄ သန်းနဲ့ ရမ်စ်ဒေးလ်အတွက်
ပေါင် သန်း ၃၀ စုစုပေါင်း ပေါင် ၁၃၉ သန်း အကုန်အကျခံ ခေါ်ယူထားပြီး လူငယ်ကွင်းလယ်လူ ဝယ်လော့ကို ပေါင် ၂၅ သန်းဖြင့် ရောင်းထုတ်ထားတာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
တန္းဆင္းဝါသနာပါတဲ့ ဂိုးသမားကို ေခၚၿပီး အာဆင္နယ္ ဘာျဖစ္ခ်င္တာလဲ?
အာဆင္နယ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ အိုဒီဂတ္ကို ေခၚယူဖို႔ သေဘာတူညီမႈရၿပီး ေနာက္တစ္ရက္မွာပဲ ဂိုးသမား ရမ္စ္ေဒးလ္အတြက္လည္း ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ ရခဲ့ပါတယ္။
အာဆင္နယ္ေခၚလိုက္တာ စပယ္ရွယ္ဂိုးသမားပါ။ ရမ္စ္ေဒးလ္ဟာ မတူညီတဲ့ အသင္း (၃) သင္းနဲ႔ တန္း (၃) ခါဆင္းဖူးတဲ့ ဂိုးသမားပါ။ ရမ္စ္ေဒးလ္ ရွက္ဖီးယူႏိုက္တက္အသင္းကို စစေရာက္ခ်င္း ပထမဆုံးရာသီမွာပဲ ရွက္ဖီးယူႏိုက္တက္တို႔ ပရီးမီးယားလိဂ္က တန္းဆင္းခဲ့ရဖူးပါတယ္။
အဲဒီေနာက္ ရမ္စ္ေဒးလ္ဟာ လိဂ္တူးက ခ်က္စတာဖီးလ္အသင္းကို အငွားနဲ႔ သြားကစားခဲ့ၿပီး အသင္းသစ္နဲ႔ ပထမဆုံးပြဲဦးထြက္မွာပဲ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့သလို ရာသီကုန္မွာလည္း ခ်က္စတာဖီးလ္အသင္းက လိဂ္တူးကေန ေနရွင္နယ္လိဂ္ကို တန္းဆင္းသြားခဲ့ရပါတယ္။
ဒါနဲ႔တင္ မေက်နပ္ေသးပါဘူး။ တန္းဆင္း ဝါသနာပါသူ ဂိုးသမားဟာ ဘုန္းေမာက္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ဘုန္းေမာက္အသင္းနဲ႔အတူ ျဖတ္သန္းခဲ့တဲ့ သူ႔ရဲ႕ပထမဆုံးရာသီမွာပဲ ဘုန္းေမာက္အသင္း ပရီးမီးယားလိဂ္က တန္းဆင္းခဲ့ရျပန္ပါတယ္။
အဲဒီေနာက္(၂၀၂၀) ခုႏွစ္မွာေတာ့ ရမ္စ္ေဒးလ္ဟာ ရွက္ဖီးယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ (၁၈.၅) သန္း၊ (၄) ႏွစ္စာခ်ဳပ္နဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့ၿပီး လက္ရွိအခ်ိန္မွာ အာဆင္နယ္အသင္းကို ေရာက္ရွိလာခဲ့တာပါ။
အာဆင္နယ္အသင္းဟာ ရမ္စ္ေဒးလ္ကို ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၄သန္း + အပိုဆုေၾကး ယူ႐ို ၆သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့တာ ျဖစ္ၿပီး ရမ္စ္ေဒးလ္ကို ၄ႏွစ္ + ၁ႏွစ္ ထပ္မံ သက္တမ္းတိုးခြင့္ ပါဝင္တဲ့ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုဖို႔ ရွိေနပါတယ္။
အာဆင္နယ္အသင္းဟာ အမွားအယြင္းေတြ မ်ားေနတဲ့ အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမား ေလႏိုကို ယွဥ္ၿပိဳင္ဖို႔ အတြက္ သမိုင္းေၾကာင္းေကာင္းတဲ့ အသက္ ၂၃ႏွစ္ အ႐ြယ္ ဂိုးသမား ရမ္စ္ေဒးလ္ကို ေခၚခဲ့တာျဖစ္ၿပီး အခုေတာ့ ပရိသတ္ေတြက မႀကိဳက္တဲ့ အျပင္ ရင္တမမ ျဖစ္ေနရပါတယ္။
အာဆင္နယ္ဟာ ဒီေႏြမွာ ဘမ္ဝိုက္အတြက္ ေပါင္ သန္း ၅၀၊ လိုကြန္ဂါအတြက္ ေပါင္ ၁၈ သန္း၊ တာဘာရိစ္အတြက္ ေပါင္ ၇ သန္း၊ အိုဒီဂတ္အတြက္ ေပါင္ ၃၄ သန္းနဲ႔ ရမ္စ္ေဒးလ္အတြက္ ေပါင္ သန္း ၃၀ စုစုေပါင္း ေပါင္ ၁၃၉ သန္း အကုန္အက်ခံ ေခၚယူထားၿပီး လူငယ္ကြင္းလယ္လူ ဝယ္ေလာ့ကို ေပါင္ ၂၅ သန္းျဖင့္ ေရာင္းထုတ္ထားတာျဖစ္ပါတယ္။