တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာ ရောက်လာတဲ့ ယူနိုက်တက်ရဲ့ တစ်ရိပ်ရိပ်ကျဆင်းမှု (နယူးကာဆယ် ၁-၀ ယူနိုက်တက် ပွဲပြီးမြင်ကွင်းကျယ်)

Photo Credit

Photo Credit

ပြီးခဲ့တဲ့နွေရာသီအတွင်း ယူနိုက်တက်ရဲ့ပစ်မှတ်ဖြစ်ခဲ့တဲ့ ကွင်းလယ်လူရှောင်လောင်းစတပ်ဖ်ဟာ ပထမပိုင်းအပြီး အခွင့်အရေးဖန်တီးနိုင်မှု ၄ကြိမ်အထိရှိခဲ့ရာ ယူနိုက်တက်တစ်သင်းလုံးပေါင်း အခွင့်အရေးဖန်တီးနိုင်မှုထက်တောင် ၁ကြိမ်ပိုများခဲ့ပါတယ်။

Photo Credit

ဒီပွဲမှာအနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မက်သရူးလောင်းစတပ်ဖ်ကတော့ အသက် ၁၉နှစ်နဲ့ နယူးကာဆယ်အသင်းသမိုင်တးစ်လျှောက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်တဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာပါတယ်။

Photo Credit

နယူးကာဆယ်အသင်းဟာ တောင်ပံကစားသမား မက်ဆီမင်နဲ့ ဝီလျံတို့ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အနိုင်ဂိုးကလည်း ဝီလျံပြန်ချပေးတာကို အဝေးကနေ မက်သရူးလောင်းစတပ်ဖ်က ခြေခုံနဲ့အုပ်ကန်ကာ သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit

နယူးကာဆယ်က ဒီပွဲရဲ့ပထမဆုံးဂိုးပေါက်တည့်မှုကနေ အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ယူနိုက်တက်တိုက်စစ်ပိုင်း ဘယ်လောက်အထိ ရုန်းကန်ခဲ့ရသလိုဆိုရင် နယူးကာဆယ်အသင်းဂိုးဧရိယာထဲ ဘောလုံးထိတွေ့မှုအများဆုံးကစားသမားက နောက်ခံလူ မက်ဂွိုင်းယားဖြစ်နေတာနဲ့တင် သိသာပါတယ်။

Photo Credit

ယူနိုက်တက်ဟာ အခုဆိုရင် ဆိုးလ်ရှားလက်ထက်မှာ ပရီးမီးယားလိဂ် ၇ပွဲအထိ ရှုံးနိမ့်ထားပြီးဖြစ်ရာ သူတို့ထက် ရှုံးပွဲပိုများတဲ့အသင်းဆိုလို့ ဝက်ဖို့ဒ်(၁၀ပွဲ)၊ ဘရိုက်တန်(၉ပွဲ)နဲ့ ဆောက်သမ်တန် (၈ပွဲ)တို့ပဲ ရှိပါတော့တယ်။

Photo Credit

နောက်ပြီး ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သူတို့အတွက် အဝေးကွင်းနိုင်ပွဲဆက်တိုက်ပျောက်မှုအရှည်ကြာဆုံးအဖြစ် ၈ပွဲနဲ့ စံချိန်တင်သွားရပြီး ၁၁ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရတဲ့ ၁၉၈၈ နောက်ပိုင်း အဆိုးရွားဆုံးစံချိန်လည်းဖြစ်လာပါတယ်။

Photo Credit

မတ်လနောက်ပိုင်း အင်္ဂလိပ်ထိပ်တန်းလိဂ် ၄ခုအနက် အဝေးကွင်းနိုင်ပွဲမရသေးတဲ့အသင်း ၅သင်းရှိနေပြီး ယိုဗီးလ်တောင်း၊ စကန်သော့ပ်၊ ဘန်စလေ၊ တော့တင်ဟမ်နဲ့ ယူနိုက်တက်တို့ဖြစ်ပါတယ်။ ပြီးတော့ ယူနိုက်တက်ဟာ တန်းဆင်းဇုန်နဲ့ ၂မှတ်ပဲ ကွာတော့တဲ့အထိ အခြေအနေဆိုးရွားနေပါတယ်။

 

Photo Credit ; Goal

တိုက်စစ်ပိုင်းကလည်း အဖွင့်ပွဲနောက်ပိုင်း တစ်ပွဲမှာ တစ်ဂိုးထက်ပိုသွင်းနိုင်တဲ့ပွဲမရှိသေးသလို ဒီပွဲရဲ့အကောင်းဆုံးဂိုးသွင်းခွင့် ရခဲ့တာကလည်း တိုက်စစ်ကစားသမားတွေမဟုတ်ဘဲ နောက်ခံလူမက်ဂွိုင်းယားဖြစ်ပြီး အပိုင်ခေါင်းတိုက်ခွင့်ရပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြအဖြစ် ဆိုးလ်ရှား ခန့်အပ်ခံရပြီးနောက်ပိုင်း လီဗာပူးအသင်းက ပရီးမီးယားလိဂ်မှာ ၁၇ပွဲအထိအနိုင်ရထားချိန်မှာ ယူနိုက်တက်ကတော့ ၁၇ မှတ်သာရရှိခဲ့ပြီး နောက်တစ်ပွဲကလည်း အိုးလ်ထရက်ဖို့ဒ်မှာ အမှတ်ပေးဇယားထိပ်ဆုံးက ပွဲတိုင်းနိုင်လီဗာပူးကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

တန္းဆင္းဇုန္နဲ႔ ၂ မွတ္အကြာ ေရာက္လာတဲ့ ယူႏိုက္တက္ရဲ႕ တစ္ရိပ္ရိပ္က်ဆင္းမႈ (နယူးကာဆယ္ ၁-၀ ယူႏိုက္တက္ ပြဲၿပီးျမင္ကြင္းက်ယ္)

ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ယူႏုိက္တက္ရဲ႕ပစ္မွတ္ျဖစ္ခဲ့တဲ့ ကြင္းလယ္လူေရွာင္ေလာင္းစတပ္ဖ္ဟာ ပထမပိုင္းအၿပီး အခြင့္အေရးဖန္တီးႏိုင္မႈ ၄ႀကိမ္အထိရွိခဲ့ရာ ယူႏိုက္တက္တစ္သင္းလုံးေပါင္း အခြင့္အေရးဖန္တီးႏိုင္မႈထက္ေတာင္ ၁ႀကိမ္ပိုမ်ားခဲ့ပါတယ္။
ဒီပြဲမွာအႏိုင္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ မက္သ႐ူးေလာင္းစတပ္ဖ္ကေတာ့ အသက္ ၁၉ႏွစ္နဲ႔ နယူးကာဆယ္အသင္းသမုိင္တးစ္ေလွ်ာက္ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ဂိုးသြင္းယူႏိုင္တဲ့အသက္အငယ္ဆုံးကစားသမားျဖစ္လာပါတယ္။
နယူးကာဆယ္အသင္းဟာ ေတာင္ပံကစားသမား မက္ဆီမင္နဲ႔ ၀ီလ်ံတို႔ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး အႏိုင္ဂိုးကလည္း ၀ီလ်ံျပန္ခ်ေပးတာကို အေ၀းကေန မက္သ႐ူးေလာင္းစတပ္ဖ္က ေျခခုံနဲ႔အုပ္ကန္ကာ သြင္းယူခ့ဲတာျဖစ္ပါတယ္။
နယူးကာဆယ္က ဒီပြဲရဲ႕ပထမဆုံးဂိုးေပါက္တည့္မႈကေန အႏိုင္ဂုိးသြင္းယူခဲ့တာျဖစ္ၿပီး ယူႏိုက္တက္တုိက္စစ္ပိုင္း ဘယ္ေလာက္အထိ ႐ုန္းကန္ခဲ့ရသလိုဆုိရင္ နယူးကာဆယ္အသင္းဂိုးဧရိယာထဲ ေဘာလုံးထိေတြ႕မႈအမ်ားဆုံးကစားသမားက ေနာက္ခံလူ မက္ဂြိဳင္းယားျဖစ္ေနတာနဲ႔တင္ သိသာပါတယ္။
ယူႏိုက္တက္ဟာ အခုဆုိရင္ ဆုိးလ္ရွားလက္ထက္မွာ ပရီးမီးယားလိဂ္ ၇ပြဲအထိ ႐ံႈးနိမ့္ထားၿပီးျဖစ္ရာ သူတုိ႔ထက္ ႐ံႈးပဲြပိုမ်ားတဲ့အသင္းဆုိလုိ႔ ၀က္ဖို႔ဒ္(၁၀ပြဲ)၊ ဘ႐ိုက္တန္(၉ပြဲ)နဲ႔ ေဆာက္သမ္တန္ (၈ပြဲ)တုိ႔ပဲ ရွိပါေတာ့တယ္။
ေနာက္ၿပီး ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ သူတုိ႔အတြက္ အေ၀းကြင္းႏိုင္ပြဲဆက္တုိက္ေပ်ာက္မႈအရွည္ၾကာဆုံးအျဖစ္ ၈ပဲြနဲ႔ စံခ်ိန္တင္သြားရၿပီး ၁၁ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ရတဲ့ ၁၉၈၈ ေနာက္ပိုင္း အဆုိးရြားဆုံးစံခ်ိန္လည္းျဖစ္လာပါတယ္။
မတ္လေနာက္ပိုင္း အဂၤလိပ္ထိပ္တန္းလိဂ္ ၄ခုအနက္ အေ၀းကြင္းႏိုင္ပြဲမရေသးတဲ့အသင္း ၅သင္းရွိေနၿပီး ယုိဗီးလ္ေတာင္း၊ စကန္ေသာ့ပ္၊ ဘန္စေလ၊ ေတာ့တင္ဟမ္နဲ႔ ယူႏုိက္တက္တုိ႔ျဖစ္ပါတယ္။ ၿပီးေတာ့ ယူႏုိက္တက္ဟာ တန္းဆင္းဇုန္နဲ႔ ၂မွတ္ပဲ ကြာေတာ့တဲ့အထိ အေျခအေနဆုိးရြားေနပါတယ္။
တုိက္စစ္ပိုင္းကလည္း အဖြင့္ပြဲေနာက္ပိုင္း တစ္ပြဲမွာ တစ္ဂိုးထက္ပိုသြင္းႏိုင္တဲ့ပြဲမရွိေသးသလို ဒီပြဲရဲ႕အေကာင္းဆုံးဂိုးသြင္းခြင့္ ရခဲ့တာကလည္း တုိက္စစ္ကစားသမားေတြမဟုတ္ဘဲ ေနာက္ခံလူမက္ဂြိဳင္းယားျဖစ္ၿပီး အပိုင္ေခါင္းတုိက္ခြင့္ရေပမယ့္ ဂိုးေပါက္နဲ႔ လဲြေခ်ာ္သြားခဲ့ပါတယ္။
ယူႏုိက္တက္ရဲ႕အၿမဲတမ္းနည္းျပအျဖစ္ ဆုိးလ္ရွား ခန႔္အပ္ခံရၿပီးေနာက္ပိုင္း လီဗာပူးအသင္းက ပရီးမီးယားလိဂ္မွာ ၁၇ပြဲအထိအႏိုင္ရထားခ်ိန္မွာ ယူႏုိက္တက္ကေတာ့ ၁၇ မွတ္သာရရွိခဲ့ၿပီး ေနာက္တစ္ပဲြကလည္း အုိးလ္ထရက္ဖုိ႔ဒ္မွာ အမွတ္ေပးဇယားထိပ္ဆုံးက ပြဲတုိင္းႏိုင္လီဗာပူးကို ဧည့္ခံကစားရမွာျဖစ္ပါတယ္။