
photo-daily mail
photo-PA
မာဆေးဆိုဒ်ဒါဘီရှုံးပွဲအပြီး တန်းဆင်းဇုန်ထဲရောက်သွားပြီးတဲ့နောက်မှာတော့ အဲဗာတန်အသင်းဟာ သူတို့ရဲ့နည်းပြမာကိုဆေးလ်ဗားကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒါကြောင့်လည်း အဲဒီပေါ်တူဂီသားနည်းပြရဲ့ ၁၈ လကြာ အဲဗာတန်နည်းပြဘဝဟာ အဆုံးသတ်သွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက မြို့ခံပြိုင်ဘက်လီဗာပူးကို ၅-၂ ဂိုးနဲ့ရှုံးခဲ့တာဟာ အဲဗာတန်ရဲ့ဒီရာသီ ၉ ပွဲမြောက် ရှုံးပွဲဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ် ၃ ပွဲဆက်အရှုံးကြောင့်လည်း အမှတ်ပေးဇယားမှာ အဆင့် ၁၈ နေရာအထိ ဆင်းလိုက်ရပါတယ်။
photo-reuters
မာကိုဆေးလ်ဗားဟာ ၂၀၁၈ မေလက အဲဗာတန်ကို စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး သူ့လက်ထက် ပွဲ ၆၀ မှာ ၂၄ ပွဲနိုင်၊ ၂၄ ပွဲရှုံးခဲ့တာပါ။ သူ့လက်ထက်မှာ အဲဗာတန်ဟာ တိုးတက်လာခြင်းမရှိဘဲ ရလဒ်ဆိုးတွေကြောင့်လည်း ဒီရာသီမှာ ထုတ်ပယ်ခံရတဲ့ ၅ ယောက်မြောက် ပရီးမီးယားလိဂ်နည်းပြဖြစ်လာပါတယ်။ လောလောဆယ်တော့ လာမယ့်ချဲလ်ဆီးနဲ့ပရီးမီးယားလိဂ်ပွဲအတွက် အသင်းဂန္ထဝင်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဒန်ကန်ဖာဂူဆန်က ယာယီကိုင်တွယ်ပေးသွားမှာပါ။ ဒါ့အပြင် နည်းပြသစ် အမြန်ဆုံးရှာဖွေသွားမယ်လို့လည်း အဲဗာတန်က ကြေညာထားပါတယ်။
photo-gettyimages
လက်ရှိမှာတော့ အသင်းနည်းပြဟောင်းတစ်ယောက်ဖြစ်တဲ့ ဒေးဗစ်မိုယက်စ်ဟာ အဲဗာတန်ကိုပြန်ရောက်ဖို့ ရေပန်းစားနေပါတယ်။ မိုယက်စ်ဟာ ၂၀၀၂ မတ်လကနေ ၂၀၁၃ မေလအထိ အဲဗာတန်ကို ကာလရှည်ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်စူပါလိဂ်ကလပ်ဖြစ်တဲ့ ရှန်ဟိုင်းSIPG က နည်းပြဗစ်တာပါရဲရားနဲ့လည်း သတင်းထွက်နေပါတယ်။
[Zawgyi]
တန္းဆင္းဇုန္ထဲေရာက္သြားၿပီးတဲ့ေနာက္ နည္းျပမာကိုေဆးလ္ဗားကိုထုတ္ပယ္လုိက္တဲ့ အဲဗာတန္
မာေဆးဆိုဒ္ဒါဘီရံႈးပြဲအၿပီး တန္းဆင္းဇုန္ထဲေရာက္သြားၿပီးတဲ့ေနာက္မွာေတာ့ အဲဗာတန္အသင္းဟာ သူတို႔ရဲ႕နည္းျပမာကိုေဆးလ္ဗားကို ရာထူးကေန ထုတ္ပယ္လုိက္ပါတယ္။ ဒါေၾကာင့္လည္း အဲဒီေပၚတူဂီသားနည္းျပရဲ႕ ၁၈ လၾကာ အဲဗာတန္နည္းျပဘ၀ဟာ အဆုံးသတ္သြားခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ဗုဒၶဟူးညက ၿမိဳ႕ခံၿပိဳင္ဘက္လီဗာပူးကို ၅-၂ ဂိုးနဲ႔ရႈံးခဲ့တာဟာ အဲဗာတန္ရဲ႕ဒီရာသီ ၉ ပြဲေျမာက္ ရႈံးပြဲျဖစ္လာခဲ့ၿပီး ပရီးမီးယားလိဂ္ ၃ ပြဲဆက္အရႈံးေၾကာင့္လည္း အမွတ္ေပးဇယားမွာ အဆင့္ ၁၈ ေနရာအထိ ဆင္းလုိက္ရပါတယ္။
မာကိုေဆးလ္ဗားဟာ ၂၀၁၈ ေမလက အဲဗာတန္ကို စတင္္တာ၀န္ယူကိုင္တြယ္ခဲ့ၿပီး သူ႔လက္ထက္ ပြဲ ၆၀ မွာ ၂၄ ပြဲႏိုင္၊ ၂၄ ပြဲရႈံးခဲ့တာပါ။ သူ႔လက္ထက္မွာ အဲဗာတန္ဟာ တုိးတက္လာျခင္းမရွိဘဲ ရလဒ္ဆိုးေတြေၾကာင့္လည္း ဒီရာသီမွာ ထုတ္ပယ္ခံရတဲ့ ၅ ေယာက္ေျမာက္ ပရီးမီးယားလိဂ္နည္းျပျဖစ္လာပါတယ္။ ေလာေလာဆယ္ေတာ့ လာမယ့္ခ်ဲလ္ဆီးနဲ႔ပရီးမီးယားလိဂ္ပြဲအတြက္ အသင္းဂႏၳ၀င္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ဒန္ကန္ဖာဂူဆန္က ယာယီကိုင္တြယ္ေပးသြားမွာပါ။ ဒါ့အျပင္ နည္းျပသစ္ အျမန္ဆုံးရွာေဖြသြားမယ္လုိ႔လည္း အဲဗာတန္က ေၾကညာထားပါတယ္။
လက္ရွိမွာေတာ့ အသင္းနည္းျပေဟာင္းတစ္ေယာက္ျဖစ္တဲ့ ေဒးဗစ္မုိယက္စ္ဟာ အဲဗာတန္ကိုျပန္ေရာက္ဖို႔ ေရပန္းစားေနပါတယ္။ မိုယက္စ္ဟာ ၂၀၀၂ မတ္လကေန ၂၀၁၃ ေမလအထိ အဲဗာတန္ကို ကာလရွည္ကုိင္တြယ္ခဲ့ဖူးသူျဖစ္ပါတယ္။ ဒါ့အျပင္ တရုတ္စူပါလိဂ္ကလပ္ျဖစ္တဲ့ ရွန္ဟိုင္းSIPG က နည္းျပဗစ္တာပါရဲရားနဲ႔လည္း သတင္းထြက္ေနပါတယ္။