
မန်ယူအသင်းဟာ ၂၀၂၃ ခုနှစ် အကုန်အထိ ကစားရမယ့်ပွဲအရေ အတွက်ဟာ ပြိုင်ပွဲစုံ ၁၀ ပွဲ ရှိနေပါတယ်။
ပြီးသွားခဲ့ပြီဖြစ်တဲ့ နိုင်ငံတကာ သီတင်းပတ်မတိုင်ခင် လူတန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့လို့
ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာကို ရောက်လာပြီဖြစ်ပေမဲ့လည်း
မန်ယူ ရဲ့ အနေအထားဟာ တည်ငြိမ်တယ်လို့ မဆိုသာသေးပါဘူး။
ဒီနေရာမှာ မန်ယူရဲ့ ၂၀၂၃ ခုနှစ်အတွက် လက်ကျန် ၁၀ ပွဲထဲ ၆ ပွဲဟာ
နည်းပြအဲရစ် တန်ဟတ်ရဲ့ အနာဂတ်ကိုပါ အတိအကျ ဆုံးဖြတ်ပေးမယ့်
ပွဲစဉ်တွေ ဖြစ် လာတော့မယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
အခု တစ်ပတ်မှာ ကစားမယ့် အဲဗာတန်နဲ့ပွဲဆိုရင် အဝေးကွင်းပွဲစဉ်ဖြစ်တဲ့အပြင်
မာဆေးဆိုဒ်အသင်း ဟာ ၁၀ မှတ်လျှော့ခံထားရလို့ အားကုန်ရုန်းတော့မှာ ဖြစ်ပါတယ်။
အဲဒီနောက် ၃ ရက်အကြာမှာဆိုရင်တော့ ယူနိုက်တက်ဟာ သေမင်းခံတွင်းဝကို
ဖြတ် လျှောက်ဖို့အတွက် တူရကီကိုသွားပြီး ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရမှာပါ။
အဲဒီနောက် ဒီဇင်ဘာ ၂ ရက်နေ့မှာဆိုရင်တော့ နယူးကာ ဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲကို
အကြိတ်အနယ်ကစားရဖို့ရှိပြီး ထိပ်ဆုံး ၄ သင်းနေရာအတွက် အားကုန်ရုန်းနေတဲ့
နည်းပြအက်ဒီဟောင်ရဲ့ အသင်း ဟာ မန်ယူအတွက် တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာတော့ မှာပါ။
ဒီလောက်နဲ့တင်လားဆိုတော့လည်း မပြီးသေးဘဲ ဒီဇင်ဘာ ၇ ရက်နေ့မှာ လန်ဒန်အင်အားကြီး ချဲလ်ဆီးနဲ့ စီးချင်းထိုးရဦးမှာပါ။
ဒီပွဲပြီး သွားရင်တော့ ယူနိုက်တက်ဟာ ဂျာမန်ထိပ်သီး ဘိုင်ယန်ကို အိုးလ်ထရက် ဖို့ဒ်မှာ ဧည့်ခံရဦးမှာ ဖြစ်ပါတယ်။
အဲဒီနောက် ၅ ရက်အကြာမှာပဲ လီဗာပူးရဲ့ အန်ဖီးလ်ကွင်းကို ပရီးမီးယားလိဂ် ပွဲကစားဖို့ သွားရမှာ ဖြစ်ပြီး
ဒီလို အရေးကြီးတဲ့ ပွဲစဉ် ၆ ပွဲမှာ နည်းပြအဲရစ်တန်ဟတ်အနေနဲ့ ရလဒ်ကောင်းတွေ ရခဲ့တယ်ဆိုရင် တော့
နယ်သာလန်သားနည်းပြကို အိုးလ်ထရက်ဖို့ဒ်မှာ ၂၀၂၄ ခုနှစ်အထိ ဆက်မြင်ရမှာဖြစ်ပြီး
ရလဒ်မကောင်းဘူးဆိုရင်တော့ မန်ယူနည်းပြရာထူး ဟာ အပြောင်းအလဲ ဖြစ်သွားနိုင်တာမျိုး ရှိနေပါတယ်။
ဒါကြောင့် အခု ပြောတဲ့ အရေးကြီးပွဲစဉ် ၆ ပွဲမှာတော့ မန်ယူနည်းပြ တန်ဟတ်အနေနဲ့
ကစားမလား နားမလားဆိုတာ စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။