တန်ဖိုးကြီးမားတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ မန်ချက်စတာ နှစ်သင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိဘောလုံးလောကတွင် မန်စီးတီးအသင်းရဲ့ လူစာရင်းမှာ တန်ဖိုးအကြီးဆုံးအဖြစ် ဆက်လက်ရပ်တည်နေကြောင်း သိရပါတယ်။

အဆိုပါလူစာရင်းတန်ဖိုးမှာ ကစားသမားခေါ်ယူရာတွင် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးအပေါ် အခြေခံတွက်ချက်ခြင်းဖြစ်ပြီး အပိုထပ်ဆောင်းပေးရမယ့် Add-ons ကြေးများ ပါဝင်ခြင်းမရှိကြောင်းလည်း သိရပါတယ်။

မန်စီးတီးရဲ့ လက်ရှိလူစာရင်းဟာ ကာလတန်ကြေး ပေါင် ၉၂၆ သန်း အသုံးချ ခေါ်ယူထားရမှုနဲ့အတူ ဥရောပဘောလုံးလောကရဲ့ ဈေးအကြီးဆုံး စုဖွဲ့မှုအဖြစ် အနီးကပ်ပြိုင်ဘက် ယူနိုက်တက်ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ရာသီက မန်စီးတီးနှင့် ယူနိုက်တက် အသင်းတို့ကြား တန်ဖိုးကွာဟချက် (၁၆၅)သန်းရှိခဲ့ပြီး ယခုရာသီတွင် (၄၉)သန်းသာ ရှိပါတော့တယ်။

ပရီးမီးယားလိဂ်အသင်းများအနက် တန်ဖိုးအနည်းဆုံးမှာ နောဝစ်ချ်အသင်း ပေါင်(၇၅)သန်းဖြစ်ပြီး၊ မန်စီးတီးအသင်းအနေနဲ့ ယင်းအသင်းထက် တန်ဖိုး(၁၂)ဆဝန်းကျင် များပြားနေပါတယ်။

မန်စီးတီးလူစာရင်းမှာ ကစားသမားတစ်ဦးအတွက် ပျှမ်းမျှ ပေါင် ၃၇ သန်းထိ အကုန်အကျ ခံထားရခြင်းဖြစ်ကာ နောက်ဆုံး ခေါ်ယူထားသူကတော့ အက်စတွန်ဗီလာကနေ ပေါင် သန်း ၁၀၀ အကုန်အကျ ခံထားရတဲ့ ဂရီလစ်ပဲ ဖြစ်ပါတယ်။

ယူနိုက်တက်က ဒေါ့မွန်ကနေ ဆန်ချိုအတွက် ပေါင် ၇၃ သန်း၊ ရီးရဲလ်မက်ဒရစ်ကနေ ဗာရန်းအတွက် ပေါင် ၄၂ သန်းနဲ့ ဂျူဗင်တပ်စ်ကနေ ရော်နယ်ဒိုအတွက် ပေါင် ၁၉.၈ သန်းထိ အကုန်အကျခံထားပါတယ်။

လီဗာပူးရဲ့ လူစာရင်း တန်ကြေးက ပေါင် ၅၇၆ သန်းကို ရောက်ရှိနေပြီး မာဆေးဆိုဒ်ကလပ်ဟာ ဒီနွေမှာ ကိုနာတေး တစ်ဦးတည်းကိုပဲ ပေါင် ၃၆ သန်းပေးပြီး ခေါ်ယူထားပါတယ်။

နွေမှာ အသုံးစရိတ် အထုတ်ဆုံး ပရီးမီးယားလိဂ်ကလပ် ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ လူစာရင်း တန်ကြေးက ပေါင် ၅၄၂ သန်းဖြစ်ပြီး စပါးကတော့ ပေါင် ၄၇၂ သန်း ရှိနေတာဖြစ်ပါတယ်။

ထိပ်ဆုံး(၁၀)သင်းစာရင်း၌ ပရီးမီးယားလိဂ်ထိပ်သီးများနှင့်အတူ ပါဝင်ခဲ့တဲ့ အသင်းတွေကတော့ PSG၊ ရီးရဲလ်၊ ဂျူဗင်တပ်စ်နှင့် ဘာစီလိုနာအသင်းတို့ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တန္ဖိုးႀကီးမားတဲ့ လူစာရင္းကို ပိုင္ဆိုင္ထားတဲ့ မန္ခ်က္စတာ ႏွစ္သင္း

လက္ရွိေဘာလုံးေလာကတြင္ မန္စီးတီးအသင္းရဲ႕ လူစာရင္းမွာ တန္ဖိုးအႀကီးဆုံးအျဖစ္ ဆက္လက္ရပ္တည္ေနေၾကာင္း သိရပါတယ္။ အဆိုပါလူစာရင္းတန္ဖိုးမွာ ကစားသမားေခၚယူရာတြင္ ေပးေခ်ခဲ့ရတဲ့ ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုးအေပၚ အေျခခံတြက္ခ်က္ျခင္းျဖစ္ၿပီး အပိုထပ္ေဆာင္းေပးရမယ့္ Add-ons ေၾကးမ်ား ပါဝင္ျခင္းမရွိေၾကာင္းလည္း သိရပါတယ္။

မန္စီးတီးရဲ႕ လက္ရွိလူစာရင္းဟာ ကာလတန္ေၾကး ေပါင္ ၉၂၆ သန္း အသုံးခ် ေခၚယူထားရမႈနဲ႔အတူ ဥေရာပေဘာလုံးေလာကရဲ႕ ေဈးအႀကီးဆုံး စုဖြဲ႕မႈအျဖစ္ အနီးကပ္ၿပိဳင္ဘက္ ယူႏိုက္တက္ကို ေက်ာ္တက္ၿပီး ထိပ္ဆုံးမွာ ဦးေဆာင္ေနပါတယ္။

ၿပီးခဲ့တဲ့ ရာသီက မန္စီးတီးႏွင့္ ယူႏိုက္တက္ အသင္းတို႔ၾကား တန္ဖိုးကြာဟခ်က္ (၁၆၅)သန္းရွိခဲ့ၿပီး ယခုရာသီတြင္ (၄၉)သန္းသာ ရွိပါေတာ့တယ္။ ပရီးမီးယားလိဂ္အသင္းမ်ားအနက္ တန္ဖိုးအနည္းဆုံးမွာ ေနာဝစ္ခ်္အသင္း ေပါင္(၇၅)သန္းျဖစ္ၿပီး၊ မန္စီးတီးအသင္းအေနနဲ႔ ယင္းအသင္းထက္ တန္ဖိုး(၁၂)ဆဝန္းက်င္ မ်ားျပားေနပါတယ္။

မန္စီးတီးလူစာရင္းမွာ ကစားသမားတစ္ဦးအတြက္ ပွ်မ္းမွ် ေပါင္ ၃၇ သန္းထိ အကုန္အက် ခံထားရျခင္းျဖစ္ကာ ေနာက္ဆုံး ေခၚယူထားသူကေတာ့ အက္စတြန္ဗီလာကေန ေပါင္ သန္း ၁၀၀ အကုန္အက် ခံထားရတဲ့ ဂရီလစ္ပဲ ျဖစ္ပါတယ္။

ယူႏိုက္တက္က ေဒါ့မြန္ကေန ဆန္ခ်ိဳအတြက္ ေပါင္ ၇၃ သန္း၊ ရီးရဲလ္မက္ဒရစ္ကေန ဗာရန္းအတြက္ ေပါင္ ၄၂ သန္းနဲ႔ ဂ်ဴဗင္တပ္စ္ကေန ေရာ္နယ္ဒိုအတြက္ ေပါင္ ၁၉.၈ သန္းထိ အကုန္အက်ခံထားပါတယ္။

လီဗာပူးရဲ႕ လူစာရင္း တန္ေၾကးက ေပါင္ ၅၇၆ သန္းကို ေရာက္ရွိေနၿပီး မာေဆးဆိုဒ္ကလပ္ဟာ ဒီေႏြမွာ ကိုနာေတး တစ္ဦးတည္းကိုပဲ ေပါင္ ၃၆ သန္းေပးၿပီး ေခၚယူထားပါတယ္။ ေႏြမွာ အသုံးစရိတ္ အထုတ္ဆုံး ပရီးမီးယားလိဂ္ကလပ္ ျဖစ္တဲ့ အာဆင္နယ္အသင္းရဲ႕ လူစာရင္း တန္ေၾကးက ေပါင္ ၅၄၂ သန္းျဖစ္ၿပီး စပါးကေတာ့ ေပါင္ ၄၇၂ သန္း ရွိေနတာျဖစ္ပါတယ္။

ထိပ္ဆုံး(၁၀)သင္းစာရင္း၌ ပရီးမီးယားလိဂ္ထိပ္သီးမ်ားႏွင့္အတူ ပါဝင္ခဲ့တဲ့ အသင္းေတြကေတာ့ PSG၊ ရီးရဲလ္၊ ဂ်ဴဗင္တပ္စ္ႏွင့္ ဘာစီလိုနာအသင္းတို႔ျဖစ္ပါတယ္။