
Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မနှစ်ကနွေဈေးကွက်တုန်းကတော့ ဒေါ့မွန်က ဆန်ချိုအတွက် ပေါင် ၁၀၈ သန်းဝန်းကျင် သတ်မှတ်ခဲ့သလို ဈေးကွက် အစောပိုင်းမှာပဲ အဲဒီတန် ကြေးနဲ့ ကမ်းလှမ်းရမယ်ဆိုပြီး အသင်းဘက်က လေသံမာခဲ့ပါတယ်။
မနှစ်တုန်းကတော့ ယူနိုက်တက်ဘက်က ဆန်ချိုနဲ့ပတ်သက်ပြီး အသည်းအသန်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သင်္ကြန်အမြောက်ပါပဲ။
မနှစ်က ရာသီအထိ လင်းလက်တောက်ပနေတဲ့ ဆန်ချိုဟာ ဒီရာသီမှာတော့ အားမပြည့်တဲ့မီးလုံးလိုပါပဲ။
အသင်းဖော် ဟာလန်းရဲ့ ခြေစွမ်းကြောင့် ဆန်ချိုတစ်ယောက် ဒုတိယဦးစားပေးအဖြစ်ပဲ စိတ်ဝင်စားခံရပါတော့တယ်။
အခုတော့ ဒေါ့မွန်ဘက်က ဆန်ချိုအတွက် ပေါင် ၇၈ သန်းဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းထုတ်မယ့် အနေအထားမှာရှိနေပါတယ်။
ဒါကအောက်ထစ်ဈေးဖြစ်နိုင်ပြီး၊ အဲဒီတန်ကြေးနောက်မှာ ညှိနှိုင်းချက်တွေတော့ ရှိနိုင်ပါတယ်။
အင်္ဂလန်ကြယ်ပွင့် တောင်ပံတိုက်စစ်ကစားသမားကိုယ်တိုင်ကတော့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ အသင်းတစ်သင်းဆီကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။
အသက်(၂၁)နှစ်အရွယ်ရှိ ဆန်ချိုကို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ် ၊ ယူနိုက်တက်တို့အပါအဝင် စုစုပေါင်း ကလပ်အသင်း(၄)သင်းကနေ ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်နေပါတယ်။
ဒေါ့မွန် အသင်းဟာ ဆန်ချိုကို ရောင်းထုတ်သွားမှာဖြစ်ပေမယ့် နော်ဝေတိုက်စစ်မှူး ဟာလန်းကိုတော့ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။
အခုနှစ်ဈေးကွက်မှာရော ဆန်ချိုတစ်ယောက် နာမည်ကြီး ထမင်းငတ်ဖြစ်အုံးမလား၊ ဒါမှမဟုတ် အရောင်းလာဘ်ပဲပွင့်မလားဆိုတာ စောင့်ကြည့်ကြရအောင်ပါ။
Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
တန်ကြေးကျလာတဲ့ ဆန်ချို အသင်းပြောင်းချင်စိတ်ပြင်းပြနေပြီ