တန်းတက်နောဝစ်ခ်ျကို အရေးနိမ့်ခဲ့လို့ လီဗာပူးနဲ့ ၅မှတ်အထိကွာဟသွားပြီဖြစ်တဲ့ စီးတီး
Photo Credit
Photo Credit
တန်းတက်အသင်းတွေနဲ့ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၂၅ပွဲဆက်ရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့ စီးတီးဟာ ဒီပွဲမှာတော့ အိမ်ရှင်နောဝစ်ခ်ျအသင်းရဲ့ကြိုးစားအားထုတ်မှုကြောင့် မထင်မှတ်ဘဲ အရေးနိမ့်သွားခဲ့ပြီး ရာနှုန်းပြည့်အနိုင်ရရှိနေတဲ့အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့လည်း ၅မှတ်အထိကွာဟသွားခဲ့ရပါတယ်။
Photo Credit
Photo Credit
ဒီပွဲမှာ နောဝစ်ခ်ျအတွက် အဆုံးသတ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့တိုက်စစ်မှူး ပက်ကီကလည်း သူ့ရဲ့ကစားသမားဘ၀တစ်လျှောက် ပထမဆုံးပရီးမီးယားလိဂ်ရာသီမှာပဲ ၅ပွဲကစား ၈ဂိုးပါဝင်ပတ်သက်ခဲ့ပြီး ၆ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးထားတာပါ။
Photo Credit
မန်စီးတီးက ၂၀၁၉ ခုနှစ်အတွင်း ဒုတိယမြောက်လိဂ်ရှုံးပွဲအဖြစ် နောဝစ်ခ်ျကို အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဇန်န၀ါရီလနောက်ပိုင်း စီးတီးရဲ့ပထမဆုံးလိဂ်အရှုံးက ခံစစ်ပိုင်းအမှားတွေကြောင့်ဆိုပေမယ့် နောဝစ်ခ်ျကလည်း နိုင်ပွဲနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုး ပြသသွားနိုင်ခဲ့ပြီး တန်းတက်လာပြီးနောက် ဒုတိယမြောက်အိမ်ကွင်းနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
Photo Credit
နောဝစ်ခ်ျဟာ ဒီပွဲမတိုင်ခင် ကစားသမား ၁၁ယောက်အထိ ဒဏ်ရာရခဲ့တာဖြစ်ပြီး အရန်စာရင်းမှာ လူပြည့်အောင် ဂိုးသမား ၂ဦးထားခဲ့ရတဲ့အထိဖြစ်ခဲ့ပေမယ့် ပွဲချိန် ၁၈မိနစ်မှာပဲ စီးတီးရဲ့အမြင့်ဘောကာကွယ်ပုံအားနည်းမှုကနေ မက္ကလင်းက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
Photo Credit
Photo Credit
Photo Credit
Unicode
တန်းတက်နောဝစ်ချ်ကို အရေးနိမ့်ခဲ့လို့ လီဗာပူးနဲ့ ၅မှတ်အထိကွာဟသွားပြီဖြစ်တဲ့ စီးတီး
တန်းတက်အသင်းတွေနဲ့ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၂၅ပွဲဆက်ရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့ စီးတီးဟာ ဒီပွဲမှာတော့ အိမ်ရှင်နောဝစ်ချ်အသင်းရဲ့ကြိုးစားအားထုတ်မှုကြောင့် မထင်မှတ်ဘဲ အရေးနိမ့်သွားခဲ့ပြီး ရာနှုန်းပြည့်အနိုင်ရရှိနေတဲ့အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့လည်း ၅မှတ်အထိကွာဟသွားခဲ့ရပါတယ်။
စီးတီးရဲ့ပွဲထွက်လူစာရင်းမှာ အဓိကကွင်းလယ်လူ ဒီဘရိုင်း မပါဝင်တာကလွဲလို့ လူစုံနီးပါးထုတ်သုံးခဲ့တာဖြစ်ပေမယ့် တည်ကန်ဘောတွေကို ကာကွယ်ရာမှာ အားနည်းချက်တွေကို မပြင်ဆင်နိုင်သေးလို့ အခုလိုအရေးနိမ့်ခဲ့ရတာပါ။ ပရီးမီးယားလိဂ်မှာ စီးတီးပေးထားရတဲ့နောက်ဆုံး ၉ဂိုးအနက် ၈ဂိုးက တည်ကန်ဘောတွေကနေပေးလိုက်ရတာဖြစ်ပြီး အဲဒီအထဲကမှ ၄ဂိုးက ထောင့်ကန်ဘောကနေ ပေးလိုက်ရတာပါ။
ဒီပွဲမှာ နောဝစ်ချ်အတွက် အဆုံးသတ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့တိုက်စစ်မှူး ပက်ကီကလည်း သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ပထမဆုံးပရီးမီးယားလိဂ်ရာသီမှာပဲ ၅ပွဲကစား ၈ဂိုးပါဝင်ပတ်သက်ခဲ့ပြီး ၆ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးထားတာပါ။
မန်စီးတီးက ၂၀၁၉ ခုနှစ်အတွင်း ဒုတိယမြောက်လိဂ်ရှုံးပွဲအဖြစ် နောဝစ်ချ်ကို အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဇန်နဝါရီလနောက်ပိုင်း စီးတီးရဲ့ပထမဆုံးလိဂ်အရှုံးက ခံစစ်ပိုင်းအမှားတွေကြောင့်ဆိုပေမယ့် နောဝစ်ချ်ကလည်း နိုင်ပွဲနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုး ပြသသွားနိုင်ခဲ့ပြီး တန်းတက်လာပြီးနောက် ဒုတိယမြောက်အိမ်ကွင်းနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
နောဝစ်ချ်ဟာ ဒီပွဲမတိုင်ခင် ကစားသမား ၁၁ယောက်အထိ ဒဏ်ရာရခဲ့တာဖြစ်ပြီး အရန်စာရင်းမှာ လူပြည့်အောင် ဂိုးသမား ၂ဦးထားခဲ့ရတဲ့အထိဖြစ်ခဲ့ပေမယ့် ပွဲချိန် ၁၈မိနစ်မှာပဲ စီးတီးရဲ့အမြင့်ဘောကာကွယ်ပုံအားနည်းမှုကနေ မက္ကလင်းက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
နောက် ၁၀မိနစ်အကြာမှာလည်း စီးတီးအတွက် အဆိုးရွားဆုံးဖြစ်လာခဲ့ပြီး ကွင်းလယ်လူ ရိုဒရီရဲ့အမှားကနေ ပက်ကီ ချပေးလိုက်တာကို ကန့်ဝဲလ်က သွင်းယူနိုင်ခဲ့လို့ ဒုတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ စီးတီးကလည်း ချက်ချင်းဆိုသလို ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ အဂူရိုက ပထမချေပဂိုးမသွင်းခင် စတာလင်းရဲ့ခေါင်းတိုက်ချက် တိုင်ထိထွက်သွားခဲ့ပါသေးတယ်။
ပွဲချိန်မိနစ် ၅၀မှာ နောက်ခံလူ အော်တာမန်ဒီရဲ့အမှားကနေ ဘူယန်ဒီယာ ရသွားပြီး အသာထိုးပေးတာကို ပက်ကီက အလွယ်တကူအဆုံးသတ်နိုင်ခဲ့လို့ နောဝစ်ချ်အသင်း တတိယမြောက်ဂိုးရရှိခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဒုတိယပိုင်းမှာ ဒီဘရိုင်း၊ ဂျီးဆပ်စ်နဲ့ မာရက်ဇ်တို့ကို လူစားထိုးခဲ့ပေမယ့် မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘဲ ပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့ ရိုဒရီရဲ့ချေပဂိုးတစ်ဂိုးသာရရှိခဲ့ပါတယ်။