
photo-gettyimages
photo-psg
ေဘာလုံးေလာကမွာ တန္ဖုိးအႀကီးဆုံးလူစာရင္းကို ပိုင္ဆုိင္ထားတဲ့အသင္းက ဂြါဒီယိုလာရဲ႕မန္စီးတီးျဖစ္ေနပါတယ္။ မန္စီးတီးအသင္းရဲ႕ကစားသမားတန္ေၾကးစုစုေပါင္းက ယူရိုသန္း ၁၀၀၀ ေက်ာ္ေတာင္ ျဖစ္ေနတာပါ။ မန္စီးတီးရဲ႕ကစားသမားေခၚယူမႈစံခ်ိန္တင္ေၾကးက ယူရိုသန္း ၇၀ သာျဖစ္ေပမယ့္လည္း ဂြါဒီယုိလာေရာက္လာၿပီးကတည္းက ေနရာအားလုံးမွာ ႀကိဳက္ေစ်းေပးေခၚယူမႈေတြျပဳဳလုပ္ခဲ့လို႔ အခုလို ေဘာလုံးေလာကရဲ႕တန္ဖိုးအႀကီးဆုံးအသင္းလည္း ျဖစ္ေနတာပါ။
photo-gettyimages
ေဘာလုံးေလ့လာဆန္းစစ္မႈသုေတသနအဖြဲ႔ျဖစ္တဲ့ CIES ရဲဲ႕စစ္တမ္းအရ မန္စီးတီးဟာ အသင္းကိုတည္ေဆာက္ရာမွာ ယူရို ၁ ဘီလီယံသုံးစြဲခဲဲ့တဲ့ သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအသင္းျဖစ္တယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီနဲ႔ရီးရဲလ္မက္ဒရစ္တို႔ကလည္း မန္စီးတီးနဲ႔သိပ္ကြာၾကတာ မဟုတ္ဘဲ ပီအက္စ္ဂ်ီရဲ႕လူစာရင္းတန္ေၾကးက ယူရို ၉၁၃ သန္းျဖစ္ကာ ရီးရဲလ္လူစာရင္းတန္ေၾကးက ယူရို ၉၀၂ သန္းျဖစ္ပါတယ္။ လာလီဂါမွာေတာ့ လူစာရင္းအႀကီးဆုံးအသင္းနဲ႔ တန္ဖိုးအနည္းအသင္းတုိ႔ၾကား အဆမတန္ကြာဟေနၿပီး ရီးရဲလ္လူစာရင္းရဲ႕တန္ေၾကးဟာ တန္တက္မာေယာ့ကာထက္ ၁၄၈ ဆရွိပါတယ္။
photo-CIES
ျပင္သစ္မွာေတာ့ ပီအက္စ္ဂ်ီလူစာရင္းတန္ေၾကးဟာ အသင္းငယ္ေလးနီမက္စ္ထက္ ၁၁၄ ဆရွိပါတယ္။ ဘြန္ဒက္စ္လီဂါမွာ လက္ရွိခ်န္ပီယံဘုိင္ယန္ျမဴးနစ္ရဲ႕လူစာရင္းတန္ေၾကးဟာ ပါဒါဘြန္းထက္ ၈၅ ဆရွိကာ စီးရီးေအမွာက ဂ်ဴဗင္တပ္လူစာရင္းတန္ေၾကးဟာ တန္းတက္လက္ခ်ီထက္ ၆၃ ဆရွိပါတယ္။ ကြာဟမႈအနည္းဆုံးက ပရီးမီးယားလိဂ္ျဖစ္ၿပီး မန္စီးတီးလူစာရင္းတန္ေၾကးက ေနာ္၀စ္ခ်္ထက္ ၃၂ ဆသာရွိတာပါ။
ဥေရာပရဲ႕တန္ဖိုးအႀကီးဆုံးလူစာရင္းမာ်း
၁။ မန္စီးတီး(ယူရို ၁၀၁၄ သန္း)
၂။ ပီအက္စ္ဂ်ီ(ယူရို ၉၁၃ သန္း)
၃။ ရီးရဲလ္မက္ဒရစ္(ယူရို ၉၀၂ သန္း)
၄။ မန္ယူ(ယူရို ၇၅၁ သန္း)
၅။ ဂ်ဴဗင္တပ္(ယူရို ၇၁၉ သန္း)
၆။ ဘာစီလုိနာ(ယူရို ၆၉၇ သန္း)
၇။ လီဗာပူး(ယူရို ၆၃၉ သန္း)
၈။ ခ်ဲလ္ဆီး(ယူရို ၅၆၁ သန္း)
၉။ အက္သလက္တီကို(ယူရို ၅၅၀ သန္း)
၁၀။ အာဆင္နယ္(ယူရို ၄၉၈ သန္း)
[Unicode]
ဘောလုံးလောကမှာ တန်ဖိုးအကြီးဆုံးလူစာရင်းကို ပိုင်ဆိုင်ထားတဲ့အသင်းက ဂွါဒီယိုလာရဲ့မန်စီးတီးဖြစ်နေပါတယ်။ မန်စီးတီးအသင်းရဲ့ကစားသမားတန်ကြေးစုစုပေါင်းက ယူရိုသန်း ၁၀၀၀ ကျော်တောင် ဖြစ်နေတာပါ။ မန်စီးတီးရဲ့ကစားသမားခေါ်ယူမှုစံချိန်တင်ကြေးက ယူရိုသန်း ၇၀ သာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရောက်လာပြီးကတည်းက နေရာအားလုံးမှာ ကြိုက်ဈေးပေးခေါ်ယူမှုတွေပြုုလုပ်ခဲ့လို့ အခုလို ဘောလုံးလောကရဲ့တန်ဖိုးအကြီးဆုံးအသင်းလည်း ဖြစ်နေတာပါ။
ဘောလုံးလေ့လာဆန်းစစ်မှုသုတေသနအဖွဲ့ဖြစ်တဲ့ CIES ရဲ့စစ်တမ်းအရ မန်စီးတီးဟာ အသင်းကိုတည်ဆောက်ရာမှာ ယူရို ၁ ဘီလီယံသုံးစွဲခဲ့တဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအသင်းဖြစ်တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီနဲ့ရီးရဲလ်မက်ဒရစ်တို့ကလည်း မန်စီးတီးနဲ့သိပ်ကွာကြတာ မဟုတ်ဘဲ ပီအက်စ်ဂျီရဲ့လူစာရင်းတန်ကြေးက ယူရို ၉၁၃ သန်းဖြစ်ကာ ရီးရဲလ်လူစာရင်းတန်ကြေးက ယူရို ၉၀၂ သန်းဖြစ်ပါတယ်။ လာလီဂါမှာတော့ လူစာရင်းအကြီးဆုံးအသင်းနဲ့ တန်ဖိုးအနည်းအသင်းတို့ကြား အဆမတန်ကွာဟနေပြီး ရီးရဲလ်လူစာရင်းရဲ့တန်ကြေးဟာ တန်တက်မာယော့ကာထက် ၁၄၈ ဆရှိပါတယ်။
ပြင်သစ်မှာတော့ ပီအက်စ်ဂျီလူစာရင်းတန်ကြေးဟာ အသင်းငယ်လေးနီမက်စ်ထက် ၁၁၄ ဆရှိပါတယ်။ ဘွန်ဒက်စ်လီဂါမှာ လက်ရှိချန်ပီယံဘိုင်ယန်မြူးနစ်ရဲ့လူစာရင်းတန်ကြေးဟာ ပါဒါဘွန်းထက် ၈၅ ဆရှိကာ စီးရီးအေမှာက ဂျူဗင်တပ်လူစာရင်းတန်ကြေးဟာ တန်းတက်လက်ချီထက် ၆၃ ဆရှိပါတယ်။ ကွာဟမှုအနည်းဆုံးက ပရီးမီးယားလိဂ်ဖြစ်ပြီး မန်စီးတီးလူစာရင်းတန်ကြေးက နော်ဝစ်ချ်ထက် ၃၂ ဆသာရှိတာပါ။
ဥရောပရဲ့တန်ဖိုးအကြီးဆုံးလူစာရင်းမာျး
၁။ မန်စီးတီး(ယူရို ၁၀၁၄ သန်း)
၂။ ပီအက်စ်ဂျီ(ယူရို ၉၁၃ သန်း)
၃။ ရီးရဲလ်မက်ဒရစ်(ယူရို ၉၀၂ သန်း)
၄။ မန်ယူ(ယူရို ၇၅၁ သန်း)
၅။ ဂျူဗင်တပ်(ယူရို ၇၁၉ သန်း)
၆။ ဘာစီလိုနာ(ယူရို ၆၉၇ သန်း)
၇။ လီဗာပူး(ယူရို ၆၃၉ သန်း)
၈။ ချဲလ်ဆီး(ယူရို ၅၆၁ သန်း)
၉။ အက်သလက်တီကို(ယူရို ၅၅၀ သန်း)
၁၀။ အာဆင်နယ်(ယူရို ၄၉၈ သန်း)