တနင်္လာညကို ဥရောပဇုန်ခြေစစ်ပွဲတွေနဲ့ဖြတ်သန်းမယ် (ကောင်းပိုင်)
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဆိုက်ပရပ်စ် 🆚 မော်လ်တာ
အုပ်စု(H) ဘိတ်ဆုံး ၂သင်း အညံ့ချင်းပြိုင်မယ့်ပွဲပါ။ ဆိုက်ပရပ်စ်က ၆ပွဲဆက်၊ မော်လ်တာက ၃ပွဲဆက်ရှုံးထားပြီး ဂိုးလည်းမသွင်းနိုင်ကြပါဘူး။
ပ-အကျော့ မော်လ်တာမြေမှာတော့ အိမ်ရှင် ၃ဂိုးပြတ်နိုင်ခဲ့တယ်။
ခြေစွမ်းချင်းယှဉ်ရင် မော်လ်တာကမဆိုစလောက်သာပေမယ့် ဆိုက်ပရပ်စ်မှာအိမ်ရှင်အားသာချက်ရှိပါတယ်။
ဖွင့်လှစ်မှုအရလည်း ဆိုက်ပရပ်စ် အောင်သွားနိုင်တယ်။
ဘီလာရုစ် 🆚 ချက်
ချက်အတွက် ထပ်မှားလို့မဖြစ်တဲ့ပွဲပါ။
ဝေလနဲ့ ၈မှတ် စီတူနေပေမယ့် တစ်ပွဲပိုကစားထားတာမို့ အမှတ်ထပ်ဆုံးရှုံးလို့မဖြစ်တော့ဘူး။
အက်စ်တိုးနီးယားကိုတောင် ဂိုးပြတ်ရှုံးခဲ့ရတဲ့ ဘီလာရုစ်အနေနဲ့ ပိတ်ကစားရင်းနဲ့ပဲ ချက်တိုက်စစ်ကိုဂိုးတွေပေးရမှာပါ။
ချက်အပေါ်စုံရွေးရင် ၂ကျပ်ကွက်ရနိုင်တယ်။
အက်စ်တိုးနီးယား 🆚 ဝေလ
ဝေလရဲ့အကျောပေးမှုက ၁+၂၅ ကနေ ၁= အထိတက်လာတယ်။
အက်စ်တိုးနီးယားဟာ နောက်ဆုံး ၂ပွဲမှာ ဘီလာရုစ်ကိုနိုင်၊ ဝေလမြေမှာ သရေကစားပြီး ၄မှတ်ရခဲ့ပေမယ့် အထင်ကြီးစရာမရှိဘူး။
ချက်နဲ့အမှတ်တူ တစ်ပွဲလျော့ကစားထားပေမယ့် အုပ်စုနောက်ဆုံးပွဲကျရင် ဘယ်လ်ဂျီယံနဲ့ရင်ဆိုင်ရဦးမှာမို့ ဒီပွဲကို ဝေလ မဖြစ်မနေ အနိုင်ယူရမှာပါ။
ဝေလ ကပ်နိုင်၊ အပြတ်နိုင် တစ်ခုခုပါပဲ။
လတ်ဗီးယား 🆚 တူရကီ
ယာယီနည်းပြ စတက်ဖန်ကွန့်ဇ်ရဲ့ပွဲဦးထွက်မှာ နော်ဝေကို တူရကီ သရေသာရခဲ့တယ်။
၂မှတ်ဆုံးရှုံးခဲ့တာမို့ နယ်သာလန်နဲ့ ၄မှတ်၊ နော်ဝေနဲ့ ၂မှတ်ပြတ်နေဆဲဖြစ်သလို မွန်တီနီဂရိုးကိုလည်း ၁မှတ်သာဖြတ်ထားနိုင်တော့တယ်။
လတ်ဗီးယားက နယ်သာလန်နဲ့ပွဲမှာ ခံစစ်အမှားနည်းခဲ့တယ်။
ကြေးကျလာတဲ့တူရကီ ဂိုးပြတ်ဖို့မလွယ်တာမို့ လတ်ဗီးယားနဲ့စွန့်စားပါ။
နယ်သာလန် 🆚 ဂျီဘရော်တာ
ဒီပွဲကတော့ မက်ဆေ့ချ်မှာ ဖွင့်ဖွယ်မရှိတာမို့ အွန်လိုင်းမှာပဲကစားရမှာပါ။
နယ်သာလန်ရဲ့ဖွင့်လှစ်မှုကလည်း ၆+၁၅/၆-၈၅)ဆိုပြီး ပြင်းရှလွန်းပါတယ်။
ဂျီဘရော်တာက ခြေစစ်ပွဲဝင်အသင်းအားလုံးထဲမှာ ဆန်မာရီနိုပြီးရင် ခံစစ်အညံ့ဆုံးဖြစ်ပြီး ၂၈ဂိုး (တစ်ပွဲပျမ်းမျှ ၄ဂိုး)ပေးထားရတယ်။
နယ်သာလန်တစ်သင်းတည်း ဂိုးသွင်းမှာမို့ ဂိုးအောက်စွန့်စားရွေးသင့်တယ်။
နော်ေ၀ 🆚 မွန်တီနီဂရိုး
ဟာလန်းမပါပေမယ့် တူရကီမြေမှာ နော်ေ၀ သရေရခဲ့တယ်။
နော်ဝေဟာ နယ်သာလန်နဲ့ ၂မှတ်သာကွာတာမို့ တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့မျှော်လင့်ချက်ရှိနေဆဲပါ။
မွန်တီနဂရိုးက နောက်ဆုံး ၂ပွဲမှာ ၄မှတ်ရခဲ့ပေမယ့် အသင်းငယ်တွေနဲ့သာရင်ဆိုင်ခဲ့ရလို့ပါ။
ကပ်နိုင်ရင် ပြားစွန်းဆုံးရှုံးမှာဖြစ်ပေမယ့် နော်ဝေနဲ့ပဲလက်တွဲချင်တယ်။
ခရိုအေးရှား 🆚 ဆလိုဗက်ကီးယား
ရုရှားနဲ့ ၁၆မှတ်စီတူနေတာမို့ ခရိုအေးရှားပေါ့ဆလို့မရဘူး။
ခရိုအေးရှားဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံး၆ပွဲဆက်ရှုံးပွဲနဲ့ ပေးဂိုးမရှိ (၅ပွဲနိုင်၊ ၁ပွဲသရေ)တဲ့အထိ ခြေမှန်နေတယ်။
ဆလိုဗက်ကီးယားကတော့ ရုရှားကို ခြေအသာနဲ့ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်အရမ်းညံ့ခဲ့တယ်။
ခရိုအေးရှားရဲ့နိုင်ကြွေကိုပဲဆက်ယုံရမှာဖြစ်ပြီး ဂိုးပြတ်၊ မပြတ်ဘဲစောင့်ကြည့်ရပါလိမ့်မယ်။
ဆလိုဗေးနီးယား 🆚 ရုရှား
ဆလိုဗေးနီးယားကတောင် ပြားစွန်းပြန်ပေးထားရပါတယ်။
ဆလိုဗေးနီးယားခြေစွမ်းက တကယ်လည်းတိုးတက်နေပြီး ပြိုင်ပွဲအသွင်အိမ်ကွင်း ၇ပွဲဆက်ရှုံးပွဲမရှိရာမှာ ၂ဂိုးသာပေးခဲ့ရတယ်။
ဒဏ်ရာပြဿနာကြောင့် လူမစုံတဲ့ရုရှားက ဆလိုဗက်ကီးယားကို ကံကောင်းလို့နိုင်ခဲ့တာပါ။
ဆလိုဗေးနီးယားကို ပြားစွန်းရင်းပြီးရွေးရမယ်။
အိုက်စလန် 🆚 လက်ချင်စတိန်း
၄ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာမို့ အိုက်စလန် အုပ်စုဒုတိယရဖို့တောင်မဖြစ်နိုင်တော့ဘူး။
လက်ချင်စတိန်းကလည်းအာမေးနီးယားကိုသရေရခဲ့တာကလွဲရင်နောက်ဆုံး ၉ပွဲမှာ ၈ပွဲရှုံးခဲ့တာပါ။
လက်ချင်စတိန်းမြေမှာကတည်းကဂိုးပြတ်နိုင်ခဲ့တဲ့ အိုက်စလန် ဂုဏ်သိက္ခာအတွက် ဂိုးရသလောက်သွင်းပါလိမ့်မယ်။
အိုက်စလန်အပေါ်စုံ ကြိုက်တယ်။
မြောက်မက်ဆီဒိုးနီးယား 🆚 ဂျာမနီ
ဂျာမနီက ဒီပွဲနိုင်ရင် ခြေစစ်ပွဲအောင်ဖို့သေချာသွားမှာပါ။
ဒါပေမဲ့ မက်ဆီဒိုးနီးယားက ဂျာမနီလုပ်ချင်တိုင်း လုပ်လို့ရတဲ့အသင်းမဟုတ်ပါဘူး။
မက်ဆီဒိုးနီးယားဟာ ဂျာမနီမြေမှာကတည်းက အံ့ဖွယ်အနိုင်ရခဲ့သလို ကမ္ဘာ့ဖလားခြေစစ်ပွဲ ၆ပွဲဆက်လည်းရှုံးပွဲမရှိခဲ့ဘူး။
ဂျာမနီရဲ့အကျောပေးမှုက ၂= (၃-၄၀)အထိမြင့်မားနေပေမယ့် မက်ဆီဒိုးနီးယားမြေမှာ ၃ဂိုးပြတ်ဖို့မဖြစ်နိုင်ဘူး။
မက်ဆီဒိုးနီးယားနဲ့အရဲစွန့်သင့်တယ်။
ရိုမေးနီးယား 🆚 အာမေးနီးယား
အုပ်စုဒုတိယနေရာအတွက် အရေးပါတဲ့ပွဲပါ။
ရိုမေးနီးယားက ဂျာမနီကိုသရေရလုနီးပါးကစားနိုင်ခဲ့တာမို့ ယုံကြည်မှုရနေမှာပါ။
အာမေးနီးယားက ခြေစစ်ပွဲ ၇ပွဲမှာ ဂျာမနီကိုသာရှုံးခဲ့ပေမယ့် နိုင်သင့်နိုင်ထိုက်တဲ့ လက်ချင်စတိန်းကိုတော့မနိုင်ခဲ့ဘူး။
အာမေးနီးယားကိုဧည့်ခံခဲ့တဲ့ အိမ်ကွင်း ၃ပွဲလုံးအနိုင်ရထားတဲ့ ရိုမေးနီးယား အမှတ်ပြည့်ရပါလိမ့်မယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဆိုက်ပရပ်စ် 🆚 မော်လ်တာ
ဘီလာရုစ် 🆚 ချက်
အက်စ်တိုးနီးယား 🆚 ဝေလ
လတ်ဗီးယား 🆚 တူရကီ
နယ်သာလန် 🆚 ဂျီဘရော်တာ
နော်ဝေ 🆚 မွန်တီနီဂရိုး
ဆလိုဗေးနီးယား 🆚 ရုရှား
တယ်။