တနင်္ဂနွေညမှာ PSG အသင်းဆီ မက်ဆီရောက်မယ်ဆိုတဲ့သတင်းမှားကြောင့် ပရိသတ်ထောင်နဲ့ချီ လေဆိပ်မှာ အချိန်အကြာကြီးစောင့်ခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းပရိသတ်တွေဟာ PSG အသင်းနဲ့စာချုပ်ချုပ်ဖို့ တနင်္ဂနွေညမှာ ပါရီမြို့ကို မက်ဆီ လာလိမ့်မယ်ဆိုတဲ့ သတင်းအမှားကြောင့် Le Bourget လေဆိပ်မှာ အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရပါတယ်။

ထောင်နဲ့ချီတဲ့ PSG ပရိသတ်တွေဟာ နာမည်ကျော်ဘောလုံးသမား မက်ဆီရောက်လာရင် ဝမ်းသာအားရနဲ့ကြိုဆိုဖို့အတွက် Le Bourget လေဆိပ်ဝင်ပေါက်မှာ စုဝေးခဲ့ကြတာဖြစ်ပြီး

မက်ဆီရဲ့နာမည်ကို သံပြိုင်အော်ဟစ်အားပေးခဲ့ပေမယ့် အဲဒီအချိန်မှာ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့သတင်းစာရှင်းလင်းပွဲပြုလုပ်နေတာဖြစ်ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ သတင်းစာရှင်းလင်းပွဲမှာ ဝမ်းနည်းမျက်ရည်တွေနဲ့ နှုတ်ဆက်စကားဆိုခဲ့ပြီး PSG အသင်းဆီပြောင်းရွှေ့ဖို့ရှိတယ်ဆိုတာကို တစ်ပါတည်းဖွင့်ဟပြောဆိုခဲ့ပါတယ်။

အခုလောလောဆယ် Free Agent ဖြစ်သွားတဲ့ မက်ဆီကို ဥရောပထိပ်သီးအသင်းတွေကခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ပြင်သစ်ထိပ်သီးကလပ် PSG အသင်းက လက်ဦးမှုရယူနိုင်ဖို့ နီးစပ်နေပါပြီ။

PSG အသင်းဟာ မက်ဆီကို တစ်ပတ်ပေါင်(၅၇၀,၀၀၀)နဲ့ (၂)နှစ်စာချုပ်ချုပ်ဆိုသွားဖို့စီစဉ်နေပြီး မက်ဆီနဲ့သူ့ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီတို့ဟာ အခုတစ်ပတ်အတွင်း ပါရီမြို့ကို ရောက်လာဖို့ရှိတယ်လို့ စပိန်သတင်းစာ Marca က ခန့်မှန်းခဲ့ပါတယ်။

မက်ဆီနဲ့ PSG အသင်းတို့ရဲ့အပြောင်းအရွှေ့ကိစ္စက တရားဝင်မဖြစ်သေးပေမယ့်လည်း နေမာရဲ့ညီမကတော့ မက်ဆီရဲ့ဇနီးဖြစ်သူ အန်တိုနယ်လာကို လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်ဆိုပြီး Instagram မှာ Post တင်ခဲ့ပါတယ်။

တကယ်လို့ မက်ဆီသာ PSG အသင်းဆီရောက်လာရင် တိုက်စစ်မှာ နေမာ၊ ဘာပေတို့နဲ့အတူ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်အတွဲအဖက်ဖြစ်လာဖို့ရှိနေပြီး

PSG အသင်းဟာ အခုနွေရာသီမှာ ရီးယဲလ်အသင်းခေါင်းဆောင်ဟောင်း ရာမို့စ်ကိုလည်း ခေါ်ယူထားတာကြောင့် ဘာစီလိုနာနဲ့ရီးယဲလ်အသင်းခေါင်းဆောင်ဟောင်းနှစ်ဦးကို တစ်ပြိုင်နက်ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တနဂၤေႏြညမွာ PSG အသင္းဆီ မက္ဆီေရာက္မယ္ဆိုတဲ့သတင္းမွားေၾကာင့္ ပရိသတ္ေထာင္နဲ႔ခ်ီ ေလဆိပ္မွာ အခ်ိန္အၾကာႀကီးေစာင့္ခဲ့ရ

PSG အသင္းပရိသတ္ေတြဟာ PSG အသင္းနဲ႔စာခ်ဳပ္ခ်ဳပ္ဖို႔ တနဂၤေႏြညမွာ ပါရီၿမိဳ႕ကို မက္ဆီ လာလိမ့္မယ္ဆိုတဲ့ သတင္းအမွားေၾကာင့္ Le Bourget ေလဆိပ္မွာ အခ်ိန္အၾကာႀကီးေစာင့္ဆိုင္းခဲ့ရပါတယ္။ ေထာင္နဲ႔ခ်ီတဲ့ PSG ပရိသတ္ေတြဟာ နာမည္ေက်ာ္ေဘာလုံးသမား မက္ဆီေရာက္လာရင္ ဝမ္းသာအားရနဲ႔ႀကိဳဆိုဖို႔အတြက္ Le Bourget ေလဆိပ္ဝင္ေပါက္မွာ စုေဝးခဲ့ၾကတာျဖစ္ၿပီး မက္ဆီရဲ႕နာမည္ကို သံၿပိဳင္ေအာ္ဟစ္အားေပးခဲ့ေပမယ့္ အဲဒီအခ်ိန္မွာ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔သတင္းစာရွင္းလင္းပြဲျပဳလုပ္ေနတာျဖစ္ပါတယ္။

အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ သတင္းစာရွင္းလင္းပြဲမွာ ဝမ္းနည္းမ်က္ရည္ေတြနဲ႔ ႏႈတ္ဆက္စကားဆိုခဲ့ၿပီး PSG အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ရွိတယ္ဆိုတာကို တစ္ပါတည္းဖြင့္ဟေျပာဆိုခဲ့ပါတယ္။ အခုေလာေလာဆယ္ Free Agent ျဖစ္သြားတဲ့ မက္ဆီကို ဥေရာပထိပ္သီးအသင္းေတြကေခၚယူဖို႔ စိတ္ဝင္စားေနၾကေပမယ့္ ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းက လက္ဦးမႈရယူႏိုင္ဖို႔ နီးစပ္ေနပါၿပီ။

PSG အသင္းဟာ မက္ဆီကို တစ္ပတ္ေပါင္(၅၇၀,၀၀၀)နဲ႔ (၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔စီစဥ္ေနၿပီး မက္ဆီနဲ႔သူ႔ဖခင္ျဖစ္သူ ေဟာ္ဟဲမက္ဆီတို႔ဟာ အခုတစ္ပတ္အတြင္း ပါရီၿမိဳ႕ကို ေရာက္လာဖို႔ရွိတယ္လို႔ စပိန္သတင္းစာ Marca က ခန႔္မွန္းခဲ့ပါတယ္။ မက္ဆီနဲ႔ PSG အသင္းတို႔ရဲ႕အေျပာင္းအေ႐ႊ႕ကိစၥက တရားဝင္မျဖစ္ေသးေပမယ့္လည္း ေနမာရဲ႕ညီမကေတာ့ မက္ဆီရဲ႕ဇနီးျဖစ္သူ အန္တိုနယ္လာကို လႈိက္လႈိက္လွဲလွဲႀကိဳဆိုတယ္ဆိုၿပီး Instagram မွာ Post တင္ခဲ့ပါတယ္။ တကယ္လို႔ မက္ဆီသာ PSG အသင္းဆီေရာက္လာရင္ တိုက္စစ္မွာ ေနမာ၊ ဘာေပတို႔နဲ႔အတူ ကမာၻ႔အေကာင္းဆုံးတိုက္စစ္အတြဲအဖက္ျဖစ္လာဖို႔ရွိေနၿပီး PSG အသင္းဟာ အခုေႏြရာသီမွာ ရီးယဲလ္အသင္းေခါင္းေဆာင္ေဟာင္း ရာမို႔စ္ကိုလည္း ေခၚယူထားတာေၾကာင့္ ဘာစီလိုနာနဲ႔ရီးယဲလ္အသင္းေခါင္းေဆာင္ေဟာင္းႏွစ္ဦးကို တစ္ၿပိဳင္နက္ေခၚယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။