တည်ငြိမ်တဲ့စပါးကို လိုချင်ပေမယ့် ရိုလာကိုစတာနိုင်ပွဲနဲ့စဖွင့်ခဲ့ရတဲ့ ကွန်တီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကွန်တီဟာ သူ့ရဲ့စပါးနည်းပြဘ၀ ပွဲဦးထွက်မှာ အသင်းပရိသတ်တွေရဲ့သူရဲကောင်းဆန်ဆန်ကြိုဆိုခြင်းကို ခံခဲ့ရပါတယ်။

၅၂ နှစ်အရွယ် အဲဒီအီတလီသားနည်းပြကို ပွဲမတိုင်ခင်မှာ ပရိသတ်တွေက အီတလီအလံတွေဝှေ့ယမ်းပြီး သူ့နာမည်ဟစ်ကြွေးကြိုဆိုခဲ့ကြတာပါ။

ဒါပေမဲ့ တကယ်တမ်းကစားတော့ သူ့အသင်းသစ်က နယ်သာလန်ကလပ်ဗီတက်ဆီကို ပြဇာဆန်မှုတွေနဲ့အတူ ၃-၂ နဲ့အနိုင်ရခဲ့တာပါ။

ကွန်ဖရန့်လိဂ်ပွဲဆိုပေမယ့်လည်း ကွန်တီဟာ တောင့်တင်းတဲ့စပါးအသင်းကို ပွဲထုတ်ခဲ့တာပါ။

ဒါကြောင့်လည်း ၂၆ မိနစ်မှာတင် သူ့အသင်းက ၃ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပထမပိုင်းအတွင်းမှာတင် သူ့အသင်းက ၂ ဂိုးဆက်တိုက်ပြန်ပေးလိုက်ရလို့ ၃-၂ ဖြစ်သွားတယ်။

ဒ့ါအပြင် ဒုတိယပိုင်းပြန်စပြီး မိနစ် ၆၀ လောက်မှာ ဗဟိုနောက်ခံလူရိုမီရိုအထုတ်ခံရလို့ နောက်တန်း ၄ ယောက်ပုံစံကို ကွန်တီပြောင်းခဲ့ရတယ်။

ပွဲချိန်နှောင်းပိုင်းမှာ ဗီတက်ဆီဘက်က နှစ်ယောက်အထုတ်ခံရလို့သာ ၃-၂ အနိုင်ကိုဆက်ထိန်းနိုင်ခဲ့တာပါ။

ကွန်တီဟာ သူ့ရဲ့ပထမဆုံးစပါးအင်တာဗျူးမှာ အတက်အကျမများဘဲ တည်ငြိမ်တဲ့အသင်းကို လိုချင်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ပထမဆုံးပွဲအရဆိုရင်တော့ စပါးမှာ သူ့အတွက် စိန်ခေါ်မှုတွေက များပြားတယ်ဆိုတာ မှန်းဆလို့ ရနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တည္ၿငိမ္တဲ့စပါးကို လိုခ်င္ေပမယ့္ ႐ိုလာကိုစတာႏိုင္ပြဲနဲ႔စဖြင့္ခဲ့ရတဲ့ ကြန္တီ

ကြန္တီဟာ သူ႔ရဲ႕စပါးနည္းျပဘ၀ ပြဲဦးထြက္မွာ အသင္းပရိသတ္ေတြရဲ႕သူရဲ႕ေကာင္းဆန္ဆန္ႀကိဳဆိုျခင္းကို ခံခဲ့ရပါတယ္။

၅၂ ႏွစ္အ႐ြယ္ အဲဒီအီတလီသားနည္းျပကို ပြဲမတိုင္ခင္မွာ ပရိသတ္ေတြက အီတလီအလံေတြေဝွ႔ယမ္းၿပီး သူ႔နာမည္ဟစ္ေႂကြးႀကိဳဆိုခဲ့ၾကတာပါ။

ဒါေပမဲ့ တကယ္တမ္းကစားေတာ့ သူ႔အသင္းသစ္က နယ္သာလန္ကလပ္ဗီတက္ဆီကို ျပဇာဆန္မႈေတြနဲ႔အတူ ၃-၂ နဲ႔အႏိုင္ရခဲ့တာပါ။

ကြန္ဖရန႔္လိဂ္ပြဲဆိုေပမယ့္လည္း ကြန္တီဟာ ေတာင့္တင္းတဲ့စပါးအသင္းကို ပြဲထုတ္ခဲ့တာပါ။ ဒါေၾကာင့္လည္း ၂၆ မိနစ္မွာတင္ သူ႔အသင္းက ၃ ဂိုးျပတ္နဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ပထမပိုင္းအတြင္းမွာတင္ သူ႔အသင္းက ၂ ဂိုးဆက္တိုက္ျပန္ေပးလိုက္ရလို႔ ၃-၂ ျဖစ္သြားတယ္။ ဒ့ါအျပင္ ဒုတိယပိုင္းျပန္စၿပီး မိနစ္ ၆၀ ေလာက္မွာ ဗဟိုေနာက္ခံလူ႐ိုမီ႐ိုအထုတ္ခံရလို႔ ေနာက္တန္း ၄ ေယာက္ပုံစံကို ကြန္တီေျပာင္းခဲ့ရတယ္။

ပြဲခ်ိန္ေႏွာင္းပိုင္းမွာ ဗီတက္ဆီဘက္က ႏွစ္ေယာက္အထုတ္ခံရလို႔သာ ၃-၂ အႏိုင္ကိုဆက္ထိန္းႏိုင္ခဲ့တာပါ။ ကြန္တီဟာ သူ႔ရဲ႕ပထမဆုံးစပါးအင္တာဗ်ဴးမွာ အတက္အက်မမ်ားဘဲ တည္ၿငိမ္တဲ့အသင္းကို လိုခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။

ဒါေပမဲ့ သူ႔ရဲ႕ပထမဆုံးပြဲအရဆိုရင္ေတာ့ စပါးမွာ သူ႔အတြက္ စိန္ေခၚမႈေတြက မ်ားျပားတယ္ဆိုတာ မွန္းဆလို႔ ရႏိုင္ပါတယ္။