တစ်ဦးချင်းဆုထက် အသင်းလိုက်ဆုဖလားကို ပိုလိုချင်တဲ့အတွက် စပါးကနေ ဟယ်ရီကိန်းထွက်ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ ရေပန်းစားနေတဲ့ တိုက်စစ်မှုးတွေထဲက တစ်ဦးဖြစ်တဲ့ ဟယ်ရီကိန်းဟာ တစ်ဦးချင်းအောင်မြင်မှုတက် အသင်းလိုက်ဆုဖလား အောင်မြင်မှုကို ပိုပြီး လိုချင်တယ်လို့ ကာယံရှင်ကိုယ်တိုင်က ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက် စပါးကနေ ထွက်ခွာဖို့ သေချာသွားပါပြီ။

ပရီးမီးယားလိဂ်နဲ့ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှုးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဟယ်ရီကိန်းဟာ မနေ့ကတုန်းက လန်ဒန်အခြေစိုက် ကလပ်အသင်းတွေရဲ့ဒီနှစ်ပရီးမီးယားလိဂ် ဘောလုံးရာသီ အကောင်းဆုံးကစားသမားဆု (Premier League player of the year at the London Football awards) ကို ဆွတ်ခူးရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဟယ်ရီကိန်းက သူ့အတွက် တစ်ဦးချင်းအကောင်းဆုံးဆုတွေထက်စာရင် လက်ရှိအနေအထားမှာ အသင်းလိုက် အောင်မြင်မှုဆုတံဆိပ် ကြီးကြီးမားမား ရသင့်နေပြီလို့ ယူဆနေပါတယ်။

ဟယ်ရီကိန်းက Evening Standard ကိုပြောကြားရာမှာ ” ကျွန်တော့်ရဲ့ ကစားသမားဘ၀ ဖြတ်သန်းမှုကို ပြန်ကြည့်လိုက်တော့ အခုအချိန်မှာ ကစားသမားတစ်ယောက်အနေနဲ့ အသင်းနဲ့ ဆုတံဆိပ် အောင်မြင်မှုတွေ လိုအပ်နေပြီလို့ ယူဆပါတယ်။ အခုလိုမျိုး တစ်ဦးချင်းအကောင်းဆုံးဆုတွေရတာ ကောင်းပါတယ်။

ဒါပေမယ့် အသင်းလိုက် ဆုတံဆိပ်ကို ပိုပြီး လိုချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆု ဒါမှမဟုတ် အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံးဆုတွေရပြီး အသင်းနဲ့ ပရီးမီးယားလိဂ် ဒါမှမဟုတ် ယူရိုချန်ပီယံဆုတွေ မရဘဲ ကစားသမားဘ၀ ပြီးဆုံးသွားရင် ကျေနပ်စရာ မကောင်းပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘောလုံးပွဲ လေ့လာသူတွေနဲပ ကစားသမားဟောင်းတစ်ချို့က ဟယ်ရီကိန်းအနေနဲ့ အောင်မြင်မှုဆုတံဆိပ် ကြီးကြီးမားမားရယူချင်ရင် အသင်းပြောင်းဖို့ တိုက်တွန်းထားကြသလို အခုအချိန်မှာ ကာယကံရှင်ကိုယ်တိုင်က ထုတ်ပြောလာပြီဖြစ်တဲ့အတွက် သူ့ကို ခေါ်ယူချင်နေတဲ့ မန်ယူ၊ မန်စီးတီး၊ ရီးရဲလ်နဲ့ ပီအက်စ်ဂျီတို့အတွက် သတင်းကောင်းပါပဲ။

အသက် ၂၈နှစ်ရှိ ကိန်းဟာ စပါးအသင်းနဲ့ အမြင့်ဆုံးအဖြစ် ချန်ပီယံလိဂ် ဒုတိယနဲ့ လိဂ်ဖလား ဒုတိယတို့ကိုသာ ရရှိထားဖူးပြီး လက်ရှိစာချုပ်သက်တမ်းက ၂၀၂၄ခုနှစ် ဇွန်လအထိ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တစ္ဦးခ်င္းဆုထက္ အသင္းလိုက္ဆုဖလားကို ပိုလိုခ်င္တဲ့အတြက္ စပါးကေန ဟယ္ရီကိန္းထြက္ၿပီ

လာမယ့္ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ေရပန္းစားေနတဲ့ တိုက္စစ္မႈးေတြထဲက တစ္ဦးျဖစ္တဲ့ ဟယ္ရီကိန္းဟာ တစ္ဦးခ်င္းေအာင္ျမင္မႈတက္ အသင္းလိုက္ဆုဖလား ေအာင္ျမင္မႈကို ပိုၿပီး လိုခ်င္တယ္လို႔ ကာယံရွင္ကိုယ္တိုင္က ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့အတြက္ စပါးကေန ထြက္ခြာဖို႔ ေသခ်ာသြားပါၿပီ။

ပရီးမီးယားလိဂ္နဲ႔ ဥေရာပရဲ႕ အေကာင္းဆုံးတိုက္စစ္မႈးေတြထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္တဲ့ ဟယ္ရီကိန္းဟာ မေန႔ကတုန္းက လန္ဒန္အေျခစိုက္ ကလပ္အသင္းေတြရဲ႕ဒီႏွစ္ပရီးမီးယားလိဂ္ ေဘာလုံးရာသီ အေကာင္းဆုံးကစားသမားဆု (Premier League player of the year at the London Football awards) ကို ဆြတ္ခူးရရွိထားတဲ့သူလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ဟယ္ရီကိန္းက သူ႔အတြက္ တစ္ဦးခ်င္းအေကာင္းဆုံးဆုေတြထက္စာရင္ လက္ရွိအေနအထားမွာ အသင္းလိုက္ ေအာင္ျမင္မႈဆုတံဆိပ္ ႀကီးႀကီးမားမား ရသင့္ေနၿပီလို႔ ယူဆေနပါတယ္။
ဟယ္ရီကိန္းက Evening Standard ကိုေျပာၾကားရာမွာ ” ကြၽန္ေတာ့္ရဲ႕ ကစားသမားဘ၀ ျဖတ္သန္းမႈကို ျပန္ၾကည့္လိုက္ေတာ့ အခုအခ်ိန္မွာ ကစားသမားတစ္ေယာက္အေနနဲ႔ အသင္းနဲ႔ ဆုတံဆိပ္ ေအာင္ျမင္မႈေတြ လိုအပ္ေနၿပီလို႔ ယူဆပါတယ္။ အခုလိုမ်ိဳး တစ္ဦးခ်င္းအေကာင္းဆုံးဆုေတြရတာ ေကာင္းပါတယ္။ ဒါေပမယ့္ အသင္းလိုက္ ဆုတံဆိပ္ကို ပိုၿပီး လိုခ်င္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္ဆု ဒါမွမဟုတ္ အဂၤလန္အသင္းရဲ႕ ဂိုးသြင္းအမ်ားဆုံးဆုေတြရၿပီး အသင္းနဲ႔ ပရီးမီးယားလိဂ္ ဒါမွမဟုတ္ ယူ႐ိုခ်န္ပီယံဆုေတြ မရဘဲ ကစားသမားဘ၀ ၿပီးဆုံးသြားရင္ ေက်နပ္စရာ မေကာင္းပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ေဘာလုံးပြဲ ေလ့လာသူေတြနဲပ ကစားသမားေဟာင္းတစ္ခ်ိဳ႕က ဟယ္ရီကိန္းအေနနဲ႔ ေအာင္ျမင္မႈဆုတံဆိပ္ ႀကီးႀကီးမားမားရယူခ်င္ရင္ အသင္းေျပာင္းဖို႔ တိုက္တြန္းထားၾကသလို အခုအခ်ိန္မွာ ကာယကံရွင္ကိုယ္တိုင္က ထုတ္ေျပာလာၿပီျဖစ္တဲ့အတြက္ သူ႔ကို ေခၚယူခ်င္ေနတဲ့ မန္ယူ၊ မန္စီးတီး၊ ရီးရဲလ္နဲ႔ ပီအက္စ္ဂ်ီတို႔အတြက္ သတင္းေကာင္းပါပဲ။ အသက္ ၂၈ႏွစ္ရွိ ကိန္းဟာ စပါးအသင္းနဲ႔ အျမင့္ဆုံးအျဖစ္ ခ်န္ပီယံလိဂ္ ဒုတိယနဲ႔ လိဂ္ဖလား ဒုတိယတို႔ကိုသာ ရရွိထားဖူးၿပီး လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၄ခုႏွစ္ ဇြန္လအထိ ရွိေနပါတယ္။