တစ်သင်းလုံးရဲ့တစ်နှစ်လစာက မက်ဆီကိုပေးဖို့တောင် မလုံလောက်တဲ့ လာလီဂါဦးဆောင်သူဂရန်နာဒါ

photo-daily mail

photo-gettyimages

စပိန်ပြည်တွင်းအမှတ်ပေးပြိုင်ပွဲကို ဘာစီလိုနာနဲ့ရီးရဲလ်မက်ဒရစ်တို့စိုးမိုးလာခဲ့ကြတာ ဆယ်စုနှစ် ၂ ခုနီးပါးရှိနေပါပြီ။ နောက်ဆုံးလာလီဂါ ၁၅ ရာသီရဲ့၁၄ ရာသီမှာ အဲဒီအယ်ကလက်စီကိုပြိုင်ဘက်တွေက ဗိုလ်စွဲခဲ့ကြတာဖြစ်ပြီး အဲဒီထဲမှာ ဘာစီလိုနာက ၁၀ ရာသီဗိုလ်စွဲခဲ့တာပါ။ ဒီရာသီမှာတော့ သူတို့နှစ်သင်းစလုံးဟာ စိတ်တိုင်းကျစိုးမိုးနိုင်တဲ့အခြေအနေမှာ မရှိခဲ့ပါဘူး။ ကြားရက်ပွဲတွေမတိုင်ခင်မှာ လာလီဂါအမှတ်ပေးဇယားကိုဦးဆောင်သူက တန်းတက်အသင်းငယ်လေးဂရန်နာဒါလည်း ဖြစ်နေပါတယ်။

photo-EPA

ဒီရာသီလာလီဂါရဲ့ပွဲစဉ် ၅ တုန်းက ဂရန်နာဒါဟာ အိမ်ကွင်းမှာ လက်ရှိချန်ပီယံဘာစီလိုနာကို ၂-၀ ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်မယ့်ထိပ်ဆုံး ၄ နေရာအတွင်း ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဟာ ခဏပဲဖြစ်မှာပါလို့ လူတွေက ပြောကြပေမယ့် ပွဲစဉ် ၁၀ အပြီးမှာတော့ သူတို့ဟာ လာလီဂါရဲ့ဦးဆောင်သူဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ ဘာစီလိုနာနဲ့ရီးရဲလ်တို့ရဲ့အယ်ကလက်စီကိုပွဲမကန်ဖြစ်လိုက်တာဟာ ဂရန်နာဒါကို ထိပ်ဆုံးရောက်စေခဲ့တာပါ။ တန်းတက်အသင်းလေးတစ်သင်းက ပြိုင်ပွဲရဲ့ ၄ ပုံ ၁ ပုံလောက်မှာ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတယ်ဆိုတော့ ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်သလဲ။

photo-AP

ပိုပြီးအံ့သြစရာကောင်းတာက ဂရန်နာဒါတစ်သင်းလုံးရဲ့တစ်နှစ်လစာဟာ ဘာစီလိုနာက မက်ဆီတစ်ယောက်တည်းရဲ့တစ်နှစ်လစာကိုတောင် ပေးဖို့ မလုံလောက်တာပါပဲ။ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းအရ ဂရန်နာဒါဟာ လစာအနေနဲ့ တစ်နှစ်လုံးမှာ ယူရို ၃၅.၆ သန်းသာ အသုံးပြုခွင့်ရပါတယ်။ ကျန်တန်းတက်တွေဖြစ်ကြတဲ့ ဗယ်လာဒိုးလစ်နဲ့မာယော့ကာတို့ဆိုရင် လစာအသုံးပြုခွင့် အဲဒီထက်တောင် နည်းပါတယ်။ လက်ရှိချန်ပီယံဘာစီလိုနာကတော့ လစာပေးရမှု စိတ်ကြိုက်အသုံးပြုခွင့်ရနေပြီး ကစားသမားတွေအတွက် သူတို့ရဲ့လစာပေးမှုဟာ တစ်နှစ်ကို ယူရို ၆၇၁ သန်းတောင် ရှိပါတယ်။ အဲဒီထဲမှာ မက်ဆီက တစ်နှစ်လစာအဖြစ် ယူရိုသန်း ၄၀ ရနေတာပါ။ ဒီလိုမျိုးငွေကြေးကန့်သတ်မှုမျိုးနဲ့ ဇယားထိပ်ရောက်လာတယ်ဆိုတော့ ဂရန်နာဒါဟာ အခုရာသီရဲ့အံ့ဖွယ်တစ်သင်းပါပဲ။

[Zawgyi]

တစ္သင္းလုံးရဲ႕တစ္ႏွစ္လစာက မက္ဆီကိုေပးဖို႔ေတာင္ မလုံေလာက္တဲ့ လာလီဂါဦးေဆာင္သူဂရန္နာဒါ

စပိန္ျပည္တြင္းအမွတ္ေပးၿပိဳင္ပြဲကို ဘာစီလုိနာနဲ႔ရီးရဲလ္မက္ဒရစ္တုိ႔စုိးမိုးလာခဲ့ၾကတာ ဆယ္စုႏွစ္ ၂ ခုနီးပါးရွိေနပါၿပီ။ ေနာက္ဆုံးလာလီဂါ ၁၅ ရာသီရဲ႕၁၄ ရာသီမွာ အဲဒီအယ္ကလက္စီကိုၿပိဳင္ဘက္ေတြက ဗုိလ္စြဲခဲ့ၾကတာျဖစ္ၿပီး အဲဒီထဲမွာ ဘာစီလုိနာက ၁၀ ရာသီဗုိလ္စြဲခဲ့တာပါ။ ဒီရာသီမွာေတာ့ သူတို႔ႏွစ္သင္းစလုံးဟာ စိတ္တုိင္းက်စုိးမိုးႏိုင္တဲ့အေျခအေနမွာ မရွိခဲ့ပါဘူး။ ၾကားရက္ပြဲေတြမတိုင္ခင္မွာ လာလီဂါအမွတ္ေပးဇယားကိုဦးေဆာင္သူက တန္းတက္အသင္းငယ္ေလးဂရန္နာဒါလည္း ျဖစ္ေနပါတယ္။

ဒီရာသီလာလီဂါရဲ႕ပြဲစဥ္ ၅ တုန္းက ဂရန္နာဒါဟာ အိမ္ကြင္းမွာ လက္ရွိခ်န္ပီယံဘာစီလုိနာကို ၂-၀ ဂိုးနဲ႔အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ရႏိုင္မယ့္ထိပ္ဆုံး ၄ ေနရာအတြင္း ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဒါဟာ ခဏပဲျဖစ္မွာပါလို႔ လူေတြက ေျပာၾကေပမယ့္ ပြဲစဥ္ ၁၀ အၿပီးမွာေတာ့ သူတို႔ဟာ လာလီဂါရဲ႕ဦးေဆာင္သူျဖစ္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့အပတ္မွာ ဘာစီလုိနာနဲ႔ရီးရဲလ္တုိ႔ရဲ႕အယ္ကလက္စီကိုပြဲမကန္ျဖစ္လိုက္တာဟာ ဂရန္နာဒါကို ထိပ္ဆုံးေရာက္ေစခဲ့တာပါ။ တန္းတက္အသင္းေလးတစ္သင္းက ၿပိဳင္ပြဲရဲ႕ ၄ ပုံ ၁ ပုံေလာက္မွာ လာလီဂါအမွတ္ေပးဇယားကို ဦးေဆာင္ေနတယ္ဆိုေတာ့ ဘယ္ေလာက္ေတာင္ အံ့ၾသစရာေကာင္းလိုက္သလဲ။

ပိုၿပီးအံ့ၾသစရာေကာင္းတာက ဂရန္နာဒါတစ္သင္းလုံးရဲ႕တစ္ႏွစ္လစာဟာ ဘာစီလိုနာက မက္ဆီတစ္ေယာက္တည္းရဲ႕တစ္ႏွစ္လစာကိုေတာင္ ေပးဖို႔ မလုံေလာက္တာပါပဲ။ ၿပိဳင္ပြဲစည္းမ်ဥ္းစည္းကမ္းအရ ဂရန္နာဒါဟာ လစာအေနနဲ႔ တစ္ႏွစ္လုံးမွာ ယူရို ၃၅.၆ သန္းသာ အသုံးျပဳခြင့္ရပါတယ္။ က်န္တန္းတက္ေတြျဖစ္ၾကတဲ့ ဗယ္လာဒိုးလစ္နဲ႔မာေယာ့ကာတုိ႔ဆုိရင္ လစာအသုံးျပဳခြင့္ အဲဒီထက္ေတာင္ နည္းပါတယ္။ လက္ရွိခ်န္ပီယံဘာစီလုိနာကေတာ့ လစာေပးရမႈ စိတ္ႀကိဳက္အသုံးျပဳခြင့္ရေနၿပီး ကစားသမားေတြအတြက္ သူတို႔ရဲ႕လစာေပးမႈဟာ တစ္ႏွစ္ကို ယူရို ၆၇၁ သန္းေတာင္ ရွိပါတယ္။ အဲဒီထဲမွာ မက္ဆီက တစ္ႏွစ္လစာအျဖစ္ ယူရိုသန္း ၄၀ ရေနတာပါ။ ဒီလိုမ်ိဳးေငြေၾကးကန္႔သတ္မႈမ်ိဳးနဲ႔ ဇယားထိပ္ေရာက္လာတယ္ဆိုေတာ့ ဂရန္နာဒါဟာ အခုရာသီရဲ႕အံ့ဖြယ္တစ္သင္းပါပဲ။