တစ်ရေးနိုးမှ ပရိသတ်တွေကို ထတောင်းပန်တဲ့ ရက်ရှ်ဖို့ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးနဲ့ရှုံးပွဲအတွက် ရက်ရှ်ဖို့ဒ်က အခုတော့ ယူနိုက်တက်ဖန်တွေကိုတောင်းပန်လိုက်ပါတယ်။

တနင်္ဂနွေနေ့ကအိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ သရဲနီအသင်းက ခါးသီးပြိုင်ဘက်လီဗာပူးကို ၅-၀ နဲ့အရှက်တကွဲရှုံးနိမ့်ပြီးနောက် အရှက်ရကျန်ရစ်ခဲ့ရပါတယ်လို့

မားကပ်ရက်ရှ်ဖို့ဒ်ကဝန်ခံခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေမှာတော့ သူ့ရဲ့ဆိုရှယ်မီဒီယာကနေ နောက်ကျတောင်းပန်စကားဆိုခဲ့ပါတယ်။

ပုခုံးဒဏ်ရာခွဲစိတ်မှုအပြီး အနားယူခဲ့ရတဲ့နောက် လက်စတာကို ၄-၂ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ပထမအသင်းအတွက် ပြန်လည်ပါဝင်ကစားပေးပြီး

ဂိုးသွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ တနင်္ဂနွေနေ့က လီဗာပူးနဲ့ပွဲအတွင်း ၆၂ မိနစ်မှာ ဒါးလော့နဲ့ လူစားလဲခံခဲ့ရပြီး ပွဲပြီးရလဒ်အပေါ် အရှက်ရနေတာပါ။

ရက်ရှ်ဖို့ဒ်က” social media ပေါ်ကနေ ကျွန်တော့်ရဲ့စကားကိုခင်ဗျားတို့ ဘာမှ မကြားရသေးဘူးဆိုတာ ကျွန်တော်လိမ်ပြီး မပြောနိုင်ပါဘူး။

တနင်္ဂနွေနေ့ပွဲပြီးတဲ့နောက် ယူနိုက်တက် ပရိသတ်တွေကို ဘာပြောရမယ်မှန်းတောင် ကျွန်တော်မသိပါဘူး။

ကျွန်တော်ရှက်ခဲ့ပါတယ်။ ကျွန်တော်တို့ပရိသတ်အားလုံးဟာ ဒီလိုမျိုးအရှုံးနဲ့မထိုက် တန်ပါဘူး။

ကျွန်တော်တို့အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားနေပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ပဲ ကိုယ့်ရဲ့ အမှားကို ပြန်ပြီးဖာထေးရပါမယ်။ “လို့ ရေးထားပါတယ်။

သူရဲနီတို့ဟာ ပြိုင်ဘက်လီဗာပူးကို ဆိုးဆိုးရွားရွားအရှုံးပေးလိုက်ရပြီး နောက် အခုဆိုရင် နည်းပြဆိုးလ်ရှားအပေါ်ကို ကြီးမားတဲ့ဖိအားတွေရောက်ရှိလာစေခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်ရက်တွေအတွင်း ခက်ခဲတဲ့ ပွဲတွေ ဆက်တိုက်ကစားရဖို့ရှိနေပြီး ချယ်လ်ဆီး၊ အာဆင်နယ်၊ စပါး၊ မန်ချက်စတာ ဒါဘီပွဲတွေကို ရင်ဆိုင်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တစ္​ေရးႏိုးမွ ပရိသတ္​ေတြကို ထ​ေတာင္းပန္တဲ့ ရက္ရွ္ဖို႔ဒ္

လီဗာပူးနဲ႔ရႈံးပြဲအတြက္ ရက္ရွ္ဖို႔ဒ္က အခုေတာ့ ယူႏိုက္တက္ဖန္ေတြကိုေတာင္းပန္လိုက္ပါတယ္။တနဂၤေႏြေန႔ကအိမ္ကြင္းအိုးထရက္ဖို႔ဒ္မွာ သရဲနီအသင္းက ခါးသီးၿပိဳင္ဘက္လီဗာပူးကို ၅-၀ နဲ႔အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ အရွက္ရက်န္ရစ္ခဲ့ရပါတယ္လို႔ မားကပ္ရက္ရွ္ဖို႔ဒ္ကဝန္ခံခဲ့ၿပီး ဗုဒၶဟူးေန႔ညေနမွာေတာ့ သူ႔ရဲ႕ဆိုရွယ္မီဒီယာကေန ေနာက္က်ေတာင္းပန္စကားဆိုခဲ့ပါတယ္။

ပုခုံးဒဏ္ရာခြဲစိတ္မႈအၿပီး အနားယူခဲ့ရတဲ့ေနာက္ လက္စတာကို ၄-၂ နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ပထမအသင္းအတြက္ ျပန္လည္ပါဝင္ကစားေပးၿပီး ဂိုးသြင္းယူခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ တနဂၤေႏြေန႔က လီဗာပူးနဲ႔ပြဲအတြင္း ၆၂ မိနစ္မွာ ဒါးေလာ့နဲ႔ လူစားလဲခံခဲ့ရၿပီး ပြဲၿပီးရလဒ္အေပၚ အရွက္ရေနတာပါ။

ရက္ရွ္ဖို႔ဒ္က” social media ေပၚကေန ကြၽန္ေတာ့္ရဲ႕စကားကိုခင္ဗ်ားတို႔ ဘာမွ မၾကားရေသးဘူးဆိုတာ ကြၽန္ေတာ္လိမ္ၿပီး မေျပာႏိုင္ပါဘူး။ တနဂၤေႏြေန႔ပြဲၿပီးတဲ့ေနာက္ ယူႏိုက္တက္ ပရိသတ္ေတြကို ဘာေျပာရမယ္မွန္းေတာင္ ကြၽန္ေတာ္မသိပါဘူး။ ကြၽန္ေတာ္ရွက္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ပရိသတ္အားလုံးဟာ ဒီလိုမ်ိဳးအရႈံးနဲ႔မထိုက္ တန္ပါဘူး။ ကြၽန္ေတာ္တို႔အလုပ္ကို ျပင္းျပင္းထန္ထန္ ႀကိဳးစားေနပါတယ္။ ကြၽန္ေတာ္တို႔ကိုယ္တိုင္ပဲ ကိုယ့္ရဲ႕ အမွားကို ျပန္ၿပီးဖာ​ေထးရပါမယ္။ “လို႔ ​ေရးထားပါတယ္။

သူရဲနီတို႔ဟာ ၿပိဳင္ဘက္လီဗာပူးကို ဆိုးဆိုး႐ြား႐ြားအရႈံးေပးလိုက္ရၿပီး ​ေနာက္ အခုဆိုရင္ နည္းျပဆိုးလ္ရွားအေပၚကို ႀကီးမားတဲ့ဖိအားေတြေရာက္ရွိလာေစခဲ့ပါတယ္။

ယူႏိုက္တက္ဟာ လာမယ့္ရက္ေတြအတြင္း ခက္ခဲတဲ့ ပြဲေတြ ဆက္တိုက္ကစားရဖို႔ရွိေနၿပီး ခ်ယ္လ္ဆီး၊ အာဆင္နယ္၊ စပါး၊ မန္ခ်က္စတာ ဒါဘီပြဲေတြကို ရင္ဆိုင္ရမွာပါ။