
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘွန်ဒက်စ်လီဂါ နောက်ဆုံးအပိတ်ပွဲစဉ်ဖြစ်တဲ့ အော့စ်ဘတ်ကို ၅-၂ နဲ့အနိုင်ရတဲ့ပ့ွဲမှာ ပွဲပြီးခါနီး အပိတ်ဂိုးသွင်းနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဒီရာသီမှာ အမှတ်ပေးလိ၈်ပြိုင်ပွဲ သွင်းဂိုး ၄၁ဂိုး အထိ ရရှိခဲ့ပါပြီ။
ဒါဟာ ဂျာမနီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်မှာ စံချိန်သစ်တင်နိုင်ခဲ့တာလည်းဖြစ်ပြီး ဘိုင်ယန်တိုက်စစ်မှုးဟောင်း ဂတ်မူလားရဲ့ လိဂ်ဂိုး ၄၀ မှတ်တမ်းကို ၄၁ဂိုးသွင်းပြပြီး ချိုးဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ စီအီအိုရူမင်နစ်ဂီက လီဝန်ဒေါစကီးဟာ စီရော်နယ်ဒို၊ မက်ဆီတို့ထက် ပိုကောင်းတဲ့ ကစားသမားဖြစ်ပြီး မလဲနိုင်ဘူးလို့တောင် ချီးကျူးပြောဆိုသွားတာပါ။
“သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားပြီးပါပြီ၊ ဒါကြောင့်လည်း စီရော်နယ်ဒို၊ မက်ဆီတို့ထက် ပိုကောင်းတယ်ဆိုတဲ့ ကိစ္စမှာ ကျွန်တော့်အတွက်က ရှင်းပါတယ်၊
အမ်ဘတ်ပီလို ကစားသမားမျိုးတွေ ဘောလုံးလောကမှာ ရှိနေတာမှန်ပေမယ့် လီဝန်ဒေါစကီးက လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးပါပဲ၊ ကျွန်တော့်အမြင်အရဆိုရင် သူက စီရော်နယ်ဒို၊ မက်ဆီတို့ထက်တောင် ပိုကောင်းတဲ့ ကစားသမားပါ။
ကျွန်တော် အမှန်တရားတစ်ခု ပြောပြမယ်၊ ၁၉၇၂ ခုနှစ်မှာ ဂတ်မူလာက အမှတ်ပေးပြိုင်ပွဲ သွင်းဂိုး ၄၀ ရခဲ့ပါတယ်၊ ဒီစံချိန်ကို ဘယ်သူမှမချိုးဖျက်နိုင်ဘူးလို့ ကျွန်တော်ယုံကြည်ခဲ့တယ်၊ နှစ်ပေါင်းများစွာကြာတဲ့အထိ ဒီအမြင်က မပြောင်းလဲခဲ့ပါဘူး၊
ဒါပေမယ့် အခုတော့ လီဝန်ေါစကီးက ဒါကို လုပ်ပြနိုင်ခဲ့ပါပြီ၊ တကယ်ကို ရူးသွပ်ဖွယ်ရာပါပဲ၊
သူ အခုနောက်ဆုံးပွဲဖြစ်တဲ့ အော့စ်ဘတ်နဲ့ပွဲမှာ ဂိုးသွင်းလိုက်တော့ ဂတ်မူလာရဲ့ စံချိန်ကိုတောင် ချိုးဖျက်ပြသွားနိုင်ခဲ့ပါပြီ။
သမိုင်းဝင်ဖြစ်ရပ်ကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာပါ” လို့ ရူမင်နစ်ဂီက ပြောဆိုသွားခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း သွင်းဂိုး ၅ ဂိုးအထိ ရရှိခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။
လက်ရှိ အချိန်မှာတော့ အခြားလိဂ်တွေက ဘယ်တိုက်စစ်မှုးမှ သူ့လောက် သွင်းဂိုးမများတဲ့အတွက် ဥရောပရွှေဖိနပ်ဆုကို ရရှိသွားခဲ့ပါပြီ။
ဘွန်ဒက်လီဂါ သမိုင်းကြောင်းတလျှောက် သွင်းဂိုးစံချိန်တင်နိုင်ခဲ့တဲ့ လီဝန်ဒေါစကီးအပေါ် ရူမင်နစ်ဂီက အမွှမ်းတင်ပြောဆိုခဲ့တယ်လို့
ထင်မှတ်စရာဖြစ်နေပေမယ့် ကစားသမားကိုယ်တိုင်ကလည်း အကောင်းဆုံး သွင်းဂိုးတွေနဲ့ သက်သေပြခဲ့တဲ့ ဘောလုံးရာသီ ဖြစ်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
တစ္ရာသီ ၄၁ဂိုး သြင္းၿပီး ဘြန္ဒက္စ္လီဂါသမိုင္းရဲ႕ ဂိုးသြင္းစံခ်ိန္သစ္ရွင္ လီဝန္ေဒါစကီးကို မက္ဆီ၊ စီေရာ္နယ္ဒိုတို႔နဲ႔ေတာင္ မလဲႏိုင္
ဘြန္ဒက္စ္လီဂါ ေနာက္ဆုံးအပိတ္ပြဲစဥ္ျဖစ္တဲ့ ေအာ့စ္ဘတ္ကို ၅-၂ နဲ႔အႏိုင္ရတဲ့ပ့ြဲမွာ ပြဲၿပီးခါနီး အပိတ္ဂိုးသြင္းႏိုင္ခဲ့တဲ့ လီဝန္ေဒါစကီးဟာ ဒီရာသီမွာ အမွတ္ေပးလိ၈္ၿပိဳင္ပြဲ သြင္းဂိုး ၄၁ဂိုး အထိ ရရွိခဲ့ပါၿပီ။ ဒါဟာ ဂ်ာမနီ ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲသမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ စံခ်ိန္သစ္တင္ႏိုင္ခဲ့တာလည္းျဖစ္ၿပီး ဘိုင္ယန္တိုက္စစ္မႈးေဟာင္း ဂတ္မူလားရဲ႕ လိဂ္ဂိုး ၄၀ မွတ္တမ္းကို ၄၁ဂိုးသြင္းျပၿပီး ခ်ိဳးဖ်က္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ စီအီအို႐ူမင္နစ္ဂီက လီဝန္ေဒါစကီးဟာ စီေရာ္နယ္ဒို၊ မက္ဆီတို႔ထက္ ပိုေကာင္းတဲ့ ကစားသမားျဖစ္ၿပီး မလဲႏိုင္ဘူးလို႔ေတာင္ ခ်ီးက်ဴးေျပာဆိုသြားတာပါ။
“သူက ကမာၻ႔အေကာင္းဆုံး ကစားသမားဆုကိုလည္း ရရွိထားၿပီးပါၿပီ၊ ဒါေၾကာင့္လည္း စီေရာ္နယ္ဒို၊ မက္ဆီတို႔ထက္ ပိုေကာင္းတယ္ဆိုတဲ့ ကိစၥမွာ ကြၽန္ေတာ့္အတြက္က ရွင္းပါတယ္၊ အမ္ဘတ္ပီလို ကစားသမားမ်ိဳးေတြ ေဘာလုံးေလာကမွာ ရွိေနတာမွန္ေပမယ့္ လီဝန္ေဒါစကီးက လက္ရွိမွာ ကမာၻ႔အေကာင္းဆုံးပါပဲ၊ ကြၽန္ေတာ့္အျမင္အရဆိုရင္ သူက စီေရာ္နယ္ဒို၊ မက္ဆီတို႔ထက္ေတာင္ ပိုေကာင္းတဲ့ ကစားသမားပါ။
ကြၽန္ေတာ္ အမွန္တရားတစ္ခု ေျပာျပမယ္၊ ၁၉၇၂ ခုႏွစ္မွာ ဂတ္မူလာက အမွတ္ေပးၿပိဳင္ပြဲ သြင္းဂိုး ၄၀ ရခဲ့ပါတယ္၊ ဒီစံခ်ိန္ကို ဘယ္သူမွမခ်ိဳးဖ်က္ႏိုင္ဘူးလို႔ ကြၽန္ေတာ္ယုံၾကည္ခဲ့တယ္၊ ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အထိ ဒီအျမင္က မေျပာင္းလဲခဲ့ပါဘူး၊
ဒါေပမယ့္ အခုေတာ့ လီဝန္ေါစကီးက ဒါကို လုပ္ျပႏိုင္ခဲ့ပါၿပီ၊ တကယ္ကို ႐ူးသြပ္ဖြယ္ရာပါပဲ၊ သူ အခုေနာက္ဆုံးပြဲျဖစ္တဲ့ ေအာ့စ္ဘတ္နဲ႔ပြဲမွာ ဂိုးသြင္းလိုက္ေတာ့ ဂတ္မူလာရဲ႕ စံခ်ိန္ကိုေတာင္ ခ်ိဳးဖ်က္ျပသြားႏိုင္ခဲ့ပါၿပီ။ သမိုင္းဝင္ျဖစ္ရပ္ကို ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရတာပါ” လို႔ ႐ူမင္နစ္ဂီက ေျပာဆိုသြားခဲ့ပါတယ္။
လီဝန္ေဒါစကီးဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း သြင္းဂိုး ၅ ဂိုးအထိ ရရွိခဲ့ကာ ေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ပါတယ္။ လက္ရွိ အခ်ိန္မွာေတာ့ အျခားလိဂ္ေတြက ဘယ္တိုက္စစ္မႈးမွ သူ႔ေလာက္ သြင္းဂိုးမမ်ားတဲ့အတြက္ ဥေရာပေ႐ႊဖိနပ္ဆုကို ရရွိသြားခဲ့ပါၿပီ။ ဘြန္ဒက္လီဂါ သမိုင္းေၾကာင္းတေလွ်ာက္ သြင္းဂိုးစံခ်ိန္တင္ႏိုင္ခဲ့တဲ့ လီဝန္ေဒါစကီးအေပၚ ႐ူမင္နစ္ဂီက အမႊမ္းတင္ေျပာဆိုခဲ့တယ္လို႔ ထင္မွတ္စရာျဖစ္ေနေပမယ့္ ကစားသမားကိုယ္တိုင္ကလည္း အေကာင္းဆုံး သြင္းဂိုးေတြနဲ႔ သက္ေသျပခဲ့တဲ့ ေဘာလုံးရာသီ ျဖစ္ခဲ့ပါတယ္။