တစ်ရာသီ ကြောက်ထပြီး ဖလားရပေမယ့် နောက်နှစ်မှာ လုပ်တိုင်းမဖြစ်တော့လို့ ရုံခါရတော့မယ့် လီဗာပူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နှစ်ပေါင်း ၃၀ အတွင်း အျွှတ်ပေးချန်ပီယံဖလားကို ပထမဆုံးအကြိမ်အဖြစ် မနှစ်က ဘောလုံးရာသီက ရရှိခဲ့တဲ့ လီဗာပူးအသင်းဟာ ဒီရာသီမှာတော့ ခြေစွမ်းပိုင်း အတော်လေး ရုန်းကန်ခဲ့ရသလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း နောက်ဆုံးပွဲစဉ် ၃၈အပြီးမှ ရရှိခဲ့တာပါ။

ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပြင်ဆင်ထားတဲ့ လီဗာပူးအသင်းအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကစားသမား ၈ဦး ရောင်းချပြီး ပေါင်သန်း၈၀ အထိ ရှာဖွေနိုင်ဖို့ မျှော်လင့်နေပါတယ်။

လီဗာပူးအသင်းဟာ ရာသီသစ်အတွက် ပထမဆုံး ကစားသမားခေါ်ယူမှုအနေနဲ့ လိုက်ဇစ်အသင်း နောက်ခံလူ ကိုနာတီ ကို ပေါင်၃၆သန်း ဝန်းကျင်နဲ့ ခေါ်ယူခဲ့တာကြောင့် အသင်းက မလိုတဲ့ ကစားသမားတွေပြန်ရောင်းချပြီး ငွေကြေးရှာဖွေရမယ့် အနေအထားဖြစ်ပါတယ်။

အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပေမယ့် မလိုအပ်တဲ့ ကစားသမားတွေကို ရောင်းရပြီးမှသာ ရလာတဲ့ ပိုက်‌ဆံနဲ့ အင်အားပြန်ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။

Liverpool Echo ရဲ့ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ရှာကွီရီ၊ အိုရီဂီ တို့ကို ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း ဝန်းကျင်နဲ့ ရောင်းချဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အငှားချထားတဲ့ မီနာမီနို၊ ဂရုဂျစ်နဲ့ ဟယ်ရီဝီလ်ဆင် တို့ကိုလည်း အရောင်းစာရင်းထဲမှာ ထည့်သွင်းထားတာပါ။

ဂိုးသမား ကာရီးယက်စ်၊ ဝုဒ်ဘန်းနဲ့ အေဝိုနီယီ တို့ကိုလည်း နည်းပြ ကလောပ့်က အသုံးပြုဖို့ မရှိတော့တာကြောင့် သူတို့ဟာ အသင်းကနေရောင်းချမယ့် ကစားသမားစာရင်းထဲ ပါဝင်နေတာလည်းဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဝင်နယ်လ်ဒန် ကတော့ အသင်းနဲ့ စာချုပ်သက်တမ်းမတိုး‌တော့ဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာသွားပြီလည်းဖြစ်ပါတယ်။ အဲဒါကြောင့် လီဗာပူးအသင်းဟာ သူ့နေရာကို ပြန်ဖြည့်တင်းဖို့ လိုနေပါတယ်။

လီဗာပူးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂ ရာသီဆက်မှာ အဓိကဆုဖလားတွေလို့ ပြောနိုင်တဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပေမယ့်

ဒီရာသီမှာ အဓိကနောက်ခံလူ ဗန်ဒိုက် အပါအဝင် အဓိက နောက်ခံလူတွေရဲ့ ဒဏ်ရာပြသနာကိုယ်စီ ရရှိခဲ့ပြီး ရလဒ်တွေ တောက်လျှောက်ကျဆင်းသွားခဲ့သလို အမှတ်ပေးဇယားမှာ ထိပ်ဆုံး ၅သင်းအပြင်ဖက်အထိ ရောက်ရှိခဲ့သေးတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi





