တစ်ပွဲတည်း ၆ဂိုးသွင်း၊ ၄ဂိုးဖန်တီးကာ စံချိန်သစ်တင်နိုင်ခဲ့တဲ့ အာဆင်နယ်ကြယ်ပွင့်

Photo Credit

Photo Credit

အာဆင်နယ်အသင်းကြယ်ပွင့် ဗီဗီယန်နီမိုင်ဒီမာဟာ ဘရစ္စတိုးစီးတီးနဲ့ပွဲမှာ အသင်းအတွက် ၁၀ဂိုးမှာ အဓိကနေရာကနေ ပါဝင်ပတ်သက်ခဲ့ရာ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ ပွဲတစ်ပွဲအတွင်း ဂိုးအများဆုံးပါဝင်ပတ်သက်သူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit

အသက် ၂၃နှစ်အရွယ်ရှိ ဗီဗီယန်နီဟာ တနင်္ဂနွေနေ့က ဘရစ္စတိုးစီးတီးကို ၁၁-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၆ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး အာဆင်နယ်အသင်းကလည်း ပွဲကစားချိန် ၆၅ မိနစ်အတွင်း ၁၀-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit

သူဟာ အီဗန်နဲ့ ဝီလျံဆန်တို့အတွက် ဂိုးဖန်တီးပေးနိုင်ခဲ့ပြီးနောက် ပထမပိုင်းမပြီးခင်မှာပဲ ကိုယ်တိုင် ၃ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း နောက်ထပ် ဟက်ထရစ်ရယူကာ ဂိုးဖန်တီးမှု ၂ကြိမ်ထပ်မံပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit

နယ်သာလန်ကြယ်ပွင့် ဗီဗီယန်နီဟာ ၆ဂိုးမြောက်သွင်းယူခဲ့ပြီးသိပ်မကြာခင် လူစားလဲခံခဲ့ရပေမယ့် အာဆင်နယ်အသင်းကတော့ ဆက်လက်တိုက်စစ်ဆင်ခဲ့ပြီး မစ်ချဲလ်က ၁၁ဂိုးမြောက်သွင်းယူနိုင်ခဲ့ပြီး ဘရစ္စတိုးစီးတီးက နှစ်သိမ့်ဂိုချေပဂိုးသွင်းယူခဲ့တာပါ။

Photo Credit

ဗီဗီယန်နီဟာ အရင်တုန်းကလည်း အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲမှာ ပွဲတစ်ပွဲအတွင်း သွင်းဂိုးအများဆုံးပါဝင်ပတ်သက်သူအဖြစ် စံချိန်တင်ထားသူဖြစ်ပြီး ၂၀၁၈ စက်တင်ဘာလက လီဗာပူးနဲ့ပွဲမှာ ၂ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တာပါ။

Photo Credit

အာဆင်နယ်အသင်းကလည်း အခုလိုဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီး အဖွင့်ပွဲစဉ် ၈ပွဲမှာ ၂၁မှတ်အထိ ရယူထားနိုင်ပါတယ်။

Photo Credit

လန်ဒန်မှာ ဂိုးသွင်းစွမ်းရည်သာမက ဂိုးဖန်တီးမှုစွမ်းရည်ပါ မြင့်တက်နေပေမယ့် ဗီဗီယန်နီကတော့ သူ့ရဲ့တစ်ဦးချင်းမှတ်တမ်းတွေကို စိတ်မဝင်စားဘဲ အသင်းနဲ့အတူ ချန်ပီယံဆုဖလားတွေရယူနိုင်ဖို့ပဲ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

Photo Credit

အာဆင်နယ်အသင်းဟာ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးမားဆုံးနိုင်ပွဲအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က ဒွန်ကက်စတာအသင်းကို လီဗာပူးအသင်း ၉-၀ ဂိုးနဲ့အနိုင်ရကာ စံချိန်တင်ထားတာကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit

Zawgyi

တစ္ပြဲတည္း ၆ဂိုးသြင္း၊ ၄ဂိုးဖန္တီးကာ စံခ်ိန္သစ္တင္ႏုိင္ခဲ့တဲ့ အာဆင္နယ္ၾကယ္ပြင့္

အာဆင္နယ္အသင္းၾကယ္ပြင့္ ဗီဗီယန္နီမိုင္ဒီမာဟာ ဘရစၥတိုးစီးတီးနဲ႔ပြဲမွာ အသင္းအတြက္ ၁၀ဂိုးမွာ အဓိကေနရာကေန ပါ၀င္ပတ္သက္ခဲ့ရာ အမ်ိဳးသမီးစူပါလိဂ္ၿပိဳင္ပြဲမွာ ပြဲတစ္ပြဲအတြင္း ဂိုးအမ်ားဆုံးပါ၀င္ပတ္သက္သူအျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
အသက္ ၂၃ႏွစ္အရြယ္ရွိ ဗီဗီယန္နီဟာ တနဂၤေႏြေန႔က ဘရစၥတုိးစီးတီးကို ၁၁-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ၆ဂိုးသြင္းယူကာ ဂုိးဖန္တီးမႈ ၄ႀကိမ္ျပဳလုပ္ေပးႏုိင္ခဲ့ၿပီး အာဆင္နယ္အသင္းကလည္း ပြဲကစားခ်ိန္ ၆၅ မိနစ္အတြင္း ၁၀-၀ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
သူဟာ အီဗန္နဲ႔ ၀ီလ်ံဆန္တို႔အတြက္ ဂိုးဖန္တီးေပးႏိုင္ခဲ့ၿပီးေနာက္ ပထမပိုင္းမၿပီးခင္မွာပဲ ကိုယ္တုိင္ ၃ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ေနာက္ထပ္ ဟက္ထရစ္ရယူကာ ဂိုးဖန္တီးမႈ ၂ႀကိမ္ထပ္မံျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
နယ္သာလန္ၾကယ္ပြင့္ ဗီဗီယန္နီဟာ ၆ဂိုးေျမာက္သြင္းယူခဲ့ၿပီးသိပ္မၾကာခင္ လူစားလဲခံခ့ဲရေပမယ့္ အာဆင္နယ္အသင္းကေတာ့ ဆက္လက္တုိက္စစ္ဆင္ခဲ့ၿပီး မစ္ခ်ဲလ္က ၁၁ဂိုးေျမာက္သြင္းယူႏုိင္ခဲ့ၿပီး ဘရစၥတုိးစီးတီးက ႏွစ္သိမ့္ဂိုေခ်ပဂိုးသြင္းယူခဲ့တာပါ။
ဗီဗီယန္နီဟာ အရင္တုန္းကလည္း အမ်ိဳးသမီးစူပါလိဂ္ၿပိဳင္ပြဲမွာ ပြဲတစ္ပြဲအတြင္း သြင္းဂိုးအမ်ားဆုံးပါ၀င္ပတ္သက္သူအျဖစ္ စံခ်ိန္တင္ထားသူျဖစ္ၿပီး ၂၀၁၈ စက္တင္ဘာလက လီဗာပူးနဲ႔ပြဲမွာ ၂ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၃ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့တာပါ။
အာဆင္နယ္အသင္းကလည္း အခုလုိဂိုးျပတ္အႏိုင္ရခဲ့ၿပီးေနာက္ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ခဲ့ၿပီး အဖြင့္ပြဲစဥ္ ၈ပြဲမွာ ၂၁မွတ္အထိ ရယူထားႏုိင္ပါတယ္။
လန္ဒန္မွာ ဂိုးသြင္းစြမ္းရည္္သာမက ဂိုးဖန္တီးမႈစြမ္းရည္ပါ ျမင့္တက္ေနေပမယ့္ ဗီဗီယန္နီကေတာ့ သူ႕ရဲ႕တစ္ဦးခ်င္းမွတ္တမ္းေတြကို စိတ္မ၀င္စားဘဲ အသင္းနဲ႔အတူ ခ်န္ပီယံဆုဖလားေတြရယူႏုိင္ဖုိ႔ပဲ ရည္မွန္းထားတယ္လုိ႔ ဆုိပါတယ္။
အာဆင္နယ္အသင္းဟာ အမ်ိဳးသမီးစူပါလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံးႏိုင္ပြဲအျဖစ္လည္း စံခ်ိန္တင္ႏုိင္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္က ဒြန္ကက္စတာအသင္းကုိ လီဗာပူးအသင္း ၉-၀ ဂိုးနဲ႔အႏုိင္ရကာ စံခ်ိန္တင္ထားတာကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။