တစ်ပတ်ကို ပေါင်သိန်းနဲ့ချီရနေပြီး နာမည်ကျော်တစ်ယောက်ဖြစ်ပေမယ့် သာမန်လူတွေလိုပဲ စူပါမားကတ်မှာ စျေးလာဝယ်တဲ့ ကွန်တေ

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

နာမည်ကျော်ဘောလုံးသမားအများစုဟာ ပြိုင်ကားအမျိုးမျိုး၊ ပေါင်သိန်း၊သန်းနဲ့ချီတဲ့ အိမ်ကြီးအိမ်ကောင်းတွေ ဝယ်၊ တန်ဖိုးကြီးတဲ့ Luxury ပစ္စည်းအမျိုးမျိုးအတွက် ငွေကုန်ကြေးကျခံသုံးစွဲလေ့ရှိပေမယ့် ချယ်လ်ဆီးကွင်းလယ်လူကွန်တေကတော့

သူ့ကိုယ်သူ နာမည်ကျော်ဘောလုံးသမားဆိုတာ မေ့နေသလားလို့တောင်ထင်ရအောင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလေ့ရှိပြီး အခုလည်း တခြားထိတ်ထိတ်ကြဲဘောလုံးသမားတွေ တစ်ခါမှမလုပ်ဖူးတဲ့ စူပါမားကတ်မှာ သာမန်လူတစ်ယောက်လို စျေးလာဝယ်ခဲ့တာကြောင့် တကယ့်ကို ရှားရှားပါးပါးလို့ပြောရမယ်။

အသက်(၃၀)နှစ်အရွယ်ရှိပြီဖြစ်သူ ကွန်တေဟာ ပြင်သစ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့အတွက် ကမ္ဘာ့ဖလား၊ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်စတဲ့အဓိကဆုဖလားတွေရယူခဲ့သလို

သူ့တစ်ပတ်လစာက ပေါင်သိန်းနဲ့ချီရှိပေမယ့် တခြားနာမည်ကျော်တွေလို ထင်ပေါ်ကျော်ကြားမှုကို အရမ်းဂရုစိုက်လေ့မရှိဘဲ သူလိုကိုယ်လိုပဲ သွားလာလှုပ်ရှားနေတာဖြစ်ပြီး သူ အခုစီးနေတာက လွန်ခဲ့တဲ့(၆)နှစ်လောက်ကတည်းက ဝယ်ခဲ့တဲ့ Mini Cooper ကားလေးဖြစ်ပါတယ်။

ထိပ်သီးဘောလုံးသမားတွေမပြောနဲ့ ကဏ္ဍအသီးသီးက နာမည်ကျော် Cele တွေဟာ သာမန်စူပါမားကတ်မှာ စျေးလာဝယ်ဖို့ဆိုတာက ‘မိုးပေါ်က အပ်တစ်စင်းနဲ့ မြေပေါ်က အပ်တစ်စင်း’ဆုံချင်ဆုံလိမ့်မယ်၊ ဒီ Cele တွေ စူပါမားကတ်မှာ စျေးလာဝယ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။

ဒါပေမဲ့ ကွန်တေကတော့ အဲဒီလိုလူတန်းစားထဲမှာ မပါတာကြောင့် သူလိုအပ်တာတွေဝယ်ဖို့ လန်ဒန်က Asda စူပါမားကတ်မှာ စျေးလာဝယ်တာဖြစ်ပြီး ပရိသတ်တစ်ဦးနဲ့ပါ ဓာတ်ပုံအတူတွဲရိုက်လိုက်ပါသေးတယ်။

ဆာဖက်ဇ်အာမတ်လို့အမည်ရတဲ့ အမျိုးသားတစ်ဦးက Asda စူပါမားကတ်မှာ ကွန်တေနဲ့ ဆုံတွေ့ချိန်မှာတော့ အံ့အားတကြီးဖြစ်ခဲ့ရတဲ့အပြင် အမှတ်တရဖြစ်အောင်လို့ ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် သူက ကွန်တေနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံကို Twitter မှာ Post တင်ပြီးတော့ “လိုအပ်တာလေးတွေဝယ်ဖို့ Asda စူပါမားကတ်ကို သွားခဲ့ချိန်မှာ ဘယ်သူနဲ့တွေ့ခဲ့ရတယ်လို့ ထင်ကြတုန်း။

တကယ့်ကို မယုံနိုင်လောက်အောင်ဖြစ်ပြီး ကွန်တေဟာ ထူးချွန်တဲ့ဘောလုံးသမားတစ်ယောက်ဖြစ်သလို မာန်မာနမရှိဘဲ သာမန်လူတွေလိုနေထိုင်သွားလာနေတာပါ။ သူက ကျွန်တော်နဲ့ လိုလိုလားလားပဲ ဓာတ်ပုံအရိုက်ခံခဲ့ပြီး တော်တော်လေးယဉ်ကျေးတဲ့သူတစ်ယောက်ပါပဲ။

ထိပ်တန်းအဆင့်ဘောလုံးသမားတစ်ယောက်က မာန်မာနမရှိဘဲ ဒီလိုနှိမ့်ချနေတာက တကယ်ချီးကျူးဖို့ကောင်းပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ငယ်ငယ်လေးကတည်းက အနေအေးပြီး လူတွေကြားထဲမှာ မထင်မရှားသာနေတတ်လေ့ရှိတဲ့ ကွန်တေဟာ ကွင်းထဲမှာသာ အားကြိုးမာန်တက်နဲ့ ဝုန်းဒိုင်းကြဲကစားတတ်ပေမယ့် ကွင်းပြင်ပမှာတော့ ထင်ပေါ်ကျော်ကြားမှုကို အလိုမရှိဘဲ သူ့ဘဝကို အေးအေးချမ်းချမ်း လျှောက်လှမ်းနေတာပဲဖြစ်ပါတယ် . . .

Facebook Page => https://bit.ly/3AQZRVp  | App Download Link => https://bit.ly/3k41mc4

zawgyi

တစ္ပတ္ကို ေပါင္သိန္းနဲ႔ခ်ီရေနၿပီး နာမည္ေက်ာ္တစ္ေယာက္ျဖစ္ေပမယ့္ သာမန္လူေတြလိုပဲ စူပါမားကတ္မွာ ေစ်းလာဝယ္တဲ့ ကြန္ေတ

နာမည္ေက်ာ္ေဘာလုံးသမားအမ်ားစုဟာ ၿပိဳင္ကားအမ်ိဳးမ်ိဳး၊ ေပါင္သိန္း၊သန္းနဲ႔ခ်ီတဲ့ အိမ္ႀကီးအိမ္ေကာင္းေတြ ဝယ္၊ တန္ဖိုးႀကီးတဲ့ Luxury ပစၥည္းအမ်ိဳးမ်ိဳးအတြက္ ေငြကုန္ေၾကးက်ခံသုံးစြဲေလ့ရွိေပမယ့္ ခ်ယ္လ္ဆီးကြင္းလယ္လူကြန္ေတကေတာ့ သူ႔ကိုယ္သူ နာမည္ေက်ာ္ေဘာလုံးသမားဆိုတာ ေမ့ေနသလားလို႔ေတာင္ထင္ရေအာင္ ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်ေလ့ရွိၿပီး အခုလည္း တျခားထိတ္ထိတ္ႀကဲေဘာလုံးသမားေတြ တစ္ခါမွမလုပ္ဖူးတဲ့ စူပါမားကတ္မွာ သာမန္လူတစ္ေယာက္လို ေစ်းလာဝယ္ခဲ့တာေၾကာင့္ တကယ့္ကို ရွားရွားပါးပါးလို႔ေျပာရမယ္။

အသက္(၃၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ကြန္ေတဟာ ျပင္သစ္အသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔အတြက္ ကမာၻ႔ဖလား၊ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္စတဲ့အဓိကဆုဖလားေတြရယူခဲ့သလို သူ႔တစ္ပတ္လစာက ေပါင္သိန္းနဲ႔ခ်ီရွိေပမယ့္ တျခားနာမည္ေက်ာ္ေတြလို ထင္ေပၚေက်ာ္ၾကားမႈကို အရမ္းဂ႐ုစိုက္ေလ့မရွိဘဲ သူလိုကိုယ္လိုပဲ သြားလာလႈပ္ရွားေနတာျဖစ္ၿပီး သူ အခုစီးေနတာက လြန္ခဲ့တဲ့(၆)ႏွစ္ေလာက္ကတည္းက ဝယ္ခဲ့တဲ့ Mini Cooper ကားေလးျဖစ္ပါတယ္။ ထိပ္သီးေဘာလုံးသမားေတြမေျပာနဲ႔ က႑အသီးသီးက နာမည္ေက်ာ္ Cele ေတြဟာ သာမန္စူပါမားကတ္မွာ ေစ်းလာဝယ္ဖို႔ဆိုတာက ‘မိုးေပၚက အပ္တစ္စင္းနဲ႔ ေျမေပၚက အပ္တစ္စင္း’ဆုံခ်င္ဆုံလိမ့္မယ္၊ ဒီ Cele ေတြ စူပါမားကတ္မွာ ေစ်းလာဝယ္ဖို႔က ဘယ္လိုမွ မျဖစ္ႏိုင္တဲ့ကိစၥပါပဲ။

ဒါေပမဲ့ ကြန္ေတကေတာ့ အဲဒီလိုလူတန္းစားထဲမွာ မပါတာေၾကာင့္ သူလိုအပ္တာေတြဝယ္ဖို႔ လန္ဒန္က Asda စူပါမားကတ္မွာ ေစ်းလာဝယ္တာျဖစ္ၿပီး ပရိသတ္တစ္ဦးနဲ႔ပါ ဓာတ္ပုံအတူတြဲ႐ိုက္လိုက္ပါေသးတယ္။ ဆာဖက္ဇ္အာမတ္လို႔အမည္ရတဲ့ အမ်ိဳးသားတစ္ဦးက Asda စူပါမားကတ္မွာ ကြန္ေတနဲ႔ ဆုံေတြ႕ခ်ိန္မွာေတာ့ အံ့အားတႀကီးျဖစ္ခဲ့ရတဲ့အျပင္ အမွတ္တရျဖစ္ေအာင္လို႔ ဓာတ္ပုံ႐ိုက္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ သူက ကြန္ေတနဲ႔အတူ႐ိုက္ထားတဲ့ ဓာတ္ပုံကို Twitter မွာ Post တင္ၿပီးေတာ့ “လိုအပ္တာေလးေတြဝယ္ဖို႔ Asda စူပါမားကတ္ကို သြားခဲ့ခ်ိန္မွာ ဘယ္သူနဲ႔ေတြ႕ခဲ့ရတယ္လို႔ ထင္ၾကတုန္း။

တကယ့္ကို မယုံႏိုင္ေလာက္ေအာင္ျဖစ္ၿပီး ကြန္ေတဟာ ထူးခြၽန္တဲ့ေဘာလုံးသမားတစ္ေယာက္ျဖစ္သလို မာန္မာနမရွိဘဲ သာမန္လူေတြလိုေနထိုင္သြားလာေနတာပါ။ သူက ကြၽန္ေတာ္နဲ႔ လိုလိုလားလားပဲ ဓာတ္ပုံအ႐ိုက္ခံခဲ့ၿပီး ေတာ္ေတာ္ေလးယဥ္ေက်းတဲ့သူတစ္ေယာက္ပါပဲ။ ထိပ္တန္းအဆင့္ေဘာလုံးသမားတစ္ေယာက္က မာန္မာနမရွိဘဲ ဒီလိုႏွိမ့္ခ်ေနတာက တကယ္ခ်ီးက်ဴးဖို႔ေကာင္းပါတယ္”လို႔ ေရးသားခဲ့ပါတယ္။ ငယ္ငယ္ေလးကတည္းက အေနေအးၿပီး လူေတြၾကားထဲမွာ မထင္မရွားသာေနတတ္ေလ့ရွိတဲ့ ကြန္ေတဟာ ကြင္းထဲမွာသာ အားႀကိဳးမာန္တက္နဲ႔ ဝုန္းဒိုင္းႀကဲကစားတတ္ေပမယ့္ ကြင္းျပင္ပမွာေတာ့ ထင္ေပၚေက်ာ္ၾကားမႈကို အလိုမရွိဘဲ သူ႔ဘဝကို ေအးေအးခ်မ္းခ်မ္း ေလွ်ာက္လွမ္းေနတာပဲျဖစ္ပါတယ္ . . .