တစ်နှစ်လစာပေါင် ၂၁ သန်းနဲ့ပီအက်စ်ဂျီရဲ့ကမ်းလှမ်းမှုကို အမ်ဘတ်ပီစိတ်မဝင်စား

Photo-Internet
Photo-Internet

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူ း အမ်ဘတ်ပီဟာအသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့စိတ်မဝင်စားတော့တဲ့အတွက် ရီးရဲလ်မက်ဒရစ်ကို သူရောက်ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေကိုပိုမိုခိုင်မာလာစေတယ်လို့ သိရပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ အမ်ဘတ်ပီ ဟာပီအက်စ်ဂျီမှာ ကစားရတာကိုမပျော်တော့ဘူးလို့ လည်းဆိုပါတယ်။

ကလပ်ဘက်ကတော့ သူ့ကိုရေရှည်ဆက်ထိန်းနိုင်ဖို့အတွက် တစ်နှစ်လစာပေါင် ၂၁ သန်းအထိပေးပြီး ၂၀၂၅ အထိစာချုပ်ဖို့ ကမ်းလှမ်းထားပေမယ့် ကစားသမားဘက်ကလက်မခံသေးပါဘူး။ အမ်ဘတ်ပီရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၂ အထိသက်တမ်းရှိထားတယ်လို့လည်း သိရပါတယ်။

Photo-Internet

မာကာသတင်းစာကြီးရဲ့အဆိုအရ ပီအက်စ်ဂျီဟာ အမ်ဘတ်ပီရဲ့ရည်မှန်းချက်ကိုဖြည့်ဆည်းပေးနိုင်မယ့် အသင်းမဖြစ်တော့လို့ သူကစာချုပ်သစ်ချုပ်ဖို့ စိတ်မဝင်စားတော့တာလို့ လည်းဖော်ပြသွားပါတယ်။ ဒါကြောင့်လည်း မကြာသေးခင်က အသင်းရဲ့ပွဲတွေမှာသူ့ရဲ့အာရုံစူးစိုက်မှုနဲ့ ပတ်သက်ပြီးမေးခွန်းထုတ်ခံရမှုတွေလည်း ှရှိနေပါတယ်။

Photo-Internet

ပီအက်စ်ဂျီရဲ့နောက်ဆုံး ၂ ပွဲဖြစ်တဲ့ နန့်တက်စ်နဲ့ မွန့်ပယ်လီယာတို့နဲ့ပွဲတွေမှာနည်းပြ တူချယ်ကလူစားလဲခဲ့တဲ့အထိ ဖြစ်ခဲ့ပြီး ဒီလိုလူစားလဲခံရမှု ၂ ကြိမ်စလုံးမှာလည်း သူဟာဆိုးရွားစွာတုံ့ပြန်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်လည်း ကလပ်ဘက်ကရော တူချယ်ဘက်ကပါ အမ်ဘတ်ပီ ကိုလက်လွှတ်ဖို့ ဆန္ဒရှိနေကြတာဖြစ်ပါတယ်။

Photo-Internet

ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘတ်ပီကိုခေါ်ယူဖို့ အဖြစ်နိုင်ဆုံးအသင်းဖြစ်နေပြီး ခေါ်ယူမယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ လီဗာပူးအသင်းဟာလည်း သူ့ကိုခေါ်ယူလိုနေပေမယ့် နည်းပြဂျာဂင်ကလော့ပ်ကတော့ အမ်ဘတ်ပီရဲ့တန်ကြေးကိုလိုက်မီမှာမဟုတ်ဖူးလို့ ဆိုထားပါတယ်။

Photo-Internet

Zawgyi

တစ္ႏွစ္လစာေပါင္ ၂၁ သန္းနဲ႔ပီအက္စ္ဂ်ီရဲ႕ကမ္းလွမ္းမႈကို အမ္ဘတ္ပီစိတ္မ၀င္စား

ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွဴ း အမ္ဘတ္ပီဟာအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔စိတ္မ၀င္စားေတာ႔တဲ႔အတြက္ ရီးရဲလ္မက္ဒရစ္ကို သူေရာက္ရွိႏိုင္တယ္ဆိုတဲ႔ သတင္းေတြကိုပိုမိုခိုင္မာလာေစတယ္လို႔ သိရပါတယ္။ အသက္ ၂၀ သာရွိေသးတဲ႔ အမ္ဘတ္ပီ ဟာပီအက္စ္ဂ်ီမွာ ကစားရတာကိုမေပ်ာ္ေတာ႔ဘူးလို႔ လည္းဆိုပါတယ္။

ကလပ္ဘက္ကေတာ႔ သူ႔ကိုေရရွည္ဆက္ထိန္းႏိုင္ဖို႔အတြက္ တစ္ႏွစ္လစာေပါင္ ၂၁ သန္းအထိေပးၿပီး ၂၀၂၅ အထိစာခ်ဳပ္ဖို႔ ကမ္းလွမ္းထားေပမယ္႔ ကစားသမားဘက္ကလက္မခံေသးပါဘူး။ အမ္ဘတ္ပီရဲ႕လက္ရွိစာခ်ဳပ္ဟာ ၂၀၂၂ အထိသက္တမ္းရွိထားတယ္လို႔လည္း သိရပါတယ္။

မာကာသတင္းစာႀကီးရဲ႕အဆိုအရ ပီအက္စ္ဂ်ီဟာ အမ္ဘတ္ပီရဲ႕ရည္မွန္းခ်က္ကိုျဖည့္ဆည္းေပးႏိုင္မယ္႔ အသင္းမျဖစ္ေတာ႔လို႔ သူကစာခ်ဳပ္သစ္ခ်ဳပ္ဖို႔ စိတ္မ၀င္စားေတာ႔တာလို႔ လည္းေဖာ္ျပသြားပါတယ္။ ဒါေၾကာင့္လည္း မၾကာေသးခင္က အသင္းရဲ႕ပြဲေတြမွာသူ႔ရဲ႕အာရုံစူးစိုက္မႈနဲ႔ ပတ္သက္ၿပီးေမးခြန္းထုတ္ခံရမႈေတြလည္း ွရွိေနပါတယ္။

ပီအက္စ္ဂ်ီရဲ႕ေနာက္ဆုံး ၂ ပြဲျဖစ္တဲ႔ နန္႔တက္စ္နဲ႔ မြန္႔ပယ္လီယာတို႔နဲ႔ပြဲေတြမွာနည္းျပ တူခ်ယ္ကလူစားလဲခဲ့တဲ႔အထိ ျဖစ္ခဲ့ၿပီး ဒီလိုလူစားလဲခံရမႈ ၂ ႀကိမ္စလုံးမွာလည္း သူဟာဆိုးရြားစြာတုံ႔ျပန္ခဲ့တာကိုလည္း ေတြ႔ရပါတယ္။ ဒါေၾကာင့္လည္း ကလပ္ဘက္ကေရာ တူခ်ယ္ဘက္ကပါ အမ္ဘတ္ပီ ကိုလက္လႊတ္ဖုိ႔ ဆႏၵရွိေနၾကတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အမ္ဘတ္ပီကိုေခၚယူဖို႔ အျဖစ္ႏိုင္ဆုံးအသင္းျဖစ္ေနၿပီး ေခၚယူမယ္လို႔လည္း သတင္းေတြထြက္ေပၚခဲ့ၿပီးျဖစ္ပါတယ္။ လီဗာပူးအသင္းဟာလည္း သူ႔ကိုေခၚယူလိုေနေပမယ္႔ နည္းျပဂ်ာဂင္ကေလာ႔ပ္ကေတာ႔ အမ္ဘတ္ပီရဲ႕တန္ေၾကးကိုလိုက္မီမွာမဟုတ္ဖူးလို႔ ဆိုထားပါတယ္။