တစ်နှစ်လစာပေါင်သန်း ၅၀ ပေးရလည်း မက်ဆီကိုခေါ်ဖို့ မန်ယူစီစဉ်နေ

Photo- Internet
Photo- Internet

မန်ယူအသင်းဟာ ဘာစီလိုနာနဲ့အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူ း မက်ဆီကိုခေါ်ယူလိုတဲ့အသင်းတွေထဲမှာပါဝင်လာတယ်လို့ သိရပါတယ်။ မက်ဆီဟာမကြာသေးခင် ကလပ်ရဲ့အားကစားဒါရိုက်တာ အဘီဒယ်နဲ့ လူသိရှင်ကြားအခြေအတင်ဖြစ်ပြီး ရာသီကုန်ရင်ကလပ်နဲ့လမ်းခွဲလိမ့်မယ်လို့ သတင်းတွေထွက်နေတာပါ။

အဘီဒယ်က အရင်နည်းပြ ဗယ်ဗာဒီထုတ်ပယ်ခံလိုက်ရမှုမှာ ကစားသမားတွေအပြစ်ရှိတယ်လို့ ပြောပြီးနောက် မက်ဆီကတုံ့ပြန်ရာကနေတစ်ဆင့် သူတို့ကြားပြဿ     နာရှိခဲ့တာပါ။ ဒါကိုကလပ်ဥက္ကဋ္ဌ ဘာတိုမြူ က ကြားဝင်ရှင်းပေးခဲ့ပေမယ့်လည်း အဘီဒယ်ကိုထုတ်ပယ်ဖို့မရှိတဲ့အတွက် မက်ဆီကဒေါသထွက်နေတယ်လို့လည်းဆိုပါတယ်။

Photo- Internet

သူဟာ ဘာစီလိုနာနဲ့ ၂၀၂၁ အထိစာချုပ်သက်တမ်းရှိထားပေမယ့် သူသာဆန္ဒရှိရင် လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိမယ့် အချက်ကိုစာချုပ်ထဲမှာထည့်သွင်းထားပါတယ်။ သူ့အနေနဲ့ထွက်ခြင်တယ်ဆိုရင် တစ်လကြိုပြီးအကြောင်းကြားလိုက်ရုံဘဲ ဖြစ်လို့ အခြားကလပ်တွေအတွက်အခွင့်အရေးတစ်ရပ်ဖြစ်လာခဲ့ရပါတယ်။

Photo- Internet

ဒါကြောင့် သူ့ကို ဆရာဟောင်းဖြစ်သူ ဂွာဒီယိုလာကိုင်တွယ်နေတဲ့ မန်စီးတီး၊ ပီအက်စ်ဂျီ အစရှိတဲ့အသင်းတွေအပြင် မန်ယူကပါခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။ သူ့ကိုတစ်ပြားတစ်ချပ်မှမကုန်ဘဲ ရရှိနိုင်မှာဖြစ်ပေမယ့် သူ့လစာကတစ်နှစ်ကိုပေါင်သန်း ၅၀ ဖြစ်လို့ ဒီအချက်ကအခက်တွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်း မန်ယူက မက်ဆီကိုသာရမယ်ဆိုရင် အခြားကလပ်တွေနည်းတူ တစ်နှစ်ပေါင်သန်း ၅၀ ပေးဖို့ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

Photo- Internet

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာသမိုင်းမှာရော ဘောလုံးသမိုင်းမှာပါအငြင်းပွားဖွယ်ရာမရှိတဲ့ အကောင်းဆုံးကစားသမားဖြစ်ပြီး Ballon d’Or ဆုကိုလည်း ၆ ကြိမ်မြောက်အဖြစ် စံချိန်တင်ရရှိခဲ့သူဖြစ်ပြီး ကလပ်အဆင့်မှာ သူမရဘူးတဲ့ ဆုဖလားမရှိခဲ့ပါဘူး။

Photo- Internet

Zawgyi

တစ္ႏွစ္လစာေပါင္သန္း ၅၀ ေပးရလည္း မက္ဆီကိုေခၚဖို႔ မန္ယူစီစဥ္ေန

မန္ယူအသင္းဟာ ဘာစီလိုနာနဲ႔အဆင္မေျပျဖစ္ေနတဲ႔ တိုက္စစ္မွဴ း မက္ဆီကိုေခၚယူလိုတဲ႔အသင္းေတြထဲမွာပါ၀င္လာတယ္လို႔ သိရပါတယ္။ မက္ဆီဟာမၾကာေသးခင္ ကလပ္ရဲ႕အားကစားဒါရိုက္တာ အဘီဒယ္နဲ႔ လူသိရွင္ၾကားအေျခအတင္ျဖစ္ၿပီး ရာသီကုန္ရင္ကလပ္နဲ႔လမ္းခြဲလိမ့္မယ္လို႔ သတင္းေတြထြက္ေနတာပါ။

အဘီဒယ္က အရင္နည္းျပ ဗယ္ဗာဒီထုတ္ပယ္ခံလိုက္ရမႈမွာ ကစားသမားေတြအျပစ္ရွိတယ္လို႔ ေျပာၿပီးေနာက္ မက္ဆီကတုံ႔ျပန္ရာကေနတစ္ဆင့္ သူတို႔ၾကားျပႆ     နာရွိခဲ့တာပါ။ ဒါကိုကလပ္ဥကၠ႒ ဘာတိုျမဴ က ၾကား၀င္ရွင္းေပးခဲ့ေပမယ္႔လည္း အဘီဒယ္ကိုထုတ္ပယ္ဖို႔မရွိတဲ႔အတြက္ မက္ဆီကေဒါသထြက္ေနတယ္လို႔လည္းဆိုပါတယ္။

သူဟာ ဘာစီလိုနာနဲ႔ ၂၀၂၁ အထိစာခ်ဳပ္သက္တမ္းရွိထားေပမယ္႔ သူသာဆႏၵရွိရင္ လာမယ္႔ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ရရွိမယ္႔ အခ်က္ကိုစာခ်ဳပ္ထဲမွာထည့္သြင္းထားပါတယ္။ သူ႔အေနနဲ႔ထြက္ျခင္တယ္ဆိုရင္ တစ္လႀကိဳၿပီးအေၾကာင္းၾကားလိုက္ရုံဘဲ ျဖစ္လို႔ အျခားကလပ္ေတြအတြက္အခြင့္အေရးတစ္ရပ္ျဖစ္လာခဲ့ရပါတယ္။

ဒါေၾကာင့္ သူ႔ကို ဆရာေဟာင္းျဖစ္သူ ဂြာဒီယိုလာကိုင္တြယ္ေနတဲ႔ မန္စီးတီး၊ ပီအက္စ္ဂ်ီ အစရွိတဲ႔အသင္းေတြအျပင္ မန္ယူကပါေခၚယူဖို႔စိတ္၀င္စားေနတာျဖစ္ပါတယ္။ သူ႔ကိုတစ္ျပားတစ္ခ်ပ္မွမကုန္ဘဲ ရရွိႏိုင္မွာျဖစ္ေပမယ္႔ သူ႔လစာကတစ္ႏွစ္ကိုေပါင္သန္း ၅၀ ျဖစ္လို႔ ဒီအခ်က္ကအခက္ေတြ႔ႏိုင္ပါတယ္။ ဒါေပမယ္႔လည္း မန္ယူက မက္ဆီကိုသာရမယ္ဆိုရင္ အျခားကလပ္ေတြနည္းတူ တစ္ႏွစ္ေပါင္သန္း ၅၀ ေပးဖို႔ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ႔ မက္ဆီဟာ ဘာစီလိုနာသမိုင္းမွာေရာ ေဘာလုံးသမိုင္းမွာပါအျငင္းပြားဖြယ္ရာမရွိတဲ႔ အေကာင္းဆုံးကစားသမားျဖစ္ၿပီး Ballon d’Or ဆုကိုလည္း ၆ ႀကိမ္ေျမာက္အျဖစ္ စံခ်ိန္တင္ရရွိခဲ့သူျဖစ္ၿပီး ကလပ္အဆင့္မွာ သူမရဘူးတဲ႔ ဆုဖလားမရွိခဲ့ပါဘူး။