တစ်ဂိုး ဂိုးမရှိနဲ့ နိုင်ရတာ အရသာဆိုတဲ့ ဂွာဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီး အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ် အသင်းကို စတာလင် ရဲ့ပွဲအစပိုင်းထဲက သွင်းဂိုးကြောင့် (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ မန်စီးတီး အသင်းဟာ အဲဒီနိုင်ပွဲကြောင့် ပြိုင်ပွဲစုံ (၁၈)ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ဒုတိယနေရာက မြို့ခံပြိုင်ဘက် ယူနိုက်တက် အသင်းကို (၁၀)မှတ်အသာရကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက” ဒီနေ့ပွဲစဉ်က အရမ်းခက်ခဲမယ်ဆိုတာ သိပေမယ့် အစောပိုင်း ဂိုးသွင်းထားတာကြောင့် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပထမပိုင်း ၁၀မိနစ်၊ ၁၅မိနစ်လောက်က အရမ်းကောင်းခဲ့ပြီး နောက် မိနစ်၆၀လောက်မှာ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။”

“ကျွန်တော်တို့ ဒုတိယနဲ့ တတိယဂိုးတွေ သွင်းယူနိုင်ခဲ့သင့်ပေမယ့် ပထမဂိုးသွင်းပြီးနောက်မှာ သူတို့ ခံစစ်က ပိုကောင်းခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့ နည်းပြအာတီတာကို ကစားရတာ အရမ်းခက်ခဲပါတယ်။ သူက ကျွန်တော့် ကစားသမားတွေအကြောင်း ကောင်းကောင်း သိပါတယ်။”

“ဒီပွဲက ပွဲကောင်း၁ပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲတိုင်းကို ၂-ဝ,၃-ဝ,၄-၀ နဲ့ အနိုင်ရမှာမဟုတ်ပါဘူး။ ၂ဂိုး ၃ဂိုးလောက် မနိုင်တဲ့အခါ ၁ဂိုးလောက်နဲ့ ကပ်နိုင်တာက အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ လုပ်နေတာတွေက အရမ်းခက်တယ်ဆိုတာ သတိပြုရပါမယ်။”

“အခုအချိန်မှာ နောက်ပွဲတွေအကြောင်း စဉ်းစားရပါမယ်။ ချန်ပီယံလိဂ် ကစားရမယ်။ ပြီးရင် ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ကစားရပါမယ်။” လို့ပြောပါတယ်။ မန်စီးတီး အသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မိုချန်ဂလာဘတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

တစ္ဂိုး ဂိုးမရွိနဲ႔ ႏိုင္ရတာ အရသာဆိုတဲ့ ဂြာဒီယိုလာ

မန္စီးတီး အသင္းဟာ မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အာဆင္နယ္ အသင္းကို စတာလင္ ရဲ႕ပြဲအစပိုင္းထဲက သြင္းဂိုးေၾကာင့္ (၁)ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ပါတယ္။ မန္စီးတီး အသင္းဟာ အဲဒီႏိုင္ပြဲေၾကာင့္ ၿပိဳင္ပြဲစုံ (၁၈)ပြဲဆက္တိုက္ အႏိုင္ရခဲ့ၿပီး ဒုတိယေနရာက ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္ အသင္းကို (၁၀)မွတ္အသာရကာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

မန္စီးတီးနည္းျပ ဂြာဒီယိုလာက” ဒီေန႔ပြဲစဥ္က အရမ္းခက္ခဲမယ္ဆိုတာ သိေပမယ့္ အေစာပိုင္း ဂိုးသြင္းထားတာေၾကာင့္ ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ပထမပိုင္း ၁၀မိနစ္၊ ၁၅မိနစ္ေလာက္က အရမ္းေကာင္းခဲ့ၿပီး ေနာက္ မိနစ္၆၀ေလာက္မွာ သူတို႔က ကြၽန္ေတာ္တို႔ထက္ ပိုေကာင္းခဲ့ပါတယ္။” “ကြၽန္ေတာ္တို႔ ဒုတိယနဲ႔ တတိယဂိုးေတြ သြင္းယူႏိုင္ခဲ့သင့္ေပမယ့္ ပထမဂိုးသြင္းၿပီးေနာက္မွာ သူတို႔ ခံစစ္က ပိုေကာင္းခဲ့ပါတယ္။ အာဆင္နယ္အသင္းနဲ႔ နည္းျပအာတီတာကို ကစားရတာ အရမ္းခက္ခဲပါတယ္။ သူက ကြၽန္ေတာ့္ ကစားသမားေတြအေၾကာင္း ေကာင္းေကာင္း သိပါတယ္။”

“ဒီပြဲက ပြဲေကာင္း၁ပြဲ ျဖစ္ခဲ့ပါတယ္။ ပြဲတိုင္းကို ၂-ဝ,၃-ဝ,၄-၀ နဲ႔ အႏိုင္ရမွာမဟုတ္ပါဘူး။ ၂ဂိုး ၃ဂိုးေလာက္ မႏိုင္တဲ့အခါ ၁ဂိုးေလာက္နဲ႔ ကပ္ႏိုင္တာက အရမ္းေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ လုပ္ေနတာေတြက အရမ္းခက္တယ္ဆိုတာ သတိျပဳရပါမယ္။” “အခုအခ်ိန္မွာ ေနာက္ပြဲေတြအေၾကာင္း စဥ္းစားရပါမယ္။ ခ်န္ပီယံလိဂ္ ကစားရမယ္။ ၿပီးရင္ ဝက္စ္ဟမ္းကို အိမ္ကြင္းမွာ ကစားရပါမယ္။” လို႔​ေျပာပါတယ္။ မန္စီးတီး အသင္းဟာ ၾကားရက္မွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ မိုခ်န္ဂလာဘတ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။