
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
2014တုန်းက ရော်နယ်ဒိုဟာ ကောင်လေးတစ်ယောက်ကို ချီးကျူးခဲ့ဖူးပါတယ်။
အဲဒီကောင်လေးကတော့ မက်ဒရစ် အသင်းမှာအတူ ရှိခဲ့ဖူးတဲ့အိုဒီဂတ်ပါပဲ။
မာတင် အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ နည်းပြ ဇီဒန်းရဲ့ လက်အောက်ပွဲထွက် ကစားခွင့်တွေ နည်းပါးနေခဲ့တဲ့အတွက် မကြာခဏ အငှားထွက်ခွာ ကစား နေခဲ့ရတဲ့ နော်ဝေနိုင်ငံသား ကွင်းလယ်တိုက်စစ် ကစားသမားလေးပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းကလည်း အိုဒီဂတ်ဟာ ဇီဒန်းရဲ့ လက်အောက်မှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် 7 ကြိမ်သာ ပါဝင် ကစားပေးခွင့် ရရှိခဲ့တဲ့ အတွက် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းဆီကို အငှားသွားရောက် ကစားခဲ့တာပဲ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းနဲ့ အငှား စာချုပ် သက်တမ်း ကုန်ဆုံးသွားပြီးတဲ့နောက် အိုဒီဂတ်ဟာ ရီးရဲလ် မက်ဒရစ် အသင်းဆီ ပြန်လာခဲ့ပြီး လက်ရှိ အချိန်မှာတော့ နော်ဝေ လက်ရွေးစင် အသင်း အတွက် ပါဝင် ကစားခွင့်ရထားပါတယ်။
မနေ့ညက နော်ဝေလက်ရွေးစင်အသင်းကလူဇင်ဘတ် အသင်းကို 1 – 0 နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ အိုဒီဂတ်ဟာပွဲချိန်ပြည့် ပါဝင် ကစားခွင့် ရရှိခဲ့ပြီး ပုံစံကောင်းတွေ ပြကာအသင်းကို အနိုင်ရရှိအောင် အကူအညီ ပေးနိုင်ခဲ့ပါတယ်။
စီရော်နယ်ဒို ရဲ့ ရှေ့ပြေးနိမိတ် ပြောစကားတွေဟာ အဲဒီကောင်လေးအတွက်တော့ အားဆေးပါပဲ။
2014တုန်းက စီရော်နယ်ဒိုက”အိုဒီဂတ်ဟာဆက်လက် တိုးတက်လာဦးမယ့် ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။
သူ့ဆီမှာ ကောင်းမွန်တဲ့ အနာဂတ် ရှိနေပါ သေးတယ်။
သူ့ကိုလေ့လာမှုတွေ လုပ်ဆောင် နိုင်ဖို့ ၊ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ် နိုင်ဖို့ အချိန်တော့ပေးရပါဦးမယ်”
“သူ့မှာ အလားအလာ ကောင်းတွေ အများကြီး ရှိနေသေးတယ်လို့ကျွန်တော်မြင်တွေ့ နေရပါတယ်။
သူ့ဆီမှာ အရမ်းကို ကောင်းတဲ့ ဘယ်ခြေ တစ်ချောင်း ရှိနေပါတယ်” ဆိုပြီး ပြောဖူးပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
တစ္ခ်ိန္တုန္းက ေရာ္နယ္ဒို ခ်ီးက်ဴးခဲ့တဲ့ ေကာင္ေလး အခုေတာ့ ပြဲတိုးေနၿပီ
2014တုန္းက ေရာ္နယ္ဒိုဟာ ေကာင္ေလးတစ္ေယာက္ကို ခ်ီးက်ဴးခဲ့ဖူးပါတယ္။ အဲဒီေကာင္ေလးကေတာ့ မက္ဒရစ္ အသင္းမွာအတူ ရွိခဲ့ဖူးတဲ့အိုဒီဂတ္ပါပဲ။ မာတင္ အိုဒီဂတ္ဟာ ရီးရဲလ္မက္ဒရစ္ အသင္းမွာ နည္းျပ ဇီဒန္းရဲ႕ လက္ေအာက္ပြဲထြက္ ကစားခြင့္ေတြ နည္းပါး ေနခဲ့တဲ့ အတြက္ မၾကာခဏ အငွား ထြက္ခြာ ကစား ေနခဲ့ရတဲ့ ေနာ္ေဝ ႏိုင္ငံသား ကြင္းလယ္တိုက္စစ္ ကစားသမားေလးပဲျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ေဘာလုံး ရာသီတုန္းကလည္း အိုဒီဂတ္ဟာ ဇီဒန္းရဲ႕ လက္ေအာက္မွာ ရီးရဲလ္မက္ဒရစ္ အသင္းအတြက္ 7 ႀကိမ္သာ ပါဝင္ ကစားေပးခြင့္ ရရွိခဲ့တဲ့ အတြက္ ပရီးမီးယားလိဂ္ ကလပ္ အာဆင္နယ္ အသင္းဆီကို အငွားသြားေရာက္ ကစားခဲ့တာပဲ ျဖစ္ပါတယ္။ အာဆင္နယ္ အသင္းနဲ႔ အငွား စာခ်ဳပ္ သက္တမ္း ကုန္ဆုံးသြားၿပီးတဲ့ေနာက္ အိုဒီဂတ္ဟာ ရီးရဲလ္ မက္ဒရစ္ အသင္းဆီ ျပန္လာခဲ့ၿပီး လက္ရွိ အခ်ိန္မွာေတာ့ ေနာ္ေဝ လက္ေ႐ြးစင္ အသင္း အတြက္ ပါဝင္ ကစားခြင့္ရထားပါတယ္။
မေန႔ညက ေနာ္ေဝလက္ေ႐ြးစင္အသင္းကလူဇင္ဘတ္ အသင္းကို 1 – 0 နဲ႔ အႏိုင္ ရရွိ ခဲ့တဲ့ ပြဲစဥ္မွာ အိုဒီဂတ္ဟာပြဲခ်ိန္ျပည့္ ပါဝင္ ကစားခြင့္ ရရွိခဲ့ၿပီး ပုံစံေကာင္းေတြ ျပကာအသင္းကို အႏိုင္ရရွိေအာင္ အကူအညီ ေပးႏိုင္ခဲ့ပါတယ္။ စီေရာ္နယ္ဒို ရဲ႕ ေရွ႕ေျပးနိမိတ္ ေျပာစကားေတြဟာ အဲဒီေကာင္ေလးအတြက္ေတာ့ အားေဆးပါပဲ။
2014 တုန္းက စီေရာ္နယ္ဒိုက”အိုဒီဂတ္ဟာ ဆက္လက္ တိုးတက္လာဦးမယ့္ ကစားသမား တစ္ဦးပဲ ျဖစ္ပါတယ္။ သူ႔ဆီမွာ ေကာင္းမြန္တဲ့ အနာဂတ္ ရွိေနပါ ေသးတယ္။ သူ႔ကိုေလ့လာမႈေတြ လုပ္ေဆာင္ ႏိုင္ဖို႔ ၊ ေကာင္းမြန္တဲ့ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ ႏိုင္ဖို႔ အခ်ိန္ေတာ့ေပးရပါဦးမယ္” “သူ႔မွာ အလားအလာ ေကာင္းေတြ အမ်ားႀကီး ရွိေနေသးတယ္လို႔ကြၽန္ေတာ္ျမင္ေတြ႕ ေနရပါတယ္။ သူ႔ဆီမွာ အရမ္းကို ေကာင္းတဲ့ ဘယ္ေျခ တစ္ေခ်ာင္း ရွိေနပါတယ္” ဆိုၿပီး ေျပာဖူးပါတယ္။