photo-sport bible
photo-marca
သူနဲ့ မန်စီးတီးနည်းပြဂွါဒီယိုလာတို့ဟာ တစ်ချိန်တုန်းက ချစ်သူတွေဖြစ်ခဲ့တယ်ဆိုတဲ့ အရပ်ထဲက စွပ်စွဲအတင်းပြောမှုတွေဟာ လုံးဝမဟုတ်မှန်ကြောင်း ဘာစီလိုနာနဲ့ရီးရဲလ်တို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ လူးဝစ်ဖီဂိုက ငြင်းပယ်လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဘာစီလိုနာမှာရှိခဲ့စဉ်တုန်းက အသင်းဖော်တွေဖြစ်ကြခဲ့သလို တစ်ပူးပူးတစ်တွဲတွဲနဲ့ အရမ်းကိုရင်းနှီးကြတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၀၈ Ballon d’Or ဆုရှင်ဖြစ်တဲ့ဖီဂိုက အဲဒါထက်ပိုတဲ့ တစ်စုံတစ်ခုလို့သာ ငြင်းဆိုခဲ့ပါတယ်။
photo-gettyimages
”ဂွါဒီယိုလာဟာ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူဟာ ကျွန်တော့်ကို အများကြီးကူညီခဲ့တာပါ။ သူဟာ ကျွန်တော့်ရဲ့အသင်းဖော်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ခဲ့ပါဘူး။ ကျွန်တော်က မိန်းမတွေကို ကြိုက်ပါတယ်”လို့ ဖီဂိုက စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ AS ကိုပြောကြားခဲ့တာပါ။
photo-gettyimages
ပေါ်တူဂီဂန္ထဝင်ဟောင်းလည်းဖြစ်တဲ့ ဆွီဒင်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဟယ်လင်ဆဗီဒင်နဲ့ အိမ်ထောင်ကျခဲ့တာ နှစ် ၂၀ ဝန်းကျင်လောက်ရှိပါပြီ။ သူတို့မှာ သမီး ၃ ယောက်လည်း ထွန်းကားထားပါတယ်။ အခုချိန်မှာ ၄၃ နှစ်ရှိတဲ့ ဖီဂိုရဲ့ဇနီးဖြစ်တဲ့ ဟယ်လင်ဟာ တစ်ချိန်က ညို့အားပြင်းမော်ဒယ်တစ်ယောက်ဖြစ်ခဲ့တာကြောင့် ရီးရဲလ်မှာ အသင်းဖော်တွေဖြစ်ခဲ့ကြတဲ့ ရော်နယ်ဒိုကြီးကတောင် ဒီလိုမိန်းမမျိုးသာရရင် အိမ်မှာပဲ အမြဲနေတော့မှာလို့ ဖီဂိုကို နောက်ပြောင်ပြောခဲ့ဖူူးပါတယ်။
Zawgyi
တစ်ချိန်တုန်းက ဂွါဒီယိုလာနဲ့ချစ်သူတွေဖြစ်ခဲ့တယ်ဆိုတာကို ငြင်းလိုက်တဲ့ လူးဝစ်ဖီဂို