တစ်ချိန်တုန်းက ကာရီယက်စ်လို့ အနောက်ခံခဲ့ရဖူးတဲ့ ဒီဂီယာ တကယ်ကာရီယက်စ်ဖြစ်လာပြီလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ချဲလ်ဆီးနဲ့အက်ဖ်အေဖလားဆီးမီးဖိုင်နယ်ပွဲက အမှားတွေအတွက် မန်ယူဂိုးသမားဒီဂီယာတစ်ယောက် အခုချိန်ထိ ခေါင်းမဖော်နိုင်ဖြစ်နေရပါတယ်။ စပါးနဲ့ ၁-၁ သရေကျတဲ့ပွဲက အမှားကြောင့် ရွိုင်းကိန်းရဲ့ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းခံခဲ့ရတာ တစ်လလောက်ပဲကြာသေးတဲ့အချိန်မှာ အခုလို ထပ်ဖြစ်ခဲ့တာပါ။

photo-credit

နည်းပြဆိုးလ်ရှားကတော့ ဝက်စ်ဟမ်းနဲ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ သူ့ဂိုးသမားဘက်က ကာကွယ်ပြောကြားပေးခဲ့ပါတယ်။ ဒီလိုပဲ မန်ဂန္ထဝင်ဟောင်းပေါလ်စခိုးကလည်း ဒီဂီယာပြန်လာနိုင်မယ်လို့ ဆိုခဲ့ပြီး အဲဒီစပိန်သားသာမရှိရင် မန်ယူဟာ နောက်ဆုံး ၆ နှစ်မှာ ထိပ်ဆုံး ၁၀ သင်းအတွင်းတောင် ဝင်နိုင်မှာမဟုတ်ဘူးလို့ အားပေးစကားဆိုထားပါတယ်။

photo-credit

ချဲလ်ဆီးနဲ့ပွဲအပြီးမှာပဲ ဒီဂီယာကို လီဗာပူးဂိုးသမားကာရီယက်စ်နဲ့ နှိုုင်းယှဉ်မှုတွေပြုလုပ်လာခဲ့ကြပြီး ဒါဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဂီယာဟာ ကာရီယက်စ်နဲ့နှိုင်းယှဉ်ခံရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။

photo-credit

၂၀၁၈ တုန်းက ရီးရဲလ်နဲ့ရာသီကြိုပွဲစဉ်တစ်ခုမှာ တစ်ဖက်အသင်းက စပိန်လက်ရွေးစင်ကစားဖော်ဖြစ်တဲ့ အဆန်စီယိုက ဥမင်အတွင်းမှာပဲ “ကာရီယက်စ်ရေ၊ကာရီယက်စ်ရေ”လို့ လှမ်းအော်နောက်ပြောင်ခဲ့ဖူးပါတယ်။ အဆန်စီယိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ စိတ်ပျက်စရာကောင်းခဲ့တဲ့ ဒီဂီယာရဲ့လက်စွမ်းနဲ့ပတ်သက်ပြီး နောက်ပြောင်ခဲ့တာပါ။

https://twitter.com/i/status/1024748697878519808

အဲဒီတုန်းက ဒီဂီယာဟာ သူရင်ဆိုင်ခဲ့ရတဲ့ ကန်သွင်းချက် ၇ ကြိမ်မှာ ၆ ဂိုးပေးခဲ့ရတာပါ။ အဲဒီကမ္ဘာ့ဖလားနောက်ပိုင်းကတည်းက ဒီဂီယာဟာ လက်စွမ်းကျဆင်းသွားပြီး အခုရာသီမှာ အမှားတွေပိုများလာခဲ့ပါတယ်။ ဒါကြောင့်လည်း ကာရီယက်စ်လို့အနောက်ခံခဲ့ရဖူးတဲ့ ဒီဂီယာတစ်ယောက် တကယ်ပဲ ကာရီယက်စ်ဖြစ်လာပြီလားဆိုတာ…..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

တစ္ခ်ိန္တုန္းက ကာရီယက္စ္လို႔ အေနာက္ခံခဲ့ရဖူးတဲ့ ဒီဂီယာ တကယ္ကာရီယက္စ္ျဖစ္လာၿပီလား

ခ်ဲလ္ဆီးနဲ႔အက္ဖ္ေအဖလားဆီးမီးဖိုင္နယ္ပြဲက အမွားေတြအတြက္ မန္ယူဂိုးသမားဒီဂီယာတစ္ေယာက္ အခုခ်ိန္ထိ ေခါင္းမေဖာ္ႏုိင္ျဖစ္ေနရပါတယ္။ စပါးနဲ႔ ၁-၁ သေရက်တဲ့ပြဲက အမွားေၾကာင့္ ရြိဳင္းကိန္းရဲ႕ျပင္းျပင္းထန္ထန္ေ၀ဖန္ျခင္းခံခဲ့ရတာ တစ္လေလာက္ပဲၾကာေသးတဲ့အခ်ိန္မွာ အခုလို ထပ္ျဖစ္ခဲ့တာပါ။

နည္းျပဆိုးလ္ရွားကေတာ့ ၀က္စ္ဟမ္းနဲ႔ပြဲအတြက္ သတင္းစာရွင္းလင္းပြဲမွာ သူ႔ဂိုးသမားဘက္က ကာကြယ္ေျပာၾကားေပးခဲ့ပါတယ္။ ဒီလုိပဲ မန္ဂႏၳ၀င္ေဟာင္းေပါလ္စခုိးကလည္း ဒီဂီယာျပန္္လာႏိုင္မယ္လုိ႔ ဆိုခဲ့ၿပီး အဲဒီစပိန္သားသာမရွိရင္ မန္ယူဟာ ေနာက္ဆုံး ၆ ႏွစ္မွာ ထိပ္ဆုံး ၁၀ သင္းအတြင္းေတာင္ ၀င္ႏိုင္မွာမဟုတ္ဘူးလို႔ အားေပးစကားဆုိထားပါတယ္။

ခ်ဲလ္ဆီးနဲ႔ပြဲအၿပီးမွာပဲ ဒီဂီယာကို လီဗာပူးဂိုးသမားကာရီယက္စ္နဲ႔ ႏိႈုင္းယွဥ္မႈေတြျပဳလုပ္လာခဲ့ၾကၿပီး ဒါဟာ ေကာင္းတဲ့လကၡဏာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ဒီဂီယာဟာ ကာရီယက္စ္နဲ႔ႏႈိင္းယွဥ္ခံရတာ ဒါ ပထမဆုံးအႀကိမ္ မဟုတ္ေတာ့ပါဘူး။

၂၀၁၈ တုန္းက ရီးရဲလ္နဲ႔ရာသီႀကိဳပြဲစဥ္တစ္ခုမွာ တစ္ဖက္အသင္းက စပိန္လက္ေရြးစင္ကစားေဖာ္ျဖစ္တဲ့ အဆန္စီယိုက ဥမင္အတြင္းမွာပဲ “ကာရီယက္စ္ေရ၊ကာရီယက္စ္ေရ”လို႔ လွမ္းေအာ္ေနာက္ေျပာင္ခဲ့ဖူးပါတယ္။ အဆန္စီယိုဟာ ၂၀၁၈ ကမာၻ႔ဖလားမွာ စိတ္ပ်က္စရာေကာင္းခဲ့တဲ့ ဒီဂီယာရဲ႕လက္စြမး္နဲ႔ပတ္သက္ၿပီး ေနာက္ေျပာင္ခဲ့တာပါ။

အဲဒီတုနး္က ဒီဂီယာဟာ သူရင္ဆိုင္ခဲ့ရတဲ့ ကန္သြင္းခ်က္ ၇ ႀကိမ္မွာ ၆ ဂိုးေပးခဲ့ရတာပါ။ အဲဒီကမာၻ႔ဖလားေနာက္ပိုင္းကတည္းက ဒီဂီယာဟာ လက္စြမ္းက်ဆင္းသြားၿပီး အခုရာသီမွာ အမွားေတြပိုမ်ားလာခဲ့ပါတယ္။ ဒါေၾကာင့္လည္း ကာရီယက္စ္လို႔အေနာက္ခံခဲ့ရဖူးတဲ့ ဒီဂီယာတစ္ေယာက္ တကယ္ပဲ ကာရီယက္စ္ျဖစ္လာၿပီလားဆိုတာ…..