တစ်ချိန်က အာစင်ဝင်းဂါးရဲ့ ဗြိတိန်ကျွန်းစုအခြေစိုက် ချာတိတ်တွေ အခု ဘယ်ရောက်နေလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၀၅ ခုနှစ်တုန်းက ပဲလေ့စ်အသင်းနဲ့ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ်အသင်းက ဗြိတိန်ကျွန်းစုအခြေစိုက် ဘောလုံးသမားတစ်ယောက်မှမပါဘဲ နိုင်ငံခြားသား ကစားသမားတွေကိုသာ အသုံးပြုပြီး ကစားသွားခဲ့တာကြောင့် အတော်လေး ဝေဖန်ခံခဲ့ရပါတယ်။

နောက် ၇နှစ်အကြာ ၂၀၁၂ မှာတော့ နည်းပြ အာစင်ဝင်းဂါးဟာ အသင်းဆီကို ဗြိတိန်ကျွန်းစုအခြေစိုက် လူငယ်ကစားသမား ၅ယောက်ကို နှစ်ရှည်စာချုပ်တွေ ချုပ်ဆိုပြီး ခေါ်ယူခဲ့ပါတယ်။ အဲ့တုန်းက ချာတိတ်တွေဖြစ်တဲ့ ဝီလ်ရှိရီ၊ ရမ်ဆေး၊ ချိန်ဘာလိန်၊ ကီရန်၈စ်ဘ်၊ ဂျန်ကင်ဆန်တို့ အခု ဘယ်တွေရောက်နေလဲ ကြည့်လိုက်ရအောင်။

ဝီရှီရီ

အင်္ဂလန်ရဲ့ တောက်ပလာမယ့် ကွင်းလာ်ကြယ်ပွင့်တစ်ယောက်အဖြစ် ထင်ေြ့းပေးခံရတဲပ ဝီရှီရီဟာ ခြေစွမ်းကောင်းပေမယ့် သူ့ကို ဒဏ်ရာပြသနာက အတော်လေးနှိပ်စက်ခဲ့ပြီး ခြေကျင်းဝတ်နဲ့ ဒူးဒဏ်ရာ ခွဲစိတ်ကုသခံခဲ့ရတဲ့အပြင် ဒဏ်ရာတွေကြောင့် သူဟာ ရက်ပေါင်း ၂၄ရရ်ကကျော် အနားယူခဲ့ရဖူးပါတယ်။

ဘုန်းမောက်မှာ အငှားသွားကစားခဲ့၇သလို အာဆင်နယ်က ထွက်ခွာပြီး ဝက်စ်ဟမ်းကို ပြောင်းရွှေ့ခဲ့သေးပေမယ့် ၂၀၁၈ကနေ ၂၀၂၀ အတွင်း ဝက်စ်ဟမ်းမှာ ၁၉ပွဲ သာကစားခဲ့ရပါတယ်။ အခုတော့ ဘုန်းမောက်နဲ႔အတူ ချန်ပီယံရှစ်မှာ ကစားနေပြီး သူရဲ့အသက်ဟာ ၂၉နှစ် ရှိနေပါပြီ။

ရမ်ဆေး

ရမ်ဆေးကို အာဆင်နယ်ပရိသတ်တွေ ကောင်းကောင်းမှတ်မိမှာပါ။ အာဆင်နယ်အသင်း ဆုဖလားလက်မဲ့ဖြစ်နေတာ ၉နှစ်ကြာတဲ့အချိန် ၂၀၁၄ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဟူးလ်စီးတီးအသင်းဖက်ကို အချိန်ပိုမှာ အနိုင်ဂိုးသွင်းပြီး ဖလားယူပေးခဲ့သူပါ။ နောက်ထပ် ၃နှစ်အကြာ ၂၀၁၇ မှာလည်း ချဲလ်ဆီးဖက်ကို အဆုံးအဖြတ်ဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။

အဆင်နယ်အတွက် ၃၆၉ပွဲမှာ ၆၄ဂိုးသွင်းပေးနိုင်ခဲ့ပြီး ၂၀၁၉ မှာ ဂျျဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းသွားခဲ့ပြီး အခုတော့ အီတလီမြေမှာ အဆင်မပြေတာကြောင့် ပရီးမီးယားလိဂ်ကို ပြန်လာဖို့ရှိနေပြီး လီဗာပူး၊ အဲဗာတန်၊ ဝက်စ်ဟမ်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ချိန်ဘာလိန်

အာစင်ဝင်းဂါးခေါ်ယူခဲ့တဲ့ ဗြိတိန်အခြေစိုက်ကစားသမားတွေထဲမှာ အသက်အငယ်ဆုံးဖြစ်ပြီး ၂၇ နှစ်ရှိပါပြီ။ ၂၀၁၁-၁၂ ဘောလုံးရာသီတုန်းက PFA လူငယ်အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့ပြီး နောက်ပိုင်းမှတော့ ဒဏ်ရာပြသနာတွေ ရင်ဆိုင်ခဲ့ရသလို ယူရို ၂၀၁၆ ပြိုင်ပွဲနဲ့လည်း လွဲခဲ့ရတာပါ။

၂၀၁၇မှာ လီဗာပူးက သူ့ကို အံ့အားသင့်ဖွယ် ပေါင် ၃၅ သန်းနဲ့ ခေါ်ယူသွားခဲ့ပါတယ်။ ၂၀၁၈-၁၉ ဘောလုံးရာသီ တစ်ခုလုံးနီးပါး ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြန်ပါတယ်။

ကီရန်ဂစ်ဘ်

အာဆင်နယ်နဲ့ အက်ဖ်အေဖလား ၃ကြိမ် ရရှိဖူးတဲ့ ကီရန်ဂစ်ဘ်ဟာ ၂၀၁၅-၁၆ ဘောလုံးရာသီကစပြီး အာဆင်နယ်က သူ့ရဲ့နေရာကို မွန်ရီရယ်ကို ဖယ်ပေးလိုက်ရတာပါ။ ၂၀၁၇မှာ ဝက်စ်ဘရွန်းကို ပေါင်၇သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး အခုဆိုရင် ၃၁နှစ်ရှိပြီတဲ့ ၈စ်ဘ်ဟာ လာမယ့် နွေရာသီမှာ ဝက်စ်ဘရွန်းနဲပ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းဆီကို သွားရောက်ကစားဖို့ သဘောတူ စာချုပ်ချုပ်ဆိုထားပါတယ်။

ဂျန်ကင်ဆန်

အငှားချထားခံရတာများတဲ့ ညာနောက်ခံလူ ၈ျန်ကင်ဆန်က ၂၉နှစ်ရှိပြီဖြစိပြီး သူ့ကို ၂၀၁၉တုန်းက နော်တင်ဟမ်ဖောရက်စ်အသင်းက မဖော်ပြတဲ့အပြောင်းအရွှေ့ကြေးနဲ့ ခေါ်ယူသွားခဲ့ပေမယ့် လက်ရှိ ၂ရာသီအတွင်း ၁၅ပွဲသာ ပါဝင်ကစားခွင့်ရထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တစ္ခ်ိန္က အာစင္ဝင္းဂါးရဲ႕ ၿဗိတိန္ကြၽန္းစုအေျခစိုက္ ခ်ာတိတ္ေတြ အခု ဘယ္ေရာက္ေနလဲ?

၂၀၀၅ခုႏွစ္တုန္းက ပဲေလ့စ္အသင္းနဲ႔ကစားခဲ့တဲ့ ပြဲမွာ အာဆင္နယ္အသင္းက ၿဗိတိန္ကြၽန္းစုအေျခစိုက္ ေဘာလုံးသမားတစ္ေယာက္မွမပါဘဲ ႏိုင္ငံျခားသား ကစားသမားေတြကိုသာ အသုံးျပဳၿပီး ကစားသြားခဲ့တာေၾကာင့္ အေတာ္ေလး ေဝဖန္ခံခဲ့ရပါတယ္။ ေနာက္ ၇ႏွစ္အၾကာ ၂၀၁၂ မွာေတာ့ နည္းျပ အာစင္ဝင္းဂါးဟာ အသင္းဆီကို ၿဗိတိန္ကြၽန္းစုအေျခစိုက္ လူငယ္ကစားသမား ၅ေယာက္ကို ႏွစ္ရွည္စာခ်ဳပ္ေတြ ခ်ဳပ္ဆိုၿပီး ေခၚယူခဲ့ပါတယ္။ အဲ့တုန္းက ခ်ာတိတ္ေတြျဖစ္တဲ့ ဝီလ္ရွိရီ၊ ရမ္ေဆး၊ ခ်ိန္ဘာလိန္၊ ကီရန္၈စ္ဘ္၊ ဂ်န္ကင္ဆန္တို႔ အခု ဘယ္ေတြေရာက္ေနလဲ ၾကည့္လိုက္ရေအာင္။

ဝီရွီရီ

အဂၤလန္ရဲ႕ ေတာက္ပလာမယ့္ ကြင္းလာ္ၾကယ္ပြင့္တစ္ေယာက္အျဖစ္ ထင္ေျ့းေပးခံရတဲပ ဝီရွီရီဟာ ေျခစြမ္းေကာင္းေပမယ့္ သူ႔ကို ဒဏ္ရာျပသနာက အေတာ္ေလးႏွိပ္စက္ခဲ့ၿပီး ေျခက်င္းဝတ္နဲ႔ ဒူးဒဏ္ရာ ခြဲစိတ္ကုသခံခဲ့ရတဲ့အျပင္ ဒဏ္ရာေတြေၾကာင့္ သူဟာ ရက္ေပါင္း ၂၄ရရ္ကေက်ာ္ အနားယူခဲ့ရဖူးပါတယ္။ ဘုန္းေမာက္မွာ အငွားသြားကစားခဲ့၇သလို အာဆင္နယ္က ထြက္ခြာၿပီး ဝက္စ္ဟမ္းကို ေျပာင္းေ႐ႊ႕ခဲ့ေသးေပမယ့္ ၂၀၁၈ကေန ၂၀၂၀ အတြင္း ဝက္စ္ဟမ္းမွာ ၁၉ပြဲ သာကစားခဲ့ရပါတယ္။ အခုေတာ့ ဘုန္းေမာက္နဲပအတူ ခ်န္ပီယံရွစ္မွာ ကစားေနၿပီး သူရဲ႕အသက္ဟာ ၂၉ႏွစ္ ရွိေနပါၿပီ။

ရမ္ေဆး

ရမ္ေဆးကို အာဆင္နယ္ပရိသတ္ေတြ ေကာင္းေကာင္းမွတ္မိမွာပါ။ အာဆင္နယ္အသင္း ဆုဖလားလက္မဲ့ျဖစ္ေနတာ ၉ႏွစ္ၾကာတဲ့အခ်ိန္ ၂၀၁၄ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ဟူးလ္စီးတီးအသင္းဖက္ကို အခ်ိန္ပိုမွာ အႏိုင္ဂိုးသြင္းၿပီး ဖလားယူေပးခဲ့သူပါ။ ေနာက္ထပ္ ၃ႏွစ္အၾကာ ၂၀၁၇ မွာလည္း ခ်ဲလ္ဆီးဖက္ကို အဆုံးအျဖတ္ဂိုးသြင္းႏိုင္ခဲ့ပါေသးတယ္။ အဆင္နယ္အတြက္ ၃၆၉ပြဲမွာ ၆၄ဂိုးသြင္းေပးႏိုင္ခဲ့ၿပီး ၂၀၁၉ မွာ ဂ််ဗင္တပ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းသြားခဲ့ၿပီး အခုေတာ့ အီတလီေျမမွာ အဆင္မေျပတာေၾကာင့္ ပရီးမီးယားလိဂ္ကို ျပန္လာဖို႔ရွိေနၿပီး လီဗာပူး၊ အဲဗာတန္၊ ဝက္စ္ဟမ္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနၾကပါတယ္။

ခ်ိန္ဘာလိန္

အာစင္ဝင္းဂါးေခၚယူခဲ့တဲ့ ၿဗိတိန္အေျခစိုက္ကစားသမားေတြထဲမွာ အသက္အငယ္ဆုံးျဖစ္ၿပီး ၂၇ႏွစ္ရွိပါၿပီ။ ၂၀၁၁-၁၂ ေဘာလုံးရာသီတုန္းက PFA လူငယ္အေကာင္းဆုံး ကစားသမားဆုအတြက္ ဆန္ခါတင္စာရင္း ဝင္ခဲ့ၿပီး ေနာက္ပိုင္းမွေတာ့ ဒဏ္ရာျပသနာေတြ ရင္ဆိုင္ခဲ့ရသလို ယူ႐ို ၂၀၁၆ ၿပိဳင္ပြဲနဲ႔လည္း လြဲခဲ့ရတာပါ။ ၂၀၁၇မွာ လီဗာပူးက သူ႔ကို အံ့အားသင့္ဖြယ္ ေပါင္၃၅သန္းနဲ႔ ေခၚယူသြားခဲ့ပါတယ္။ ၂၀၁၈-၁၉ ေဘာလုံးရာသီ တစ္ခုလုံးနီးပါး ဒူးဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရျပန္ပါတယ္။

ကီရန္ဂစ္ဘ္

အာဆင္နယ္နဲ႔ အက္ဖ္ေအဖလား ၃ႀကိမ္ ရရွိဖူးတဲ့ ကီရန္ဂစ္ဘ္ဟာ ၂၀၁၅-၁၆ ေဘာလုံးရာသီကစၿပီး အာဆင္နယ္က သူ႔ရဲ႕ေနရာကို မြန္ရီရယ္ကို ဖယ္ေပးလိုက္ရတာပါ။ ၂၀၁၇မွာ ဝက္စ္ဘ႐ြန္းကို ေပါင္၇သန္းနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး အခုဆိုရင္ ၃၁ႏွစ္ရွိၿပီတဲ့ ၈စ္ဘ္ဟာ လာမယ့္ ေႏြရာသီမွာ ဝက္စ္ဘ႐ြန္းနဲပ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ေဒးဗစ္ဘက္ခမ္းပိုင္ဆိုင္တဲ့ အင္တာမီယာမီအသင္းဆီကို သြားေရာက္ကစားဖို႔ သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။

ဂ်န္ကင္ဆန္

အငွားခ်ထားခံရတာမ်ားတဲပ ညာေနာက္ခံလူ ၈်န္ကင္ဆန္က ၂၉ႏွစ္ရွိၿပီျဖစိၿပီး သူ႔ကို ၂၀၁၉တုန္းက ေနာ္တင္ဟမ္ေဖာရက္စ္အသင္းက မေဖာ္ျပတဲ့အေျပာင္းအေ႐ႊ႕ေၾကးနဲ႔ ေခၚယူသြားခဲ့ေပမယ့္ လက္ရွိ ၂ရာသီအတြင္း ၁၅ပြဲသာ ပါဝင္ကစားခြင့္ရထားပါတယ္။