တစ်ချိန်က ယူနိုက်တက်အသင်းခေါ်ယူဖို့ကြိုးပမ်းခံရတဲ့အထိဖြစ်ခဲ့ပြီးမှ ကာတာကလပ်ကို ပြောင်းရွှေ့ရတဲ့အထိအခြေအနေဖြစ်သွားတဲ့ အယ်လ်ဒါဝီယဲလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းရဲ့ ဘယ်လ်ဂျီယံဝါရင့်နောက်ခံလူအယ်လ်ဒါဝီယဲလ်ဟာ ကာတာကလပ် Al-Duhail အသင်းကို မထင်မှတ်ဘဲပြောင်းရွှေ့သွားပြီဖြစ်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးက ပေါင်(၁၃)သန်းဝန်းကျင်ရှိတယ်လို့ ဗြိတိန်သတင်းစာ The Sun ကဖော်ပြခဲ့ပါတယ်။

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ အယ်လ်ဒါဝီယဲလ်ဟာ စပါးအသင်းမှာ(၆)နှစ်ကြာကစားသမားဘဝဖြတ်သန်းခဲ့ပြီး လာမယ့်ရာသီမှာတော့ Al-Duhail အသင်းနဲ့အတူ ကစားသမားဘဝသစ်စတင်ရတော့မှာဖြစ်ပါတယ်။

၂၀၁၅၊ ဇူလိုင်လတုန်းက စပါးအသင်းဆီရောက်ရှိခဲ့ပြီး လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ဗာတွန်ဂန်နဲ့အတူ အသင်းခံစစ်မှာခြေစွမ်းပြကစားခဲ့သလို ၂၀၁၆-၁၇ ရာသီမှာ သူတို့နှစ်ဦးရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် တစ်ရာသီလုံးမှာ(၂၆)ဂိုးသာပေးခဲ့ရတဲ့အတွက် စပါးအသင်းသမိုင်းတစ်လျှောက် ပေးဂိုးအနည်းဆုံးစံချိန်ဖြစ်ခဲ့တဲ့အပြင် အဲဒီရာသီမှာ အဆင့်(၂)နေရာရရှိအောင် ကူညီပေးခဲ့ပါတယ်။

ဒ့ါအပြင် အယ်လ်ဒါဝီယဲလ်ဟာ စပါးအသင်းနဲအတူ ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီး လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတာပါ။

အဲဒီလို ခြေစွမ်းကောင်းတွေပြသနေတာကြောင့် ပရီးမီးယားလိဂ်ထိပ်သီးမန်ချက်စတာယူနိုက်တက်အသင်းက အယ်လ်ဒါဝီယဲလ်ကို ခေါ်ယူဖို့ ၂၀၁၉ ခုနှစ်တုန်းက ကြိုးပမ်းခဲ့ဖူးပြီး အသင်းပြောင်းရွှေ့ဖို့နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ကဖြစ်မလာခဲ့ပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောက်လုနီးပါးဖြစ်ခဲ့ဖူးတဲ့ အယ်လ်ဒါဝီယဲလ်ဟာ (၂)နှစ်အကြာမှာပဲ ကာတာကလပ်အသင်းတစ်သင်းဆီ ပြောင်းရွှေ့သွားတာကတော့ ဝမ်းနည်းစရာပါပဲ။

စပါးအသင်းအတွက် စုစုပေါင်း(၂၃၆)ပွဲအထိကစားခဲ့တဲ့ အယ်လ်ဒါဝီယဲလ်ဟာ အသင်းနဲ့၂၀၂၃ ခုနှစ်အထိစာချုပ်သက်တမ်းကျန်နေသေးပေမယ့် အတွေ့အကြုံသစ်တွေရင်ဆိုင်ချင်တာကြောင့် စာချုပ်မကုန်ခင်မှာဘဲ Al-Duhail အသင်းဆီပြောင်းဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ဒါဝီယဲလ်က “စပါးအသင်းကစားသမားဘဝ (၆)နှစ်တာကာလအတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာအပါအဝင် အမှတ်ရစရာအများကြီးရှိခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ အသင်းပရိသတ်တွေကို ကျေးဇူးတင်စကားပြောလိုပြီး ကျွန်တော့်ရဲ့အသင်းဖော်တွေ၊ အသင်းရဲ့ဝန်ထမ်းတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

စပါးအသင်းဟာ ကျွန်တော်သာမက ကျွန်တော့်မိသားစုရဲ့နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာပါ”လို့ Twitter မှာရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တစ္ခ်ိန္က ယူႏိုက္တက္အသင္းေခၚယူဖို႔ႀကိဳးပမ္းခံရတဲ့အထိျဖစ္ခဲ့ၿပီးမွ ကာတာကလပ္ကို ေျပာင္းေ႐ႊ႕ရတဲ့အထိအေျခအေနျဖစ္သြားတဲ့ အယ္လ္ဒါဝီယဲလ္

စပါးအသင္းရဲ႕ ဘယ္လ္ဂ်ီယံဝါရင့္ေနာက္ခံလူအယ္လ္ဒါဝီယဲလ္ဟာ ကာတာကလပ္ Al-Duhail အသင္းကို မထင္မွတ္ဘဲေျပာင္းေ႐ႊ႕သြားၿပီျဖစ္ၿပီး သူ႔ရဲ႕ေျပာင္းေ႐ႊ႕ေၾကးက ေပါင္(၁၃)သန္းဝန္းက်င္ရွိတယ္လို႔ ၿဗိတိန္သတင္းစာ The Sun ကေဖာ္ျပခဲ့ပါတယ္။ အသက္(၃၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အယ္လ္ဒါဝီယဲလ္ဟာ စပါးအသင္းမွာ(၆)ႏွစ္ၾကာကစားသမားဘဝျဖတ္သန္းခဲ့ၿပီး လာမယ့္ရာသီမွာေတာ့ Al-Duhail အသင္းနဲ႔အတူ ကစားသမားဘဝသစ္စတင္ရေတာ့မွာျဖစ္ပါတယ္။

၂၀၁၅၊ ဇူလိုင္လတုန္းက စပါးအသင္းဆီေရာက္ရွိခဲ့ၿပီး လက္ေ႐ြးစင္အသင္းေဖာ္ျဖစ္တဲ့ဗာတြန္ဂန္နဲ႔အတူ အသင္းခံစစ္မွာေျခစြမ္းျပကစားခဲ့သလို ၂၀၁၆-၁၇ ရာသီမွာ သူတို႔ႏွစ္ဦးရဲ႕စြမ္းေဆာင္ရည္ေကာင္းေတြေၾကာင့္ တစ္ရာသီလုံးမွာ(၂၆)ဂိုးသာေပးခဲ့ရတဲ့အတြက္ စပါးအသင္းသမိုင္းတစ္ေလွ်ာက္ ေပးဂိုးအနည္းဆုံးစံခ်ိန္ျဖစ္ခဲ့တဲ့အျပင္ အဲဒီရာသီမွာ အဆင့္(၂)ေနရာရရွိေအာင္ ကူညီေပးခဲ့ပါတယ္။ ဒ့ါအျပင္ အယ္လ္ဒါဝီယဲလ္ဟာ စပါးအသင္းနဲအတူ ပထမဆုံးအႀကိမ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့ၿပီး လီဗာပူးလ္အသင္းကို ရႈံးနိမ့္ခဲ့လို႔ ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရတာပါ။

အဲဒီလို ေျခစြမ္းေကာင္းေတြျပသေနတာေၾကာင့္ ပရီးမီးယားလိဂ္ထိပ္သီးမန္ခ်က္စတာယူႏိုက္တက္အသင္းက အယ္လ္ဒါဝီယဲလ္ကို ေခၚယူဖို႔ ၂၀၁၉ ခုႏွစ္တုန္းက ႀကိဳးပမ္းခဲ့ဖူးၿပီး အသင္းေျပာင္းေ႐ႊ႕ဖို႔နီးစပ္ခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕ကျဖစ္မလာခဲ့ပါဘူး။ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ေရာက္လုနီးပါးျဖစ္ခဲ့ဖူးတဲ့ အယ္လ္ဒါဝီယဲလ္ဟာ (၂)ႏွစ္အၾကာမွာပဲ ကာတာကလပ္အသင္းတစ္သင္းဆီ ေျပာင္းေ႐ႊ႕သြားတာကေတာ့ ဝမ္းနည္းစရာပါပဲ။

စပါးအသင္းအတြက္ စုစုေပါင္း(၂၃၆)ပြဲအထိကစားခဲ့တဲ့ အယ္လ္ဒါဝီယဲလ္ဟာ အသင္းနဲ႔၂၀၂၃ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းက်န္ေနေသးေပမယ့္ အေတြ႕အႀကဳံသစ္ေတြရင္ဆိုင္ခ်င္တာေၾကာင့္ စာခ်ဳပ္မကုန္ခင္မွာဘဲ Al-Duhail အသင္းဆီေျပာင္းဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ အယ္လ္ဒါဝီယဲလ္က “စပါးအသင္းကစားသမားဘဝ (၆)ႏွစ္တာကာလအတြင္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့တာအပါအဝင္ အမွတ္ရစရာအမ်ားႀကီးရွိခဲ့ပါတယ္။ ပထမဆုံးအေနနဲ႔ အသင္းပရိသတ္ေတြကို ေက်းဇူးတင္စကားေျပာလိုၿပီး ကြၽန္ေတာ့္ရဲ႕အသင္းေဖာ္ေတြ၊ အသင္းရဲ႕ဝန္ထမ္းေတြနဲ႔ နည္းျပအဖြဲ႕ဝင္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ စပါးအသင္းဟာ ကြၽန္ေတာ္သာမက ကြၽန္ေတာ့္မိသားစုရဲ႕ႏွလုံးသားထဲမွာ အၿမဲတမ္းရွိေနမွာပါ”လို႔ Twitter မွာေရးသားခဲ့ပါတယ္။