တစ်ချိန်က ပြိုင်ဘက်ဟောင်းဖြစ်ခဲ့တဲ့ မော်ရင်ဟိုကို ချီးကျူးစကားဆိုလိုက်တဲ့ ဖာဂူဆန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ဟာ ကလပ်အသင်းနည်းပြဘဝပွဲ(၁၀၀၀)ပြည့်တော့မယ့် ရိုးမားအသင်းနည်းပြမော်ရင်ဟိုဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးနည်းပြတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်တယ်လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။

မော်ရင်ဟိုဟာ လာမယ့်ဆာဆူအိုလိုနဲ့စီးရီးအေပွဲမှာ နည်းပြဘဝတစ်လျှောက် ပွဲ(၁၀၀၀)ပြည့်အဖြစ်ကိုင်တွယ်သွားမှာဖြစ်ပြီး လိဂ်မန်နေဂျာများအဖွဲ့အစည်း ( League Managers Association)ရဲ့ ပွဲ(၁၀၀၀)ပြည့်ကိုင်တွယ်ခဲ့တဲ့နည်းပြစာရင်းမှာ တစ်ဦးအပါအဝင်အဖြစ်သတ်မှတ်ခံရတော့မှာဖြစ်ပါတယ်။

အသက်(၅၈)နှစ်အရွယ်ရှိပြီဖြစ်သူမော်ရင်ဟိုဟာ မတူညီတဲ့ကလပ်(၄)သင်း(ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်)နဲ့အတူ အမှတ်ပေးဖလားရယူခဲ့တဲ့နည်းပြဖြစ်ပြီး ချန်ပီယံလိဂ်(၂)ကြိမ်၊ ယူရိုပါလိဂ်(၁)ကြိမ်အပါအဝင် အဓိကဆုဖလားတွေအများကြီးဆွတ်ခူးနိုင်ခဲ့ပါတယ်။

မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို ပထမအကြိမ်ကိုင်တွယ်ခဲ့တုန်းက ဖာဂူဆန်နဲ့ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း ပရီးမီးယားလိဂ်နဲ့ တခြားပြည်တွင်းဆုဖလားတွေအတွက် ချယ်လ်ဆီးနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ အပြိုင်အဆိုင်ဖြစ်ခဲ့တာပါ။

ဖာဂူဆန်ဟာ LMA အဖွဲ့ကော်မတီဝင်တစ်ဦးဖြစ်သလို မော်ရင်ဟိုမတိုင်ခင်ကတည်းက ကလပ်အသင်းနည်းပြဘဝပွဲ(၁၀၀၀)ပြည့်မှတ်တမ်းဝင်ခဲ့သူနည်းပြဖြစ်ပြီး

သူက “ဒီနေ့မှာ မော်ရင်ဟိုဟာ နည်းပြဘဝတစ်လျှောက် ပွဲ(၁၀၀၀)ပြည့်မှာဖြစ်လို့ မော်ရင်ဟိုသာမက သူ့မိသားစုအတွက်ပါ ဂုဏ်ယူစရာကောင်းတဲ့နေ့တစ်နေ့ပါပဲ။

ဒီလိုသမိုင်းမှတ်တမ်းကောင်းတစ်ခုစိုက်ထူနိုင်တာက မော်ရင်ဟိုအတွက် ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုဖြစ်ပြီး သူဟာ မတူညီတဲ့အမှတ်ပေးဖလား(၄)ကြိမ်၊ ချန်ပီယံလိဂ်(၂)ကြိမ်ရယူနိုင်ခဲ့တဲ့နည်းပြပါ။

မော်ရင်ဟိုရဲ့အောင်မြင်မှုတွေအရ သူ့ကို သမိုင်းတစ်လျှောက်အောင်မြင်မှုအများဆုံးနည်းပြတွေထဲမှာ တစ်ဦးအပါအဝင်သတ်မှတ်ရမှာပဲဖြစ်ပါတယ်။

League Managers Association အဖွဲ့ရဲ့ကိုယ်စား မော်ရင်ဟိုအတွက် ဂုဏ်ယူပါတယ်လို့ ကျွန်တော်ပြောလိုပြီး နည်းပြဘဝပွဲ(၁၀၀၀)ပြည့်မယ့်နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် မော်ရင်ဟိုကို ကြိုဆိုလိုက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်၊ မန်ချက်စတာယူနိုက်တက်၊ စပါးအသင်းတွေကို,ကိုင်တွယ်ခဲ့သူ မော်ရင်ဟိုဟာ နည်းပြဘဝတစ်လျှောက်မှာ ဆုဖလားပေါင်း(၂၅)ခုအထိရယူခဲ့သလို ပျမ်းမျှအနိုင်ရာခိုင်နှုန်းက (၆၃.၇၆%)အထိရှိခဲ့တာပါ။

အခုလို သမိုင်းဝင်မှတ်တမ်းတစ်ခုစိုက်ထူနိုင်တော့မှာဖြစ်တဲ့အတွက် မော်ရင်ဟိုက “ဒီတစ်ပတ်မှာ ကျွန်တော်ဟာ နည်းပြဘဝတစ်လျှောက် ပွဲ(၁၀၀၀)ပြည့်မှတ်တမ်းပိုင်ဆိုင်ခွင့်ရမှာဖြစ်လို့ အရမ်းကျေနပ်မိပါတယ်။

LMA အဖွဲ့ရဲ့ ပွဲ(၁၀၀၀)ပြည့်နည်းပြစာရင်းမှာပါဝင်ခွင့်ရတာက ဂုဏ်ယူစရာကောင်းသလို ကျွန်တော့်ကို အသိအမှတ်ပြုပေးတဲ့အတွက် LMA ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

တစ္ခ်ိန္က ၿပိဳင္ဘက္ေဟာင္းျဖစ္ခဲ့တဲ့ ေမာ္ရင္ဟိုကို ခ်ီးက်ဴးစကားဆိုလိုက္တဲ့ ဖာဂူဆန္

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ဟာ ကလပ္အသင္းနည္းျပဘဝပြဲ(၁၀၀၀)ျပည့္ေတာ့မယ့္ ႐ိုးမားအသင္းနည္းျပေမာ္ရင္ဟိုဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးနည္းျပေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္တယ္လို႔ ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ လာမယ့္ဆာဆူအိုလိုနဲ႔စီးရီးေအပြဲမွာ နည္းျပဘဝတစ္ေလွ်ာက္ ပြဲ(၁၀၀၀)ျပည့္အျဖစ္ကိုင္တြယ္သြားမွာျဖစ္ၿပီး လိဂ္မန္ေနဂ်ာမ်ားအဖြဲ႕အစည္း( League Managers Association)ရဲ႕ ပြဲ(၁၀၀၀)ျပည့္ကိုင္တြယ္ခဲ့တဲ့နည္းျပစာရင္းမွာ တစ္ဦးအပါအဝင္အျဖစ္သတ္မွတ္ခံရေတာ့မွာျဖစ္ပါတယ္။

အသက္(၅၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူေမာ္ရင္ဟိုဟာ မတူညီတဲ့ကလပ္(၄)သင္း(ေပၚတို၊ ခ်ယ္လ္ဆီး၊ အင္တာမီလန္၊ ရီးယဲလ္)နဲ႔အတူ အမွတ္ေပးဖလားရယူခဲ့တဲ့နည္းျပျဖစ္ၿပီး ခ်န္ပီယံလိဂ္(၂)ႀကိမ္၊ ယူ႐ိုပါလိဂ္(၁)ႀကိမ္အပါအဝင္ အဓိကဆုဖလားေတြအမ်ားႀကီးဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ ခ်ယ္လ္ဆီးအသင္းကို ပထမအႀကိမ္ကိုင္တြယ္ခဲ့တုန္းက ဖာဂူဆန္နဲ႔ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့ၿပီး ၂၀၀၄ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အတြင္း ပရီးမီးယားလိဂ္နဲ႔ တျခားျပည္တြင္းဆုဖလားေတြအတြက္ ခ်ယ္လ္ဆီးနဲ႔မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ အၿပိဳင္အဆိုင္ျဖစ္ခဲ့တာပါ။

ဖာဂူဆန္ဟာ LMA အဖြဲ႕ေကာ္မတီဝင္တစ္ဦးျဖစ္သလို ေမာ္ရင္ဟိုမတိုင္ခင္ကတည္းက ကလပ္အသင္းနည္းျပဘဝပြဲ(၁၀၀၀)ျပည့္မွတ္တမ္းဝင္ခဲ့သူနည္းျပျဖစ္ၿပီး သူက “ဒီေန႔မွာ ေမာ္ရင္ဟိုဟာ နည္းျပဘဝတစ္ေလွ်ာက္ ပြဲ(၁၀၀၀)ျပည့္မွာျဖစ္လို႔ ေမာ္ရင္ဟိုသာမက သူ႔မိသားစုအတြက္ပါ ဂုဏ္ယူစရာေကာင္းတဲ့ေန႔တစ္ေန႔ပါပဲ။ ဒီလိုသမိုင္းမွတ္တမ္းေကာင္းတစ္ခုစိုက္ထူႏိုင္တာက ေမာ္ရင္ဟိုအတြက္ ႀကီးက်ယ္ခမ္းနားတဲ့ေအာင္ျမင္မႈျဖစ္ၿပီး သူဟာ မတူညီတဲ့အမွတ္ေပးဖလား(၄)ႀကိမ္၊ ခ်န္ပီယံလိဂ္(၂)ႀကိမ္ရယူႏိုင္ခဲ့တဲ့နည္းျပပါ။

ေမာ္ရင္ဟိုရဲ႕ေအာင္ျမင္မႈေတြအရ သူ႔ကို သမိုင္းတစ္ေလွ်ာက္ေအာင္ျမင္မႈအမ်ားဆုံးနည္းျပေတြထဲမွာ တစ္ဦးအပါအဝင္သတ္မွတ္ရမွာပဲျဖစ္ပါတယ္။ League Managers Association အဖြဲ႕ရဲ႕ကိုယ္စား ေမာ္ရင္ဟိုအတြက္ ဂုဏ္ယူပါတယ္လို႔ ကြၽန္ေတာ္ေျပာလိုၿပီး နည္းျပဘဝပြဲ(၁၀၀၀)ျပည့္မယ့္နည္းျပအဖြဲ႕ဝင္တစ္ဦးအျဖစ္ ေမာ္ရင္ဟိုကို ႀကိဳဆိုလိုက္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ေပၚတို၊ ခ်ယ္လ္ဆီး၊ အင္တာမီလန္၊ ရီးယဲလ္၊ မန္ခ်က္စတာယူႏိုက္တက္၊ စပါးအသင္းေတြကို,ကိုင္တြယ္ခဲ့သူ ေမာ္ရင္ဟိုဟာ နည္းျပဘဝတစ္ေလွ်ာက္မွာ ဆုဖလားေပါင္း(၂၅)ခုအထိရယူခဲ့သလို ပ်မ္းမွ်အႏိုင္ရာခိုင္ႏႈန္းက (၆၃.၇၆%)အထိရွိခဲ့တာပါ။

အခုလို သမိုင္းဝင္မွတ္တမ္းတစ္ခုစိုက္ထူႏိုင္ေတာ့မွာျဖစ္တဲ့အတြက္ ေမာ္ရင္ဟိုက “ဒီတစ္ပတ္မွာ ကြၽန္ေတာ္ဟာ နည္းျပဘဝတစ္ေလွ်ာက္ ပြဲ(၁၀၀၀)ျပည့္မွတ္တမ္းပိုင္ဆိုင္ခြင့္ရမွာျဖစ္လို႔ အရမ္းေက်နပ္မိပါတယ္။ LMA အဖြဲ႕ရဲ႕ ပြဲ(၁၀၀၀)ျပည့္နည္းျပစာရင္းမွာပါဝင္ခြင့္ရတာက ဂုဏ္ယူစရာေကာင္းသလို ကြၽန္ေတာ့္ကို အသိအမွတ္ျပဳေပးတဲ့အတြက္ LMA ကိုလည္း ေက်းဇူးတင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။