တစ်ခုခုကြီးကြီးမားမားသာ မဖြစ်ခဲ့ရင် ဘာကာမှာ မက်ဆီဆက်ရှိလိမ့်မယ်လို့ အဂူရိုပြော

photo-goal

photo-gettyimages

ဘာစီလိုနာစူပါစတားမက်ဆီဟာ အဲဒီလာလီဂါချန်ပီယံအသင်းကို ချစ်မြတ်နိုးတာကြောင့် နူးကမ့်မှာပဲ ကစားသမားဘဝအနားယူလိမ့်မယ်လို့ သူ့ရဲ့အာဂျင်တီးနားအသင်းဖော်ဖြစ်သူ မန်စီးတီးတိုက်စစ်မှုးအဂူရိုက ယုံကြည်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိဘောလုံးရာသီဆိုင်းငံ့သွားခြင်းမရှိခင် အသင်းအားကစားဒါရိုက်တာအဘီဒယ်နဲ့ လူသိရှင်ကြားစကားများခဲ့တာကြောင့် မက်ဆီရဲ့အနာဂါတ်နဲ့ပတ်သက်ပြီး အမျိုးမျိုးမှန်းဆပြောဆိုမှုတွေ ရှိခဲ့ပါသေးတယ်။

photo-gettyimages

အဲဒီ ၆ ထပ်ကွမ်း Ballon d’Or ဆုရှင်ဟာ ဘာစီလိုနာနဲ့ ၂၀၂၁ အထိစာချုပ်သက်တမ်းရှိထားပြီး ဒီရာသီမှာတော့ ကွင်းတွင်းကွင်းပြင် စိတ်ပျက်လက်ပျက်ဖြစ်တဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဂူရိုကတော့ ၃၂ နှစ်အရွယ် မက်ဆီဟာ သူ့ရဲ့ကစားသမားဘဝကို ဘာစီလိုနာနဲ့ပဲ အဆုံးသတ်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။ မက်ဆီဟာ ရာသီဆိုင်ငံ့သွားခြင်းမရှိခင် လာလီဂါအမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာအတွက် လာလီဂါ ၁၉ ဂိုးသွင်းထားပြီး ပြိုင်ပွဲအရပ်ရပ် ၂၄ ဂိုးသွင်းပေးထားပါတယ်။

photo-gettyimages

”မက်ဆီဟာ ဘာစီလိုနာရဲ့အမှတ်သညာနဲ့ ဂန္ထဝင်ဖြစ်နှင့်နေပါပြီ။ ဒါပေမဲ့ သိတဲ့အတိုင် ဘောလုံးမှာက အခြေအနေတွေက ဘာမှပြောလို့ မရပါဘူး။ သူသာ ဘာစီလိုနာမှာ နှစ်ပေါင်းများစွာကြာအောင် ဆက်ရှိနေပေမယ့် ကစားသမားတွေကတော့ အပြောင်းအလဲတွေဖြစ်နေကြတာပါ။ သူက ကလပ်ကိုချစ်မြတ်နိုးသလို အဲဒီမှာ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်နေပါတယ်။ ဘယ်လောက်မာျးပြားတဲ့အရာတွေဖြစ်ခဲ့ဖြစ်ခဲ့ အဲဒီမှာပဲ သူရှေ့ဆက်မှာပါ။ ကြီးကြီးမားမားတစ်ခုခု မဖြစ်ခဲ့ရင်ပေါ့လေ”လို့ အဂူရိုက ရုပ်သံတစ်ခုကို ပြောခဲ့ပါတယ်။

[Zawgyi]

တစ္ခုခုႀကီးႀကီးမားမားသာ မျဖစ္ခဲ့ရင္ ဘာကာမွာ မက္ဆီဆက္ရွိလိမ့္မယ္လို႔ အဂူရိုေျပာ

ဘာစီလိုနာစူပါစတားမက္ဆီဟာ အဲဒီလာလီဂါခ်န္ပီယံအသင္းကို ခ်စ္ျမတ္ႏိုးတာေၾကာင့္ ႏူးကမ့္မွာပဲ ကစားသမားဘ၀အနားယူလိမ့္မယ္လို႔ သူ႔ရဲ႕အာဂ်င္တီးနားအသင္းေဖာ္ျဖစ္သူ မန္စီးတီးတိုက္စစ္မႈးအဂူရိုက ယုံၾကည္ေနပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လက္ရွိေဘာလုံးရာသီဆုိင္းငံ့သြားျခင္းမရွိခင္ အသင္းအားကစားဒါရိုက္တာအဘီဒယ္နဲ႔ လူသိရွင္ၾကားစကားမ်ားခဲ့တာေၾကာင့္ မက္ဆီရဲ႕အနာဂါတ္နဲ႔ပတ္သက္ၿပီး အမ်ိဳးမ်ိဳးမွန္းဆေျပာဆိုမႈေတြ ရွိခဲ့ပါေသးတယ္။

အဲဒီ ၆ ထပ္ကြမ္း Ballon d’Or ဆုရွင္ဟာ ဘာစီလုိနာနဲ႔ ၂၀၂၁ အထိစာခ်ဳပ္သက္တမ္းရွိထားၿပီး ဒီရာသီမွာေတာ့ ကြင္းတြင္းကြင္းျပင္ စိတ္ပ်က္လက္ပ်က္ျဖစ္တဲ့အခ်ိန္ေတြ ရွိခဲ့ပါတယ္။ ဒါေပမဲ့ အဂူရိုကေတာ့ ၃၂ ႏွစ္အရြယ္ မက္ဆီဟာ သူ႔ရဲ႕ကစားသမားဘ၀ကို ဘာစီလိုနာနဲ႔ပဲ အဆုံးသတ္လိမ့္မယ္လို႔ ေျပာလိုက္ပါတယ္။ မက္ဆီဟာ ရာသီဆုိင္င့ံသြားျခင္းမရွိခင္ လာလီဂါအမွတ္ေပးဇယားဦးေဆာင္သူဘာစီလုိနာအတြက္ လာလီဂါ ၁၉ ဂိုးသြင္းထားၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၂၄ ဂိုးသြင္းေပးထားပါတယ္။

”မက္ဆီဟာ ဘာစီလုိနာရဲ႕အမွတ္သညာနဲ႔ ဂႏၳ၀င္ျဖစ္ႏွင့္ေနပါၿပီ။ ဒါေပမဲ့ သိတဲ့အတိုင္ ေဘာလုံးမွာက အေျခအေနေတြက ဘာမွေျပာလုိ႔ မရပါဘူး။ သူသာ ဘာစီလုိနာမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဆက္ရွိေနေပမယ့္ ကစားသမားေတြကေတာ့ အေျပာင္းအလဲေတြျဖစ္ေနၾကတာပါ။ သူက ကလပ္ကိုခ်စ္ျမတ္ႏိုးသလုိ အဲဒီမွာ သက္ေသာင့္သက္သာရွိၿပီး ေပ်ာ္ရႊင္ေနပါတယ္။ ဘယ္ေလာက္မာ်းျပားတဲ့အရာေတြျဖစ္ခဲ့ျဖစ္ခဲ့ အဲဒီမွာပဲ သူေရွ႕ဆက္မွာပါ။ ႀကီးႀကီးမားမားတစ္ခုခု မျဖစ္ခဲ့ရင္ေပါ့ေလ”လို႔ အဂူရိုက ရုပ္သံတစ္ခုကို ေျပာခဲ့ပါတယ္။