
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ရှော်လ်ကေးအသင်းကို ဒေါ့မွန်အသင်းက လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းက အနိုင်ဂိုးနှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဟာလန်းရဲ့ တစ်ဂိုးကတော့ တော်တော်လှပါတယ်။
ဘယ်လိုပုံစံ အနေအထားလဲဆိုရင် ဘယ်ခြမ်းကနေ ဆန်ချိုက ဧရိယာအတွင်း ခါးဖြတ်ဘောပေးပို့ခဲ့ရာမှာဟာလန်းက ရှော်ကေးနောက်ခံလူထိန်းချုပ်ခံထားရတဲ့ ကြားထဲကနေ လေထဲလှဲအိပ်ကာ ဘယ်ခြေနဲ့ လှလှပပသွင်းယူခဲ့တာဖြစ်ပါတယ်။
ဟာလန်းရဲ့ စံချိန်ကောင်းတွေကို တစ်ချက်ရှိုးမယ်ဆိုရင် ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၅ ပွဲကစားအပြီး သွင်းဂိုး ၂၇ ဂိုးအထိ ရရှိထားခဲ့တာကြောင့် တစ်ပွဲကို တစ်ဂိုးနှုန်းသွင်းယူထားသလိုပါပဲ။ ဟာလန်းဟာ ဒေါ့မွန်အသင်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ပြောင်းရွှေ့ခဲ့ပြီးနောက် ၄၃ ပွဲအထိ ကစားပေးထားပြီးဖြစ်ကာ ၄၃ ဂိုးအထိ ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။
ဟာလန်းကနောက်တက်ကြယ်ပွင့်ကစားသမားဖြစ်ပေမယ့် တချို့ကတော့ စီရော်နယ်ဒို၊ မက်ဆီတို့လိုထိပ်တန်းကစားသမားတွေနဲ့ နှိုင်းကြပါတယ်။ ဂိုးသွင်းစက်လို့နာမည်တပ်ခံထားရတဲ့ ကစားသမားဟာ ဆက်လက်ကြိုးစားနေမယ်ဆိုရင် ထိပ်တန်းအဆင့်ကို ရောက်မှာသေချာပါတယ်။ ဒါကြောင့်လည်း ဒေါ့မွန်အသင်းက လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဟာလန်ထက် ဆန်ချိုကိုပဲ ရောင်းချသွားဖို့ များနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ထားတာပါ။
ဆန်ချိုကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေတုန်းက ယူနိုက်တက်က အသည်းအသန်စိတ်ဝင်စားပြီး ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်အထိလည်း ယူနိုက်တက်အသင်းက စိတ်ဝင်စားနေသေးတယ်လို့ သိရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
တစ္ကြက္ျပတဲ့ ဟာလန္း
ေရွာ္လ္ေကးအသင္းကို ေဒါ့မြန္အသင္းက ေလးဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ေဒါ့မြန္တိုက္စစ္မႉးဟာလန္းက အႏိုင္ဂိုးႏွစ္ဂိုးသြင္းယူကာ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဟာလန္းရဲ႕ တစ္ဂိုးကေတာ့ ေတာ္ေတာ္လွပါတယ္။ ဘယ္လိုပုံစံ အေနအထားလဲဆိုရင္ ဘယ္ျခမ္းကေန ဆန္ခ်ိဳက ဧရိယာအတြင္း ခါးျဖတ္ေဘာေပးပို႔ခဲ့ရာမွာဟာလန္းက ေရွာ္ေကးေနာက္ခံလူထိန္းခ်ဳပ္ခံထားရတဲ့ ၾကားထဲကေန ေလထဲလွဲအိပ္ကာ ဘယ္ေျခနဲ႔ လွလွပပသြင္းယူခဲ့တာျဖစ္ပါတယ္။
ဟာလန္းရဲ႕ စံခ်ိန္ေကာင္းေတြကို တစ္ခ်က္ရႈိးမယ္ဆိုရင္ ဒီရာသီမွာ ၿပိဳင္ပြဲစုံ ၂၅ ပြဲကစားအၿပီး သြင္းဂိုး ၂၇ ဂိုးအထိ ရရွိထားခဲ့တာေၾကာင့္ တစ္ပြဲကို တစ္ဂိုးႏႈန္းသြင္းယူထားသလိုပါပဲ။ ဟာလန္းဟာ ေဒါ့မြန္အသင္းကို ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလအတြင္းက ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ၄၃ ပြဲအထိ ကစားေပးထားၿပီးျဖစ္ကာ ၄၃ ဂိုးအထိ ရရွိထားခဲ့တာလည္းျဖစ္ပါတယ္။
ဟာလန္းကေနာက္တက္ၾကယ္ပြင့္ကစားသမားျဖစ္ေပမယ့္ တခ်ိဳ႕ကေတာ့ စီေရာ္နယ္ဒို၊ မက္ဆီတို႔လိုထိပ္တန္းကစားသမားေတြနဲ႔ ႏႈိင္းၾကပါတယ္။ ဂိုးသြင္းစက္လို႔နာမည္တပ္ခံထားရတဲ့ ကစားသမားဟာ ဆက္လက္ႀကိဳးစားေနမယ္ဆိုရင္ ထိပ္တန္းအဆင့္ကို ေရာက္မွာေသခ်ာပါတယ္။ ဒါေၾကာင့္လည္း ေဒါ့မြန္အသင္းက လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ဟာလန္ထက္ ဆန္ခ်ိဳကိုပဲ ေရာင္းခ်သြားဖို႔ မ်ားေနတယ္ဆိုၿပီး သတင္းေတြ ထြက္ေပၚထားတာပါ။
ဆန္ခ်ိဳကို ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ေတြတုန္းက ယူႏိုက္တက္က အသည္းအသန္စိတ္ဝင္စားၿပီး ေခၚယူခ်င္ခဲ့တာ ျဖစ္ပါတယ္။ အခုအခ်ိန္အထိလည္း ယူႏိုက္တက္အသင္းက စိတ္ဝင္စားေနေသးတယ္လို႔ သိရပါတယ္။