တစ်ကြော့ပြန်လက်ရွေးစင်ကစားသမားဘဝမှာ လုခ်ရှောရဲ့ နောက်ထပ်အိပ်မက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လုခ်ရှောအနေနဲ့၂နှစ်ခွဲအကြာမှာ အင်္ဂလန်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီးနောက် ယူရို-၂၀၂၀ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ပါဝင်ဖို့စိတ်ကူးရည်မှန်းထားနေပါတယ်။ ယူနိုက်တက်နောက်ခံလူဟာ အယ်ဘေးနီးယားနဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ဟယ်ရီကိန်းရဲ့ အဖွင့်ဦးဆောင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

“အဖွင့်ဂိုးက အတော်လေးအရေးပါခဲ့ပါတယ်။ ကျွန်တော်လည်း ရလာတဲ့အခွင့်အရေးကို ဖန်တီးပေးခဲ့တာပါ။ ဟယ်ရီကဧရိယာထဲမှာအဆင်သင့်ရှိနေခဲ့တာပါ။ လွန်ခဲ့တဲ့ (2)နှစ်လောက်တုန်းက ကျွန်တော်ဟာ အင်္ဂလန်လက်ရွေးစင် ရဲ့ပွဲစဉ်တွေကို ကြည့်ရှု့ အားပေးခဲ့ပါတယ်။ အဲဒီတုန်းက တစ်ချိန်ကျရင် လက်ရွေးစင်အသင်းမှာ ကျွန်တော့်အခွင့်အရေးတွေ အသုံးချနိုင်ဖို့အတွက် မျှော်လင့်ခဲ့ဖူးပါတယ်။”

“အခုတော့ ကျွန်တော်အခွင့်အရေး တွေရလာပါပြီ။ အဲဒီအတွက် ကျွန်တော် အမှန်တကယ်ပဲပျော်မိပါတယ်။ တကယ်တမ်းတော့ ဥရောပဖလားပွဲစဉ်အတွက် အင်္ဂလန်လက်ရွေးစင်အသင်း မှာ ပါဝင်ကစားချင်ပါတယ်။ ဘန်ဂျီဝဲလ်နဲ့ နေရာလုရမှာ မို့လို့ အဲဒီကိစ္စက ခက်ခဲမှုရှိတဲ့ အနေအထားပါပဲ။”ဆိုပြီး လုခ်ရှောကပြောဆိုပါတယ်။

အယ်ဘေးနီးယား နဲ့ အင်္ဂလန် ပွဲစဉ်မှာ နောက်ခံလူ လုခ်ရှောဟာ စုစုပေါင်းဘောလုံးထိချက် -(100)ကြိမ်၊ ဘောလုံးပေးပို့ရာမှာ တိကျမှု%-(92%)၊ ဘောလုံး လုယူရာမှာ အောင်မြင်မှု-(3)ကြိမ်၊ ဂိုးဖန်တီးပေးမှု-(1)ကြိမ်တို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာပိုလန်အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီးအဲဒီနောက်ဩစတြီးယား၊ရိုမေးနီးယားအသင်းတို့နဲ့ခြေစမ်းပွဲစဉ်တွေပြီးရင်အပြီးသတ်လူစာရင်းကိုရွေးချယ်တော့မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi




