တစ်ကျော့ပြန် အယ်လီဂရီရဲ့ ခေါင်းဆောင်မှု လျှောက်လမ်းမှာ ဒိုလေး ဘေးထွက်တော့မှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းဟာ ယမန်နေ့က အသင်းနည်းပြချုပ် ပီယာလိုကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ယခင်နည်းပြချုပ်ဟောင်း အယ်လီဂရီကို ဒုတိယအကြိမ် တာဝန်ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ဘောလုံးနည်းပြတွေရဲ့ ဘဝကလည်း ထွက်လိုက်၊ ဝင်လိုက် ပြောင်းလိုက်ရွှေ့လိုက်နဲ့ ပတ်ချာလည်နေပါတယ်။

ကိုပါအီတာလီယာဖလားနဲ့ အီတလီစူပါဖလားတို့ကို ပီယာလိုက ဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် စီးရီးအေမှာ အဆင့်လေးနေရာသာရရှိခဲ့မှု၊

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ အစောကြီးထွက်ခွာခဲ့ရမှုတွေကြောင့် အခုလိုထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး တစ်နှစ်သာ အသင်းနည်းပြအဖြစ်နဲ့ ရှိနေခဲ့တာဖြစ်ပါတယ်။

အခုနေရာပြန်ရတဲ့ အယ်လီဂရီဟာ ၂၀၁၄ မှ ၂၀၁၉ အထိ ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ခဲ့ပြီး စီးရီးအေချန်ပီယံဆု ၅ ကြိမ် ရရှိခဲ့ပါတယ်။

၂၀၁၉ တုန်းက အယ်လီဂရီရဲ့ နေရာမှာ ဆာရီကို အစားထိုး တာဝန်ပေးခဲ့ပါတယ်။

ဆာရီကိုင်တွယ်ပြီး တစ်နှစ်အကြာမှာ ပီယာလို ရောက်လာပြီး ခုတော့ အယ်လီဂရီ ပြန်လည် တာဝန်ယူမှာ ဖြစ်ပါတယ်။

အယ်လီဂရီရောက်ရှိလာပြီး နောက် ရော်နယ်ဒို အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကိုစရောက်ချိန်ကစပြီး တစ်နှစ်ကို နည်းပြတစ်ယောက်နှုန်းနဲ့ ကစားရသလို ဖြစ်နေပါတယ်။

ရော်နယ်ဒိုဟာ အယ်လီဂရီရဲ့ လက်အောက်မှာ တုန်းက ၂၁ ဂိုးသွင်းနိုင်ခဲ့ပြီး၊ ဆာရီရဲ့လက်အောက်တွင် ၃၁ ဂိုးနှင့် ပီယာလိုရဲ့ လက်အောက်တွင် ၂၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အယ်လီဂရီရဲ့ အခြေအနေကိုသုံးသပ်ပြီး ကစားတဲ့ ကစားဟန်မျိုးထက် ဆာရီရဲ့ တိုက်စစ်ဦးစားပေး ကစားဟန်ကို ပိုမိုနှစ်သက်ကြောင်း ရော်နယ်ဒိုက ထုတ်ပြောဖူးပါတယ်။

အခုတော့ အခြေအနေ အကြောင်းကြောင်းကြောင့် ဒိုလေး တစ်ယောက် အသင်းပြောင်းတော့မှာလား၊ ဒါမှမဟုတ် မသစ်တဲ့ နည်းပြဟောင်း လက်အောက်မှာပဲ အခြေအနေကြည့် လှုပ်ရှားမှာပါလား။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တစ္ေက်ာ့ျပန္ အယ္လီဂရီရဲ႕ ေခါင္းေဆာင္မႈ ေလွ်ာက္လွမ္းမွာ ဒိုေလး ေဘးထြက္ေတာ့မွာလား?

ဂ်ဴဗင္တပ္စ္အသင္းဟာ ယမန္ေန႔က အသင္းနည္းျပခ်ဳပ္ ပီယာလိုကို ရာထူးကေန ထုတ္ပယ္ၿပီးေနာက္ ယခင္နည္းျပခ်ဳပ္ေဟာင္း အယ္လီဂရီကို ဒုတိယအႀကိမ္ တာဝန္ျပန္လည္ေပးအပ္ခဲ့ပါတယ္။

ေဘာလုံးနည္းျပေတြရဲ႕ ဘဝကလည္း ထြက္လိုက္၊ ဝင္လိုက္ ေျပာင္းလိုက္ေ႐ႊ႕လိုက္နဲ႔ ပတ္ခ်ာလည္ေနပါတယ္။ ကိုပါအီတာလီယာဖလားနဲ႔ အီတလီစူပါဖလားတို႔ကို ပီယာလိုက ဆြတ္ခူးေပးႏိုင္ခဲ့ေပမယ့္ စီးရီးေအမွာ အဆင့္ေလးေနရာသာရရွိခဲ့မႈ၊ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန အေစာႀကီးထြက္ခြာခဲ့ရမႈေတြေၾကာင့္ အခုလိုထုတ္ပယ္ခံခဲ့ရတာျဖစ္ၿပီး တစ္ႏွစ္သာ အသင္းနည္းျပအျဖစ္နဲ႔ ရွိေနခဲ့တာျဖစ္ပါတယ္။

အခုေနရာျပန္ရတဲ့ အယ္လီဂရီဟာ ၂၀၁၄ မွ ၂၀၁၉ အထိ ဂ်ဴဗင္တပ္စ္အသင္းကို ကိုင္တြယ္ခဲ့ၿပီး စီးရီးေအခ်န္ပီယံဆု ၅ ႀကိမ္ ရရွိခဲ့ပါတယ္။

၂၀၁၉ တုန္းက အယ္လီဂရီရဲ႕ ေနရာမွာ ဆာရီကို အစားထိုး တာဝန္ေပးခဲ့ပါတယ္။ ဆာရီကိုင္တြယ္ၿပီး တစ္ႏွစ္အၾကာမွာ ပီယာလို ေရာက္လာၿပီး ခုေတာ့ အယ္လီဂရီ ျပန္လည္ တာဝန္ယူမွာ ျဖစ္ပါတယ္။

အယ္လီဂရီေရာက္ရွိလာၿပီး ေနာက္ ေရာ္နယ္ဒို အသင္းကေန ထြက္ခြာမယ္ဆိုတဲ့ သတင္းေတြ ထြက္ေနပါတယ္။ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္ကိုစေရာက္ခ်ိန္ကစၿပီး တစ္ႏွစ္ကို နည္းျပတစ္ေယာက္ႏႈန္းနဲ႔ ကစားရသလို ျဖစ္​ေနပါတယ္။

ေရာ္နယ္ဒိုဟာ အယ္လီဂရီရဲ႕ လက္ေအာက္မွာ တုန္းက ၂၁ ဂိုးသြင္းႏိုင္ခဲ့ၿပီး၊ ဆာရီရဲ႕လက္ေအာက္တြင္ ၃၁ ဂိုးႏွင့္ ပီယာလိုရဲ႕ လက္ေအာက္တြင္ ၂၉ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ အယ္လီဂရီရဲ႕ အေျခအေနကိုသုံးသပ္ၿပီး ကစားတဲ့ ကစားဟန္မ်ိဳးထက္ ဆာရီရဲ႕ တိုက္စစ္ဦးစားေပး ကစားဟန္ကို ပိုမိုႏွစ္သက္ေၾကာင္း ​ေရာ္နယ္ဒိုက ထုတ္​ေျပာဖူးပါတယ္။

အခု​​ေတာ့ အ​ေျခအ​ေန အ​ေၾကာင္း​ေၾကာင္း​ေၾကာင့္ ဒို​ေလး တစ္​ေယာက္ အသင္း​ေျပာင္း​ေတာ့မွာလား၊ ဒါမွမဟုတ္ မသစ္တဲ့ နည္းျပ​ေဟာင္း လက္​ေအာက္မွာပဲ အ​ေျခအ​​ေနၾကည့္ လႈပ္ရွားမွာပါလား။