
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မြန်မာ့အားကစားပရိသတ်တွေရဲ့အချစ်တော် MMA ကစားသမားအောင်လအန်ဆန်ဟာ One Championship ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်အတွက် ဒီရစ်ဒါကို စိန်ခေါ်နိုင်ဖို့ ပထမဆုံးအဖြစ် ဘရာဇီးလ် MMA ကစားသမား လီအန်ဒရိုကို ပထမဆုံးကျော်ဖြတ်ရတော့မှာဖြစ်ပါတယ်။
One Championship အဖွဲ့အစည်းက လာမယ့်ဇူလိုင်လ(၃၀)ရက်မှာ ONE: BATTLEGROUND ပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး အောင်လအန်ဆန်ဟာ လီအန်ဒရိုနဲ့ ရင်ဆိုင်ရမှာဖြစ်သလို အနိုင်ရခဲ့ရင် မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် ဒီရစ်ဒါနဲ့ထိုးသတ်ခွင့်ရမှာပါ။
အောင်လအန်ဆန်ဟာ One Championship ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံအဖြစ် ၂၀၁၇၊ ဇွန်လကနေ ၂၀၂၀၊ အောက်တိုဘာလအထိ (၃)နှစ်ကျော်ကြာရပ်တည်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်မှာ ဒီရစ်ဒါနဲ့ ချန်ပီယံကာကွယ်ပွဲထိုးသတ်ခဲ့တုန်းက ရှုံးနိမ့်ခဲ့လို့ မစ်ဒယ်ဝိတ်ခါးပတ်ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီနောက် အခုနှစ်၊ ဧပြီလတုန်းကလည်း လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ဒီရစ်ဒါနဲ့ ဆက်လက်ရင်ဆိုင်ခဲ့ရပြီး ရှုံးပွဲထပ်ကြုံခဲ့လို့ (၇)လအတွင်းမှာပဲ သူ့ရဲ့ချန်ပီယံခါးပတ်နှစ်ခုစလုံးကို ဒီရစ်ဒါဆီ လွှဲပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။
အခု အောင်လအန်ဆန်နဲ့ရင်ဆိုင်ရမယ့် လီအန်ဒရိုဟာ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်ပြီး MMA ကစားသမားဘဝတစ်လျှောက် (၁၅)ပွဲထိုးသတ်ခဲ့တာမှာ (၁၁)ပွဲနိုင်၊ (၄)ပွဲရှုံးထားသူပါ။
လီအန်ဒရိုဟာ မိုဟာမတ်အလီ(အီဂျစ်)၊ ပက်စတာနက်(ပိုလန်)၊ ဗစ်တာလီဘစ်ဒက်ရှ်(ရုရှား)၊ ဒီရစ်ဒါ(နယ်သာလန်)တို့နဲ့ ဆုံတွေ့ခဲ့ဖူးပြီး ဒီရစ်ဒါကလွဲလို့ ကျန်တဲ့သူတွေကို အနိုင်ထိုးသတ်ခဲ့လို့ အောင်လအန်ဆန် သတိထားရင်ဆိုင်ရမှာဖြစ်ပါတယ်။
အသက်အရွယ်အရလည်း အသက်(၃၆)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အောင်လအန်ဆန်က လီအန်ဒရိုထက် အသက်ပိုကြီးသလို ဒီရစ်ဒါနဲ့နှစ်ပွဲစလုံးမှာ
ကိုယ်ကအသာစီးမယူနိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့တဲ့အတွက် အောင်လအန်ဆန်အနေနဲ့ အသက်အရွယ်ကြောင့် စွမ်းရည်ကျဆင်းလာပြီလားလို့ မြန်မာပရိသတ်တွေက မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။
အောင်လအန်ဆန်ရဲ့ MMA မှတ်တမ်းက (၂၆)ပွဲနိုင်၊ (၁၂)ပွဲရှုံးနိမ့်ထားပြီး သူက မစ်ဒယ်ဝိတ်တန်းပွဲတွေကိုသာ အဓိကထိုးသတ်တော့မယ်လို့ ဆိုထားပါတယ်။
မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ချက်အတွက် ပထမဆုံးအတားအဆီးဖြစ်တဲ့ လီအန်ဒရိုကို အောင်လန်အန်ဆန်ကျော်ဖြတ်နိုင်မလားဆိုတာ လာမယ့်ဇူလိုင်(၃၀)ရက်မှာ စောင့်ကြည့်ရမှာပါ . . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
တစ္ေက်ာ့ျပန္ခ်န္ပီယံေမွ်ာ္လင့္ခ်က္အတြက္ လီအန္ဒ႐ိုကို ပထမဆုံးေက်ာ္ျဖတ္ရမယ့္ ေအာင္လအန္ဆန္
ျမန္မာ့အားကစားပရိသတ္ေတြရဲ႕အခ်စ္ေတာ္ MMA ကစားသမားေအာင္လအန္ဆန္ဟာ One Championship ကမာၻ႔မစ္ဒယ္ဝိတ္တန္းခ်န္ပီယံခါးပတ္အတြက္ ဒီရစ္ဒါကို စိန္ေခၚႏိုင္ဖို႔ ပထမဆုံးအျဖစ္ ဘရာဇီးလ္ MMA ကစားသမား လီအန္ဒ႐ိုကို ပထမဆုံးေက်ာ္ျဖတ္ရေတာ့မွာျဖစ္ပါတယ္။ One Championship အဖြဲ႕အစည္းက လာမယ့္ဇူလိုင္လ(၃၀)ရက္မွာ ONE: BATTLEGROUND ၿပိဳင္ပြဲကို က်င္းပသြားမွာျဖစ္ၿပီး ေအာင္လအန္ဆန္ဟာ လီအန္ဒ႐ိုနဲ႔ ရင္ဆိုင္ရမွာျဖစ္သလို အႏိုင္ရခဲ့ရင္ မစ္ဒယ္ဝိတ္ခ်န္ပီယံခါးပတ္စိန္ေခၚပြဲအျဖစ္ ဒီရစ္ဒါနဲ႔ထိုးသတ္ခြင့္ရမွာပါ။
ေအာင္လအန္ဆန္ဟာ One Championship ကမာၻ႔မစ္ဒယ္ဝိတ္တန္းခ်န္ပီယံအျဖစ္ ၂၀၁၇၊ ဇြန္လကေန ၂၀၂၀၊ ေအာက္တိုဘာလအထိ (၃)ႏွစ္ေက်ာ္ၾကာရပ္တည္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္မွာ ဒီရစ္ဒါနဲ႔ ခ်န္ပီယံကာကြယ္ပြဲထိုးသတ္ခဲ့တုန္းက ရႈံးနိမ့္ခဲ့လို႔ မစ္ဒယ္ဝိတ္ခါးပတ္ဆုံးရႈံးခဲ့ရပါတယ္။ အဲဒီေနာက္ အခုႏွစ္၊ ဧၿပီလတုန္းကလည္း လိုက္ဟဲဗီးဝိတ္ကမာၻ႔ခ်န္ပီယံခါးပတ္ကာကြယ္ပြဲအျဖစ္ ဒီရစ္ဒါနဲ႔ ဆက္လက္ရင္ဆိုင္ခဲ့ရၿပီး ရႈံးပြဲထပ္ႀကဳံခဲ့လို႔ (၇)လအတြင္းမွာပဲ သူ႔ရဲ႕ခ်န္ပီယံခါးပတ္ႏွစ္ခုစလုံးကို ဒီရစ္ဒါဆီ လႊဲေျပာင္းေပးခဲ့ရတာျဖစ္ပါတယ္။ အခု ေအာင္လအန္ဆန္နဲ႔ရင္ဆိုင္ရမယ့္ လီအန္ဒ႐ိုဟာ အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး MMA ကစားသမားဘဝတစ္ေလွ်ာက္ (၁၅)ပြဲထိုးသတ္ခဲ့တာမွာ (၁၁)ပြဲႏိုင္၊ (၄)ပြဲရႈံးထားသူပါ။
လီအန္ဒ႐ိုဟာ မိုဟာမတ္အလီ(အီဂ်စ္)၊ ပက္စတာနက္(ပိုလန္)၊ ဗစ္တာလီဘစ္ဒက္ရွ္(႐ုရွား)၊ ဒီရစ္ဒါ(နယ္သာလန္)တို႔နဲ႔ ဆုံေတြ႕ခဲ့ဖူးၿပီး ဒီရစ္ဒါကလြဲလို႔ က်န္တဲ့သူေတြကို အႏိုင္ထိုးသတ္ခဲ့လို႔ ေအာင္လအန္ဆန္ သတိထားရင္ဆိုင္ရမွာျဖစ္ပါတယ္။ အသက္အ႐ြယ္အရလည္း အသက္(၃၆)ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ေအာင္လအန္ဆန္က လီအန္ဒ႐ိုထက္ အသက္ပိုႀကီးသလို ဒီရစ္ဒါနဲ႔ႏွစ္ပြဲစလုံးမွာ ကိုယ္ကအသာစီးမယူႏိုင္ခဲ့ဘဲ ရႈံးနိမ့္ခဲ့တဲ့အတြက္ ေအာင္လအန္ဆန္အေနနဲ႔ အသက္အ႐ြယ္ေၾကာင့္ စြမ္းရည္က်ဆင္းလာၿပီလားလို႔ ျမန္မာပရိသတ္ေတြက ေမးခြန္းထုတ္ေနၾကတာျဖစ္ပါတယ္။
ေအာင္လအန္ဆန္ရဲ႕ MMA မွတ္တမ္းက (၂၆)ပြဲႏိုင္၊ (၁၂)ပြဲရႈံးနိမ့္ထားၿပီး သူက မစ္ဒယ္ဝိတ္တန္းပြဲေတြကိုသာ အဓိကထိုးသတ္ေတာ့မယ္လို႔ ဆိုထားပါတယ္။ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံဆုကို ျပန္လည္ပိုင္ဆိုင္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္အတြက္ ပထမဆုံးအတားအဆီးျဖစ္တဲ့ လီအန္ဒ႐ိုကို ေအာင္လန္အန္ဆန္ေက်ာ္ျဖတ္ႏိုင္မလားဆိုတာ လာမယ့္ဇူလိုင္(၃၀)ရက္မွာ ေစာင့္ၾကည့္ရမွာပါ . . . .