

ရီးရဲလ္မက္ဒရစ္အသင္းေနာက္ခံလူ ဆာဂ်ီယိုရာမို႔စ္က ဖီဖာကေပးအပ္တဲ႔ The Best ဆုကိုဆက္တိုက္လြဲ ေခာ်္ေနေပမယ္႔ ဒါကိုသူစိတ္မ၀င္စားဘဲ တစ္ဦးခ်င္းဆုေတြကိုမက္ေနရင္ တင္းနစ္သြားရိုက္ေနလိုက္မယ္လို႔ ေျပာလိုက္ပါတယ္။
ရာမို႔စ္ဟာ ၿပီးခဲ့တဲ႔ႏွစ္ေတြအတြင္း ရီးရဲလ္မက္ဒရစ္ေအာင္ျမင္မႈေတြရခဲ့ရာမွာ အေရးပါသူတစ္ဦးျဖစ္ခဲ့ၿပီး ခက္ခဲတဲ႔အေျခအေနေတြမွာ သူ႔ရဲ႕ဂိုးေတြနဲ႔မၾကာခဏကယ္တင္ေပးခဲ့သူပါ။ ဒါ့အျပင္စပိန္လက္ေရြးစင္ျဖစ္တဲ႔ ရာမို႔စ္ဟာ ႏိုင္ငံတကာအဆင့္မွာလည္း ဂိုးသြင္းအမ်ားဆုံးေနာက္ခံလူအျဖစ္ မွတ္တမ္း၀င္ထားတာပါ။

သူဟာ The Best ဆုနဲ႔လြဲခဲ့ေပမယ္႔ FIFA FIFPro Men’s World11 အသင္းမွာပါ၀င္ေနလို႔ မေန႔ညကက်င္းပခဲ့တဲ႔ ဖီဖာရဲ႕အေကာင္းဆုံးဆုေပးပြဲကို တက္ေရာက္ခဲ့ပါတယ္။ ဒီအသင္းမွာပါ၀င္တာဟာသူ႔ရဲ႕ကစားသမားဘ၀မွာ ၁၀ ႀကိမ္ေျမာက္လည္းျဖစ္ပါတယ္။ ဆုေပးပြဲမွာ ရာမို႔စ္ကသူ႔အတြက္ တစ္ဦးခ်င္းဆုေတြကအေရးမပါဘဲ ရီးရဲလ္မက္ဒရစ္ ဆုဖလားေတြရ ဖို႔ဆိုရင္ တစ္ဦးခ်င္းဆုေတြအကုန္လုံးနဲ႔ လဲလွဲဖို႔အသင့္ရွိတယ္လုိ႔ ေျပာသြားပါတယ္။

ရီးရဲလ္ဟာၿပီးခဲ့တဲ႔ ရာသီက ကလပ္ကမၻာ႔ဖလားသာရရွိခဲ့ၿပီး ဆုဖလားေတြနဲ႔လြဲကာဆိုးရြားတဲ႔ရာသီနဲ႔ရင္ဆိုင္ခဲ့ရတာကို ရာမို႔စ္ကရည္ညြန္းျခင္းလည္း ျဖစ္ပါတယ္။ သူက”ရီးရဲလ္မက္ဒရစ္အသင္း ဆုဖလားေတြ ရမယ္ဆိုရင္ ဒီဆုေပးပြဲနဲ႔ က်ြန္ေတာ္လြဲလိုက္ျခင္တာပါ။ တစ္ဦးခ်င္းဆုေတြကိုဘဲ မက္ေနမယ္ဆိုရင္ က်ြန္ေတာ္ တင္းနစ္ကစားသမားလုပ္ေနမွာေပါ့။

အသင္းႏိုင္တာဟာ က်ြန္ေတာ္တို႔အားလုံးႏိုင္တာနဲ႔ အတူတူပါဘဲ။ ၿပီးခဲ့တဲ႔ရာသီတုန္းက ဆိုးရြားမႈေတြႀကံဳ ခဲ့ရေပမယ္႔ FIFA FIFPro Men’s World11 အသင္းမွာ ရီးရဲလ္ကစားသမား ၆ ဦးပါလာတာကေတာ႔ ေက်နပ္စရာပါဘဲ” လို႔ေျပာသြားပါတယ္။ ရီးရဲလ္ဟာၿပီးခဲ့တဲ႔ရာသီမွာ မေအာင္ျမင္ခဲ့ေပမယ္႔ အခုအသင္းမွာ ၆ ဦးအထိပါလာတဲ႔အတြက္ ေရြးခ်ယ္မႈအေပၚ ေ၀ဖန္မႈေတြလည္းရွိေနတယ္လို႔ သိရပါတယ္။

Unicode
တစ်ဦးချင်း ဆုတံဆိပ်တွေမက်နေရင် တင်းနစ်သွားရိုက်နေလိုက်မယ်လို့ ရာမို့စ်ပြော
ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ဆာဂျီယိုရာမို့စ်က ဖီဖာကပေးအပ်တဲ့ The Best ဆုကိုဆက်တိုက်လွဲ ခောျ်နေပေမယ့် ဒါကိုသူစိတ်မဝင်စားဘဲ တစ်ဦးချင်းဆုတွေကိုမက်နေရင် တင်းနစ်သွားရိုက်နေလိုက်မယ်လို့ ပြောလိုက်ပါတယ်။
ရာမို့စ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရီးရဲလ်မက်ဒရစ်အောင်မြင်မှုတွေရခဲ့ရာမှာ အရေးပါသူတစ်ဦးဖြစ်ခဲ့ပြီး ခက်ခဲတဲ့အခြေအနေတွေမှာ သူ့ရဲ့ဂိုးတွေနဲ့မကြာခဏကယ်တင်ပေးခဲ့သူပါ။ ဒါ့အပြင်စပိန်လက်ရွေးစင်ဖြစ်တဲ့ ရာမို့စ်ဟာ နိုင်ငံတကာအဆင့်မှာလည်း ဂိုးသွင်းအများဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်ထားတာပါ။
သူဟာ The Best ဆုနဲ့လွဲခဲ့ပေမယ့် FIFA FIFPro Men’s World11 အသင်းမှာပါဝင်နေလို့ မနေ့ညကကျင်းပခဲ့တဲ့ ဖီဖာရဲ့အကောင်းဆုံးဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒီအသင်းမှာပါဝင်တာဟာသူ့ရဲ့ကစားသမားဘဝမှာ ၁၀ ကြိမ်မြောက်လည်းဖြစ်ပါတယ်။ ဆုပေးပွဲမှာ ရာမို့စ်ကသူ့အတွက် တစ်ဦးချင်းဆုတွေကအရေးမပါဘဲ ရီးရဲလ်မက်ဒရစ် ဆုဖလားတွေရ ဖို့ဆိုရင် တစ်ဦးချင်းဆုတွေအကုန်လုံးနဲ့ လဲလှဲဖို့အသင့်ရှိတယ်လို့ ပြောသွားပါတယ်။
ရီးရဲလ်ဟာပြီးခဲ့တဲ့ ရာသီက ကလပ်ကမ္ဘာ့ဖလားသာရရှိခဲ့ပြီး ဆုဖလားတွေနဲ့လွဲကာဆိုးရွားတဲ့ရာသီနဲ့ရင်ဆိုင်ခဲ့ရတာကို ရာမို့စ်ကရည်ညွန်းခြင်းလည်း ဖြစ်ပါတယ်။ သူက”ရီးရဲလ်မက်ဒရစ်အသင်း ဆုဖလားတွေ ရမယ်ဆိုရင် ဒီဆုပေးပွဲနဲ့ ကျွန်တော်လွဲလိုက်ခြင်တာပါ။ တစ်ဦးချင်းဆုတွေကိုဘဲ မက်နေမယ်ဆိုရင် ကျွန်တော် တင်းနစ်ကစားသမားလုပ်နေမှာပေါ့။
အသင်းနိုင်တာဟာ ကျွန်တော်တို့အားလုံးနိုင်တာနဲ့ အတူတူပါဘဲ။ ပြီးခဲ့တဲ့ရာသီတုန်းက ဆိုးရွားမှုတွေကြုံ ခဲ့ရပေမယ့် FIFA FIFPro Men’s World11 အသင်းမှာ ရီးရဲလ်ကစားသမား ၆ ဦးပါလာတာကတော့ ကျေနပ်စရာပါဘဲ” လို့ပြောသွားပါတယ်။ ရီးရဲလ်ဟာပြီးခဲ့တဲ့ရာသီမှာ မအောင်မြင်ခဲ့ပေမယ့် အခုအသင်းမှာ ၆ ဦးအထိပါလာတဲ့အတွက် ရွေးချယ်မှုအပေါ် ဝေဖန်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။