
Photo Credit
Photo Credit
ေပၚတူဂီစတားေရာ္နယ္ဒိုဟာ အင္တာဗ်ဴးအစီအစဥ္တစ္ခုမွာ ငယ္ဘ၀တုန္းက စားစရာမရွိေလာက္ေအာင္ ဆင္းရဲေနခ်ိန္ မိမိကို ဟမ္ဘာဂါ အလကားေကၽြးခဲ့တဲ့ အက္ဒ္နာအမည္ရွိ မက္ေဒၚနယ္၀န္ထမ္းတစ္ဦးကို ေက်းဇူးျပန္ဆပ္ဖို႔ လုိက္လံရွာေဖြေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။
Photo Credit
အသက္ ၃၄ႏွစ္အရြယ္ရွိ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ပီးယားစ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးရွည္ႀကီးျပဳလုပ္ခဲ့တာျဖစ္ၿပီး အဲဒီမွာ သူ႕ဘ၀နဲ႔ပတ္သက္တဲ့ လူသိပ္မသိေသးတဲ့အေၾကာင္းအရာေတြလည္း ပါ၀င္ခ့ဲပါတယ္။
Photo Credit
သူဟာ မာဒိုင္ရာမွာ ဆင္းရဲဒုကၡေရာက္ခဲ့ရတဲ့ကေလးငယ္အျဖစ္ကေန ယေန႔ တစ္ႏွစ္၀င္ေငြ ေပါင္ ၈၆.၅သန္းရရွိတဲ့ေဘာလုံးၾကယ္ပြင့္အျဖစ္ ရပ္တည္ႏိုင္ေအာင္ ျပင္းျပင္းထန္ထန္ေလ့က်င့္ခဲ့ၿပီး ကေလးဘ၀တုန္းက အဲဒီကၽြန္းၿမိဳ႕ေလးမွာ ဆာေလာင္တဲ့အခါ ဟမ္ဘာဂါစားျဖစ္ခဲ့ပုံအေၾကာင္း ျပန္ေျပာင္းေျပာဆုိခဲ့ပါတယ္။
Photo Credit
အခုေတာ့ ေရာ္နယ္ဒိုဟာ ကေလးဘ၀က တကယ္လုိအပ္ခ်ိန္မွာ လူသားခ်င္းစာနာၿပီး ဟမ္ဘာဂါေတြ အလကားေကၽြးခဲ့တဲ့ မက္ေဒၚနယ္၀န္ထမ္းေတြကို ျပန္ရွာေနတာျဖစ္ၿပီး ေက်းဇူးဆပ္ခ်င္တာေၾကာင့္ ၀ိုင္း၀န္းကူညီရွာေပးၾကဖို႔လည္း အင္တာဗ်ဴးမွာ ထည့္သြင္းေတာင္းဆိုသြားပါတယ္။
Photo Credit
”အဲဒီအခ်ိန္တုန္းက ကၽြန္ေတာ္တုိ႔ ဗုိက္နည္းနည္းဆာလာတယ္။ ေနာက္ၿပီးေတာ့ မက္ေဒၚနယ္ဆုိင္ကလည္း ကြင္းေဘးမွာရွိေနတယ္ေလ။ ဒါနဲ႔ တံခါးေခါက္ၿပီး ဘာဂါေလးမ်ားရွိလားလုိ႔ ေမးလုိက္ပါတယ္။ အဲဒီမွာ အက္ဒ္နာနဲ႔ ေကာင္မေလး ၂ေယာက္ရွိတယ္။ သူတို႔က ကၽြန္ေတာ္တုိ႔ကို ဟမ္ဘာဂါေတြ အလကားေကၽြးခဲ့ပါတယ္။ အဲဒီေနာက္သူတုိ႔နဲ႔တစ္ခါမွထပ္မေတြ႕ျဖစ္ေတာ့ပါဘူး”လုိ႔ ေရာ္နယ္ဒိုက ေျပာပါတယ္။
Photo Credit
ေရာ္နယ္ဒိုက အဲဒီၿမိဳ႕ရွိ မက္ေဒၚနယ္ဆုိင္က အခုပိတ္သြားၿပီျဖစ္ေပမယ့္ သူကေတာ့ ၾကင္နာတတ္တဲ့မက္ေဒၚနယ္၀န္ထမ္းကို ေက်းဇူးဆပ္ခ်င္လုိ႔ ရွာေဖြေနေၾကာင္း ဆုိပါတယ္။ ”ေပၚတူဂီေရာက္ေတာ့ မက္ေဒၚနယ္ဆုိင္ဖြင့္ေသးလားလုိ႔ ေမးျဖစ္ခဲ့ပါတယ္။ သူတု႔ိကေတာ့ အဲဒီဆုိင္ပိတ္သြားၿပီေျပာတယ္”
Photo Credit
”တကယ္လုိ႔ ဒီအင္တာဗ်ဴးကေန သူတို႔ကို ရွာေဖြႏိုင္မယ္ဆုိရင္ ကၽြန္ေတာ္တကယ္ပဲေပ်ာ္ရႊင္မိမွာပါ။ အဲဒီလုိဆိုရင္ ကၽြန္ေတာ္နဲ႔အတူ ညစာစားဖို႔ တူရင္ျဖစ္ျဖစ္ လစၥဘြန္းပဲျဖစ္ျဖစ္ သူတုိ႔ကို ဖိတ္ေခၚျဖစ္မွာပါ။ ဘာျဖစ္လုိ႔လဲဆိုေတာ့ သူတု႔ိကို ကၽြန္ေတာ္ ေက်းဇူးျပန္ဆပ္ခ်င္လု႔ိပါ”လို႔ ေရာ္နယ္ဒိုက ဆက္ေျပာပါတယ္။
Photo Credit
Unicode
တစ်လုပ်စားဖူး သူ့ကျေးဇူးတဲ့ ….ငယ်ဘဝဆင်းရဲချိန်မှာ ဟမ်ဘာဂါအလကားကျွေးခဲ့တဲ့မက်ဒေါ်နယ်ဝန်ထမ်းကို ကျေးဇူးပြန်ဆပ်ဖို့ ရှာဖွေနေတဲ့ရော်နယ်ဒို
ပေါ်တူဂီစတားရော်နယ်ဒိုဟာ အင်တာဗျူးအစီအစဉ်တစ်ခုမှာ ငယ်ဘဝတုန်းက စားစရာမရှိလောက်အောင် ဆင်းရဲနေချိန် မိမိကို ဟမ်ဘာဂါ အလကားကျွေးခဲ့တဲ့ အက်ဒ်နာအမည်ရှိ မက်ဒေါ်နယ်ဝန်ထမ်းတစ်ဦးကို ကျေးဇူးပြန်ဆပ်ဖို့ လိုက်လံရှာဖွေနေကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက် ၃၄နှစ်အရွယ်ရှိ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပီးယားစ်မော်ဂန်နဲ့ အင်တာဗျူးရှည်ကြီးပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီမှာ သူ့ဘဝနဲ့ပတ်သက်တဲ့ လူသိပ်မသိသေးတဲ့အကြောင်းအရာတွေလည်း ပါဝင်ခဲ့ပါတယ်။
သူဟာ မာဒိုင်ရာမှာ ဆင်းရဲဒုက္ခရောက်ခဲ့ရတဲ့ကလေးငယ်အဖြစ်ကနေ ယနေ့ တစ်နှစ်ဝင်ငွေ ပေါင် ၈၆.၅သန်းရရှိတဲ့ဘောလုံးကြယ်ပွင့်အဖြစ် ရပ်တည်နိုင်အောင် ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပြီး ကလေးဘဝတုန်းက အဲဒီကျွန်းမြို့လေးမှာ ဆာလောင်တဲ့အခါ ဟမ်ဘာဂါစားဖြစ်ခဲ့ပုံအကြောင်း ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။
အခုတော့ ရော်နယ်ဒိုဟာ ကလေးဘဝက တကယ်လိုအပ်ချိန်မှာ လူသားချင်းစာနာပြီး ဟမ်ဘာဂါတွေ အလကားကျွေးခဲ့တဲ့ မက်ဒေါ်နယ်ဝန်ထမ်းတွေကို ပြန်ရှာနေတာဖြစ်ပြီး ကျေးဇူးဆပ်ချင်တာကြောင့် ဝိုင်းဝန်းကူညီရှာပေးကြဖို့လည်း အင်တာဗျူးမှာ ထည့်သွင်းတောင်းဆိုသွားပါတယ်။
”အဲဒီအချိန်တုန်းက ကျွန်တော်တို့ ဗိုက်နည်းနည်းဆာလာတယ်။ နောက်ပြီးတော့ မက်ဒေါ်နယ်ဆိုင်ကလည်း ကွင်းဘေးမှာရှိနေတယ်လေ။ ဒါနဲ့ တံခါးခေါက်ပြီး ဘာဂါလေးများရှိလားလို့ မေးလိုက်ပါတယ်။ အဲဒီမှာ အက်ဒ်နာနဲ့ ကောင်မလေး ၂ယောက်ရှိတယ်။ သူတို့က ကျွန်တော်တို့ကို ဟမ်ဘာဂါတွေ အလကားကျွေးခဲ့ပါတယ်။ အဲဒီနောက်သူတို့နဲ့တစ်ခါမှထပ်မတွေ့ဖြစ်တော့ပါဘူး”လို့ ရော်နယ်ဒိုက ပြောပါတယ်။
ရော်နယ်ဒိုက အဲဒီမြို့ရှိ မက်ဒေါ်နယ်ဆိုင်က အခုပိတ်သွားပြီဖြစ်ပေမယ့် သူကတော့ ကြင်နာတတ်တဲ့မက်ဒေါ်နယ်ဝန်ထမ်းကို ကျေးဇူးဆပ်ချင်လို့ ရှာဖွေနေကြောင်း ဆိုပါတယ်။ ”ပေါ်တူဂီရောက်တော့ မက်ဒေါ်နယ်ဆိုင်ဖွင့်သေးလားလို့ မေးဖြစ်ခဲ့ပါတယ်။ သူတု့ိကတော့ အဲဒီဆိုင်ပိတ်သွားပြီပြောတယ်”
”တကယ်လို့ ဒီအင်တာဗျူးကနေ သူတို့ကို ရှာဖွေနိုင်မယ်ဆိုရင် ကျွန်တော်တကယ်ပဲပျော်ရွှင်မိမှာပါ။ အဲဒီလိုဆိုရင် ကျွန်တော်နဲ့အတူ ညစာစားဖို့ တူရင်ဖြစ်ဖြစ် လစ္စဘွန်းပဲဖြစ်ဖြစ် သူတို့ကို ဖိတ်ခေါ်ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတု့ိကို ကျွန်တော် ကျေးဇူးပြန်ဆပ်ချင်လု့ိပါ”လို့ ရော်နယ်ဒိုက ဆက်ပြောပါတယ်။