တစ္မိနစ္လုပ္အားခ ၉၉ ေပါင္နဲ႔ က်န္းစုဆန္နင္းကို ေဘးလ္ေျပာင္းေရႊ႕မယ္လို႔ဆို

ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ဟာ တရုတ္စူပါလိဂ္ကလပ္က်န္းစုဆန္နင္းအသင္းကို တစ္ပတ္လစာေပါင္ ၁ သန္းနဲ႔ေျပာင္းေရႊ႕ဖို႔သေဘာတူထားတယ္လို႔ တရုတ္ကလာတဲ႔သတင္းတစ္ရပ္မွာေဖာ္ျပသြားပါတယ္။

ရီးရဲလ္ကေန ေဘးလ္ထြက္ခြာရေတာ႔မယ္လို႔ နည္းျပဇီဒန္းကိုယ္တိုင္ကအတည္ျပဳခဲ့ၿပီးေနာက္ သူသြားကစားႏိုင္မယ္႔အသင္းေတြကိုလည္းခန္႔မွန္းခဲ့ၾကပါတယ္။ ဒါေပမယ္႔ သူ႔လစာျမင့္မားမႈေၾကာင့္ မန္ယူ၊ စပါး၊ ဘိုင္ယန္ျမဴ းနစ္အစရွိတဲ႔ အသင္းေတြအားလုံးကေခၚယူဖို႔ မတတ္ႏိုင္ဘဲ ရီးရဲလ္ရဲ႕ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ၾကပါတယ္။

ဒါေပမယ္႔ တရုတ္ႏိုင္ငံရဲ႕နာမည္ႀကီးဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ႔ ဘိုင္ဂူဟာက က်န္းစုဆန္နင္းဟာသူတို႔ၿပိဳင္ဘက္ ေဘဂ်င္းဂူအန္အသင္းကိုေက်ာ္ျဖတ္ၿပီး ေဘးလ္ကိုရရွိသြားၿပီလို႔ဆိုခဲ့ပါတယ္။ သူဟာတရုတ္ႏိုင္ငံမွာအသုံးျပဳေနတဲ႔ ဆိုရွယ္မီဒီယာျဖစ္တဲ႔ Weibo ကေန က်န္းစုဆန္နင္းအသင္အတြက္ဂုဏ္ယူပါတယ္ ဆိုၿပီးေဖာ္ျပသြားခဲ့ပါတယ္။

ေဘးလ္ဟာအဲဒီအသင္းမွာ တစ္ပတ္လစာေပါင္ ၁ သန္းေတာင္ရရွိမွာျဖစ္လို႔ သူ႔တစ္ႏွစ္လစာဟာေပါင္ ၅၂ သန္းအထိရွိလာပါလိမ့္မယ္။ ဒီအတိုင္းသာဆိုရင္ သူ႔တစ္မိနစ္လုပ္ခဟာ ၉၉ ေပါင္၊ တစ္နာရီလုပ္ခက ၅၉၅၀ ေပါင္၊ တစ္ရက္လုပ္ခက ၁၄၂၉၀၀ ျဖစ္ၿပီး တစ္ပတ္ကိုေပါင္ ၁ သန္း၊ တစ္လကိုေပါင္ ၄.၃သန္းရရွိမွာျဖစ္ပါတယ္။သူဟာရီးရဲလ္မွာ တစ္ပတ္ကိုေပါင္ ၆ သိန္းနီးပါးရရွိေနသူျဖစ္ပါတယ္။

က်န္းစုဆန္နင္းဟာ တရုတ္ႏိုင္ငံအေရွ႕ပိုင္းမွာရွိတဲ႔ နန္က်င္းၿမိဳ႕မွာအေျခစိုက္တာျဖစ္ပါတယ္။ သူတို႔ဟာၿပီးခဲ့တဲ႔ရာသီတရုတ္စူပါလိဂ္မွာ အဆင့္ ၅ ရခဲ့ၿပီး လက္ရွိမွာေတာ႔ ရာသီၿပီးဆုံးဖို႔ ၁၁ ပြဲက်န္ေနခ်ိန္မွာ အဆင့္ ၆ ေနရာကိုရယူထားပါတယ္။

Unicode

တစ်မိနစ်လုပ်အားခ ၉၉ ပေါင်နဲ့ ကျန်းစုဆန်နင်းကို ဘေးလ်ပြောင်းရွှေ့မယ်လို့ဆို
ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ တရုတ်စူပါလိဂ်ကလပ်ကျန်းစုဆန်နင်းအသင်းကို တစ်ပတ်လစာပေါင် ၁ သန်းနဲ့ပြောင်းရွှေ့ဖို့သဘောတူထားတယ်လို့ တရုတ်ကလာတဲ့သတင်းတစ်ရပ်မှာဖော်ပြသွားပါတယ်။

ရီးရဲလ်ကနေ ဘေးလ်ထွက်ခွာရတော့မယ်လို့ နည်းပြဇီဒန်းကိုယ်တိုင်ကအတည်ပြုခဲ့ပြီးနောက် သူသွားကစားနိုင်မယ့်အသင်းတွေကိုလည်းခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် သူ့လစာမြင့်မားမှုကြောင့် မန်ယူ၊ စပါး၊ ဘိုင်ယန်မြူ းနစ်အစရှိတဲ့ အသင်းတွေအားလုံးကခေါ်ယူဖို့ မတတ်နိုင်ဘဲ ရီးရဲလ်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံရဲ့နာမည်ကြီးဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဘိုင်ဂူဟာက ကျန်းစုဆန်နင်းဟာသူတို့ပြိုင်ဘက် ဘေဂျင်းဂူအန်အသင်းကိုကျော်ဖြတ်ပြီး ဘေးလ်ကိုရရှိသွားပြီလို့ဆိုခဲ့ပါတယ်။ သူဟာတရုတ်နိုင်ငံမှာအသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာဖြစ်တဲ့ Weibo ကနေ ကျန်းစုဆန်နင်းအသင်အတွက်ဂုဏ်ယူပါတယ် ဆိုပြီးဖော်ပြသွားခဲ့ပါတယ်။

ဘေးလ်ဟာအဲဒီအသင်းမှာ တစ်ပတ်လစာပေါင် ၁ သန်းတောင်ရရှိမှာဖြစ်လို့ သူ့တစ်နှစ်လစာဟာပေါင် ၅၂ သန်းအထိရှိလာပါလိမ့်မယ်။ ဒီအတိုင်သာဆိုရင် သူ့တစ်မိနစ်လုပ်ခဟာ ၉၉ ပေါင်၊ တစ်နာရီလုပ်ခက ၅၉၅၀ ပေါင်၊ တစ်ရက်လုပ်ခက ၁၄၂၉၀၀ ဖြစ်ပြီး တစ်ပတ်ကိုပေါင် ၁ သန်း၊ တစ်လကိုပေါင် ၄.၃သန်းရရှိမှာဖြစ်ပါတယ်။သူဟာရီးရဲလ်မှာ တစ်ပတ်ကိုပေါင် ၆ သိန်းနီးပါးရရှိနေသူဖြစ်ပါတယ်။

ကျန်းစုဆန်နင်းဟာ တရုတ်နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ နန်ကျင်းမြို့မှာအခြေစိုက်တာဖြစ်ပါတယ်။ သူတို့ဟာပြီးခဲ့တဲ့ရာသီတရုတ်စူပါလိဂ်မှာ အဆင့် ၅ ရခဲ့ပြီး လက်ရှိမှာတော့ ရာသီပြီးဆုံးဖို့ ၁၁ ပွဲကျန်နေချိန်မှာ အဆင့် ၆ နေရာကိုရယူထားပါတယ်။