တစ္ပြဲမွကစားရေသးဘဲ မာလာဂါနဲ႔လမ္းခြဲခဲ့ရတဲ့ အိုကာဇာကီ

Photo Credit

Photo Credit

ရွင္ဂ်ီအိုကာဇာကီကို ပရိသတ္ေတြ မွတ္မွတ္ထင္ထင္ရွိၾကမယ္ထင္ပါတယ္။ အထူးသျဖင့္ လက္စတာအသင္းနဲ႔တြဲၿပီးေတာ့ သူ႕ကို မွတ္မိမွာပါ။ သူက တစ္ရာသီဂုိး အနည္းဆုံး ၂၀အာမခံႏုိင္တဲ့တုိက္စစ္မွဴးမ်ိဳးမဟုတ္ေပမယ့္ ဂ်ပန္လူမ်ိဳးေတြရဲ႕ထုံးစံအတုိင္း စိတ္ဓာတ္အရမ္းျပင္းတယ္။

Photo Credit ; Getty Images

ကြင္းတြင္း သူ႕ရဲ႕လုပ္အားႏႈန္းက သူ႕ေျခစြမ္းထက္ ပရိသတ္ေတြကို ပိုမိုစိတ္လႈပ္ရွားေစပါတယ္။ အိုကာဇာကီဟာ အခုေတာ့ ဆီဂန္ဒါကလပ္ မာလာဂါအသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရိွလာၿပီး ရက္သတၱပတ္ ၄ပတ္အၾကာမွာပဲ အသင္းနဲ႔ လမ္းခြဲခဲ့ရတယ္လုိ႔ သိရပါတယ္။

Photo Credit

အဓိကျပႆနာကေတာ့ အိုကာဇာကီရဲ႕လုပ္ခလစာျမင့္မားေနတာျဖစ္ၿပီး မာလာဂါအသင္းရဲ႕အျမင့္ဆုံးလုပ္ခလစာေပးေခ်မႈက စပိန္လိဂ္က သတ္မွတ္ထားတဲ့ ပမာဏထက္ ပိုမ်ားေနတာေၾကာင့္ အုိကာဇာကီလည္း ဆီဂန္ဒါအမွတ္ေပးၿပိဳင္ပြဲ(စပိန္ဒုတိယတန္း)မွာ ပါ၀င္ကစားဖုိ႔ မွတ္ပုံတင္လု႔ိမရေတာ့ပါဘူး။

Photo Credit

ဒီအတြက္ေၾကာင့္ပဲ အိုကာဇာကီလည္း မာလာဂါနဲ႔ ခ်ဳပ္ဆုိထားတဲ့စာခ်ဳပ္ကို ႏွစ္ဘက္သေဘာတူညီမႈနဲ႔ ဖ်က္သိမ္းလုိက္ရၿပီး သူ႕အေနနဲ႔ စပိန္မွာ တစ္ပြဲမွမကစားရဘဲ အသင္းနဲ႔လမ္းခြဲခဲ့ရကာ အခုေတာ့ အသင္းသစ္တစ္သင္းကို ရွာေဖြေနရပါတယ္။ ၂၀၁၈ က လာလီဂါကေန တန္းဆင္းခဲ့ရတဲ့ မာလာဂါဟာ တန္းျပန္တက္ႏိုင္ေရးအတြက္ အဓိကေခၚယူမႈအျဖစ္ အသက္ ၃၃ႏွစ္အရြယ္ရွိ အုိကာဇာကီကို တစ္ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူခဲ့တာပါ။

Photo Credit

ဒါေပမဲ့ အခုလိုကိစၥေတြျဖစ္ပြားခဲ့တာေၾကာင့္ မာလာဂါအသင္းအားကစားဒါ႐ိုက္တာ ဟိုေဆးလူး၀စ္ကာမီနီ႐ိုက အိုကာဇာကီနဲ႔ သူ႕ေအးဂ်င့္တုိ႔ကို လူသိရွင္ၾကားျပန္လည္ေတာင္းပန္ခဲ့ပါတယ္။ မာလာဂါဟာ အရင္တုန္းက ဥေရာပ၀င္ခြင့္ရတဲ့အထိ အသင္းႀကီးေတြကိုပါ ဒုကၡေပးတတ္တဲ့အသင္းျဖစ္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ဘ႑ာေရးဆုိင္ရာျပႆာနာေတြနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။

Photo Credit

အိုကာဇာကီဟာ လက္စတာအသင္းနဲ႔အတူ ၄ႏွစ္ၾကာျဖတ္သန္းခဲ့ၿပီးေနာက္ အသင္းနဲ႔လမ္းခြဲခဲ့သူျဖစ္ၿပီး ၂၀၁၆ ခုႏွစ္က လက္စတာအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ရာမွာ အဓိကေနရာကေန ပါ၀င္ခဲ့ပါတယ္။ သူဟာ လက္စတာအတြက္ စုစုေပါင္း ၁၃၇ပြဲမွာ ၁၉ဂိုးပဲ သြင္းယူႏိုင္ခဲ့ေပမယ့္ သူ႕ရဲ႕ကြင္းတြင္းလုပ္အားႏႈန္းေၾကာင့္ လက္စတာပရိသတ္ေတြရဲ႕အခ်စ္ေတာ္ကစားသမားတစ္ဦးျဖစ္ခဲ့ပါတယ္။

Photo Credit

Unicode

တစ်ပွဲမှကစားရသေးဘဲ မာလာဂါနဲ့လမ်းခွဲခဲ့ရတဲ့ အိုကာဇာကီ

ရှင်ဂျီအိုကာဇာကီကို ပရိသတ်တွေ မှတ်မှတ်ထင်ထင်ရှိကြမယ်ထင်ပါတယ်။ အထူးသဖြင့် လက်စတာအသင်းနဲ့တွဲပြီးတော့ သူ့ကို မှတ်မိမှာပါ။ သူက တစ်ရာသီဂိုး အနည်းဆုံး ၂၀အာမခံနိုင်တဲ့တိုက်စစ်မှူးမျိုးမဟုတ်ပေမယ့် ဂျပန်လူမျိုးတွေရဲ့ထုံးစံအတိုင်း စိတ်ဓာတ်အရမ်းပြင်းတယ်။
ကွင်းတွင်း သူ့ရဲ့လုပ်အားနှုန်းက သူ့ခြေစွမ်းထက် ပရိသတ်တွေကို ပိုမိုစိတ်လှုပ်ရှားစေပါတယ်။ အိုကာဇာကီဟာ အခုတော့ ဆီဂန်ဒါကလပ် မာလာဂါအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီး ရက်သတ္တပတ် ၄ပတ်အကြာမှာပဲ အသင်းနဲ့ လမ်းခွဲခဲ့ရတယ်လို့ သိရပါတယ်။
အဓိကပြဿနာကတော့ အိုကာဇာကီရဲ့လုပ်ခလစာမြင့်မားနေတာဖြစ်ပြီး မာလာဂါအသင်းရဲ့အမြင့်ဆုံးလုပ်ခလစာပေးချေမှုက စပိန်လိဂ်က သတ်မှတ်ထားတဲ့ ပမာဏထက် ပိုများနေတာကြောင့် အိုကာဇာကီလည်း ဆီဂန်ဒါအမှတ်ပေးပြိုင်ပွဲ(စပိန်ဒုတိယတန်း)မှာ ပါဝင်ကစားဖို့ မှတ်ပုံတင်လု့ိမရတော့ပါဘူး။
ဒီအတွက်ကြောင့်ပဲ အိုကာဇာကီလည်း မာလာဂါနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို နှစ်ဘက်သဘောတူညီမှုနဲ့ ဖျက်သိမ်းလိုက်ရပြီး သူ့အနေနဲ့ စပိန်မှာ တစ်ပွဲမှမကစားရဘဲ အသင်းနဲ့လမ်းခွဲခဲ့ရကာ အခုတော့ အသင်းသစ်တစ်သင်းကို ရှာဖွေနေရပါတယ်။
၂၀၁၈ က လာလီဂါကနေ တန်းဆင်းခဲ့ရတဲ့ မာလာဂါဟာ တန်းပြန်တက်နိုင်ရေးအတွက် အဓိကခေါ်ယူမှုအဖြစ် အသက် ၃၃နှစ်အရွယ်ရှိ အိုကာဇာကီကို တစ်နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။
ဒါပေမဲ့ အခုလိုကိစ္စတွေဖြစ်ပွားခဲ့တာကြောင့် မာလာဂါအသင်းအားကစားဒါရိုက်တာ ဟိုဆေးလူးဝစ်ကာမီနီရိုက အိုကာဇာကီနဲ့ သူ့အေးဂျင့်တို့ကို လူသိရှင်ကြားပြန်လည်တောင်းပန်ခဲ့ပါတယ်။ မာလာဂါဟာ အရင်တုန်းက ဥရောပဝင်ခွင့်ရတဲ့အထိ အသင်းကြီးတွေကိုပါ ဒုက္ခပေးတတ်တဲ့အသင်းဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဘဏ္ဍာရေးဆိုင်ရာပြဿာနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အိုကာဇာကီဟာ လက်စတာအသင်းနဲ့အတူ ၄နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် အသင်းနဲ့လမ်းခွဲခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်က လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ သူဟာ လက်စတာအတွက် စုစုပေါင်း ၁၃၇ပွဲမှာ ၁၉ဂိုးပဲ သွင်းယူနိုင်ခဲ့ပေမယ့် သူ့ရဲ့ကွင်းတွင်းလုပ်အားနှုန်းကြောင့် လက်စတာပရိသတ်တွေရဲ့အချစ်တော်ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။