တစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံရၿပီး ဒဏ္ေငြေဒၚလာ ၁၅၀၀ မက္ဆီေပးေဆာင္ရ

ဒီလအေစာပိုင္းက ကိုပါအေမရိက တတိယေနရာလုပြဲမွာျဖစ္ပြားခဲ့တဲ႔ ျပႆ     နာေၾကာင့္ ေတာင္အေမရိကေဘာလုံးအဖြဲ႔ခ်ဳပ္က အာဂ်င္တီးနားတိုက္စစ္မွဴ း မက္ဆီကုိတစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့တဲ႔အျပင္ ဒဏ္ေငြေဒၚလာ ၁၅၀၀ ေပးေဆာင္ေစဖို႔အမိန္႔ခ်မွတ္ခဲ့ေၾကာင္းသိရပါတယ္။

ခ်ီလီကို ၂-၁ နဲ႔အႏိုင္ရၿပီး အာဂ်င္တီးနားတတိယ ရခဲ့တဲ႔အဲဒီပြဲစဥ္မွာမက္ဆီဟာၿပိဳင္ဘက္ကြင္းလယ္လူ မီဒဲလ္နဲ႔အေျခအတင္ျဖစ္ၿပီး ၂ ေယာက္စလုံးကိုဒိုင္လူႀကီးတိုက္ရိုက္အနီကတ္ျပၿပီးထုတ္ပယ္ခဲ့ပါတယ္။ ဒီျဖစ္ရပ္မွာ ဗီဒဲလ္ရဲ႕တုံ႔ျပန္ပုံက ပိုၿပီးၾကမ္းခဲ့ေပမယ္႔ ဒိုင္လူႀကီးက မက္ဆီကိုပါထုတ္ပယ္ခဲ့လို႔ သူကမေက်မနပ္ျဖစ္ခဲ့တာပါ။

ဒါေၾကာင့္ မက္ဆီကကိုပါအေမရိကၿပိဳင္ပြဲဟာ  အိမ္ရွင္ဘရာဇီးဗိုလ္စဲြဖို႔ရည္ရြယ္ထားၿပီး ျခစားမႈေတြနဲ႔ျပည့္ႏွက္ေနတဲ႔ၿပိဳင္ပြဲ လို႔ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ဒါေၾကာင့္ မက္ဆီဟာေရရွည္ပြဲပယ္ျပစ္ဒဏ္နဲ႔ ႀကီးေလးတဲ႔ဒဏ္ေငြေပးေဆာင္ရႏိုင္တယ္လို႔ခန္႔မွန္းခဲ့ၾကေပမယ္႔ ေတာင္အေမရိကအဖြဲ႔ခ်ဳပ္ရဲ႕အခုျပစ္ဒဏ္ခ်မွတ္မႈဟာ အဲဒီေျပာဆိုမႈနဲ႔ေတာ႔မဆိုင္ခဲ့ပါဘူး။

ဒါေပမယ္႔လည္း ထုတ္ပယ္ခံရခ်ိန္မွာမက္ဆီဟာ ဒိုင္လူႀကီးကိုမေလးမစားျပဳမူခဲ့မႈနဲ႔သာ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ္႔အနီကတ္အတြက္အလိုအေလ်ာက္တစ္ပြဲပယ္ျပစ္ဒဏ္နဲ႔ ဒဏ္ေငြေဒၚလာ ၁၅၀၀ သာေပးေဆာင္ေစခဲ့တာျဖစ္ၿပီး ပြဲပိုျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရျခင္းမရွိပါဘူး။ ဒီျပစ္ဒဏ္ကို အဆုံးအျဖတ္ေပးသူတစ္ဦးသာပါ၀င္တဲ႔ ေတာင္အေမရိကေဘာလုံးအဖြဲ႔ခ်ဳပ္ စည္းကမ္းထိန္းသိမ္းအဖြဲ႔ကေနခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္မက္ဆီဟာ ၂၀၂၂ ကမၻာ႔ဖလားအတြက္ ေတာင္အေမရိကဇုန္ပထမဆုံးေျခစစ္ပြဲမွာ ပါ၀င္ႏိုင္မွာမဟုတ္ပါဘူး။ ဒီေျခစစ္ပြဲေတြကိုလာမယ္႔ မတ္လထဲမွာ က်င္းပသြားမွာျဖစ္ပါတယ္။

Unicode

တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပြီး ဒဏ်ငွေဒေါ်လာ ၁၅၀၀ မက်ဆီပေးဆောင်ရ
ဒီလအစောပိုင်းက ကိုပါအမေရိက တတိယနေရာလုပွဲမှာဖြစ်ပွားခဲ့တဲ့ ပြဿ     နာကြောင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က အာဂျင်တီးနားတိုက်စစ်မှူ း မက်ဆီကိုတစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပြင် ဒဏ်ငွေဒေါ်လာ ၁၅၀၀ ပေးဆောင်စေဖို့အမိန့်ချမှတ်ခဲ့ကြောင်းသိရပါတယ်။

ချီလီကို ၂-၁ နဲ့အနိုင်ရပြီး အာဂျင်တီးနားတတိယ ရခဲ့တဲ့အဲဒီပွဲစဉ်မှာမက်ဆီဟာပြိုင်ဘက်ကွင်းလယ်လူ မီဒဲလ်နဲ့အခြေအတင်ဖြစ်ပြီး ၂ ယောက်စလုံးကိုဒိုင်လူကြီးတိုက်ရိုက်အနီကတ်ပြပြီးထုတ်ပယ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဗီဒဲလ်ရဲ့တုံ့ပြန်ပုံက ပိုပြီးကြမ်းခဲ့ပေမယ့် ဒိုင်လူကြီးက မက်ဆီကိုပါထုတ်ပယ်ခဲ့လို့ သူကမကျေမနပ်ဖြစ်ခဲ့တာပါ။

ဒါကြောင့် မက်ဆီကကိုပါအမေရိကပြိုင်ပွဲဟာ  အိမ်ရှင်ဘရာဇီးဗိုလ်စွဲဖို့ရည်ရွယ်ထားပြီး ခြစားမှုတွေနဲ့ပြည့်နှက်နေတဲ့ပြိုင်ပွဲ လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါကြောင့် မက်ဆီဟာရေရှည်ပွဲပယ်ပြစ်ဒဏ်နဲ့ ကြီးလေးတဲ့ဒဏ်ငွေပေးဆောင်ရနိုင်တယ်လို့ခန့်မှန်းခဲ့ကြပေမယ့် တောင်အမေရိကအဖွဲ့ချုပ်ရဲ့အခုပြစ်ဒဏ်ချမှတ်မှုဟာ အဲဒီပြောဆိုမှုနဲ့တော့မဆိုင်ခဲ့ပါဘူး။

ဒါပေမယ့်လည်း ထုတ်ပယ်ခံရချိန်မှာမက်ဆီဟာ ဒိုင်လူကြီးကိုမလေးမစားပြုမူခဲ့မှုနဲ့သာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်အနီကတ်အတွက်အလိုအလျောက်တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေဒေါ်လာ ၁၅၀၀ သာပေးဆောင်စေခဲ့တာဖြစ်ပြီး ပွဲပိုပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်းမရှိပါဘူး။ ဒီပြစ်ဒဏ်ကို အဆုံးအဖြတ်ပေးသူတစ်ဦးသာပါဝင်တဲ့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းအဖွဲ့ကနေချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်မက်ဆီဟာ ၂၀၂၀ ကမ္ဘာ့ဖလားအတွက် တောင်အမေရိကဇုန်ပထမဆုံးခြေစစ်ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဒီခြေစစ်ပွဲတွေကိုလာမယ့် မတ်လထဲမှာ ကျင်းပသွားမှာဖြစ်ပါတယ်။