တစ္ပတ္လုပ္ခေပါင္ ၁.၂သန္းနဲ႔ ဂါရတ္ေဘးလ္ ကမ္းလွမ္းခံရ

Photo Credit ; The Sun

Photo Credit ; AFP/Getty Images

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အမည္မေဖာ္လုိတဲ့တ႐ုတ္ကလပ္အသင္းတစ္သင္းက ရီးရဲလ္ေတာင္ပံတုိက္စစ္မွဴး ဂါရတ္ေဘးလ္ကို မက္ေမာဖြယ္တစ္ပတ္လုပ္ခ ေပါင္ ၁.၂သန္းနဲ႔ ကမ္းလွမ္းလုိက္ေၾကာင္း သိရပါတယ္။ အသက္ ၂၉ႏွစ္အရြယ္ရွိ ေ၀းလ္လက္ေရြးစင္ ဂါရတ္ေဘးလ္ဟာ ရီးရဲလ္မွာ တစ္ပတ္လုပ္ခ ေပါင္ ၆သိန္း၀န္းက်င္ရရွိေနေပမယ့္ အေရွ႕အာရွမွ ကမ္းလွမ္းမႈက လက္ရွိလုပ္ခလစာထက္ ၂ဆအထိရရွိမွာျဖစ္ပါတယ္။

Photo Credit ; AFP

အသင္းရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္အတြက္ ေရာက္လာတဲ့ေဘးလ္ကို ရီးရဲလ္ပရိသတ္ေတြက ေက်းဇူးကန္းသူလုိ႔ အဓိပၸာယ္ရတဲ့စပိန္ဘာသာစကားနဲ႔ ေအာ္ဟစ္ခဲ့ၿပီး ရီးရဲလ္အေနနဲ႔ သူ႕ရဲ႕အေျပာင္းအေရႊ႕ဆီကေန ေျပာင္းေရႊ႕ေၾကး အနိမ့္ဆုံးသာမန္ေလာက္ရဖုိ႔ အလုိရွိေနပါတယ္။ ဒါေပမဲ့ အမည္မေဖာ္ျပတဲ့တ႐ုတ္စူပါလိဂ္ကလပ္အသင္းတစ္သင္းက ေဘးလ္ကို လစာျမင့္မားစြာနဲ႔ကမ္းလွမ္းခဲ့ေပမယ့္ ေျပာင္းေရႊ႕ေၾကးမပါ၀င္ဘဲ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

Photo Credit ; Reuters

ဒီအတြက္ေၾကာင့္လည္း ယခုေႏြရာသီအတြင္း ဟာဇက္နဲ႔ ဂ်ဳိဗစ္တုိ႔အပါအ၀င္ ကစားသမားသစ္ေတြအတြက္ ေပါင္သန္း ၃၀၀ သုံးစြဲၿပီးျဖစ္တဲ့ ရီးရဲလ္က အဲဒီကမ္းလွမ္းခ်က္ကို ပယ္ခ်ခဲ့ၿပီး ဘာေနဗ်ဴးအေျခစိုက္အသင္းဟာ ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာကို ေခၚယူေရးအတြက္လည္း ေနာက္ထပ္ေျပာင္းေရႊ႕ေၾကးျမင့္မားစြာသုံးစြဲရဖြယ္ရိွေနပါတယ္။ ေဘးလ္ဟာ ရီးရဲလ္မွာ ပုံမွန္ေျခစြမ္းျပဖုိ႔ ႐ုန္းကန္ေနရၿပီး နည္းျပဇီဒန္းနဲ႔လည္း ဆက္ဆံေရးဆုိးရြားလ်က္ရွိပါတယ္။

Photo Credit ; Reuters

ရီးရဲလ္ကလည္း ၿပီးခဲ့တဲ့ရာသီက ၁၄ဂိုးသာသြင္းယူႏိုင္ခဲ့ၿပီး ႀကံ့ခုိင္မႈအျပည့္ရရွိေနေပမယ့္ အသင္းရဲ႕ရာသီပိတ္ေနာက္ဆုံး ၃ပြဲကို လြဲေခ်ာ္ခဲ့ရတဲ့ ေဘးလ္ကို ေရာင္းထုတ္ႏိုင္ဖို႔ ႀကိဳးစားေနၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေပါ့ဂ္ဘာအတြက္ ေျပာင္းေရႊ႕ေၾကးအျပင္ ေဘးလ္ ဒါမွမဟုတ္ အစၥကို တစ္ဦးဦးနဲ႔ အလုိက္ေပးကမ္းလွမ္းဖြယ္ရွိေနတယ္လုိ႔ သိရပါတယ္။ ေဘးလ္ရဲ႕ေအးဂ်င့္ျဖစ္သူက သူ႕ကစားသမားအေနနဲ႔ ယူႏုိက္တက္အသင္းမွာ အံ၀င္ႏိုင္တယ္လုိ႔ ဆုိခဲ့ေပမယ့္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္လာဖုိ႔ကေတာ့ သိပ္မျဖစ္ႏိုင္ဘူးလုိ႔ ဆုိထားပါတယ္။

Photo Credit ; Getty Images

Unicode

တစ်ပတ်လုပ်ခပေါင် ၁.၂သန်းနဲ့ ဂါရတ်ဘေးလ် ကမ်းလှမ်းခံရ

သတင်းတွေရဲ့ဖော်ပြချက်အရ အမည်မဖော်လိုတဲ့တရုတ်ကလပ်အသင်းတစ်သင်းက ရီးရဲလ်တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ကို မက်မောဖွယ်တစ်ပတ်လုပ်ခ ပေါင် ၁.၂သန်းနဲ့ ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။ အသက် ၂၉နှစ်အရွယ်ရှိ ဝေးလ်လက်ရွေးစင် ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မှာ တစ်ပတ်လုပ်ခ ပေါင် ၆သိန်းဝန်းကျင်ရရှိနေပေမယ့် အရှေ့အာရှမှ ကမ်းလှမ်းမှုက လက်ရှိလုပ်ခလစာထက် ၂ဆအထိရရှိမှာဖြစ်ပါတယ်။
အသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အတွက် ရောက်လာတဲ့ဘေးလ်ကို ရီးရဲလ်ပရိသတ်တွေက ကျေးဇူးကန်းသူလို့ အဓိပ္ပာယ်ရတဲ့စပိန်ဘာသာစကားနဲ့ အော်ဟစ်ခဲ့ပြီး ရီးရဲလ်အနေနဲ့ သူ့ရဲ့အပြောင်းအရွှေ့ဆီကနေ ပြောင်းရွှေ့ကြေး အနိမ့်ဆုံးသာမန်လောက်ရဖို့ အလိုရှိနေပါတယ်။ ဒါပေမဲ့ အမည်မဖော်ပြတဲ့တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်းက ဘေးလ်ကို လစာမြင့်မားစွာနဲ့ကမ်းလှမ်းခဲ့ပေမယ့် ပြောင်းရွှေ့ကြေးမပါဝင်ဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဒီအတွက်ကြောင့်လည်း ယခုနွေရာသီအတွင်း ဟာဇက်နဲ့ ဂျိုဗစ်တို့အပါအဝင် ကစားသမားသစ်တွေအတွက် ပေါင်သန်း ၃၀၀ သုံးစွဲပြီးဖြစ်တဲ့ ရီးရဲလ်က အဲဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ဘာနေဗျူးအခြေစိုက်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူရေးအတွက်လည်း နောက်ထပ်ပြောင်းရွှေ့ကြေးမြင့်မားစွာသုံးစွဲရဖွယ်ရှိနေပါတယ်။ ဘေးလ်ဟာ ရီးရဲလ်မှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး နည်းပြဇီဒန်းနဲ့လည်း ဆက်ဆံရေးဆိုးရွားလျက်ရှိပါတယ်။
ရီးရဲလ်ကလည်း ပြီးခဲ့တဲ့ရာသီက ၁၄ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ကြံ့ခိုင်မှုအပြည့်ရရှိနေပေမယ့် အသင်းရဲ့ရာသီပိတ်နောက်ဆုံး ၃ပွဲကို လွဲချော်ခဲ့ရတဲ့ ဘေးလ်ကို ရောင်းထုတ်နိုင်ဖို့ ကြိုးစားနေပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ပေါ့ဂ်ဘာအတွက် ပြောင်းရွှေ့ကြေးအပြင် ဘေးလ် ဒါမှမဟုတ် အစ္စကို တစ်ဦးဦးနဲ့ အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဘေးလ်ရဲ့အေးဂျင့်ဖြစ်သူက သူ့ကစားသမားအနေနဲ့ ယူနိုက်တက်အသင်းမှာ အံဝင်နိုင်တယ်လို့ ဆိုခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ကတော့ သိပ်မဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။