
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပက်ထရစ် အီဗရာ ဆိုတဲ့ ပြင်သစ်သားရဲ့ အကြောင်းကိုတော့ အထူးတလည်ရှင်းပြပေးစရာမလိုလောက်ဘူးလို့ထင်တယ်။
ပျော်ပျော်နေတတ်ပြီး လူတွေကိုအမြဲစနှောက်တက်တဲ့ ယူနိုက်တက် ဘယ်နောက်ခံလူဟောင်းလို့ ပြောလိုက်ရင် အီဗရာ မှန်း အကုန်တန်းသိကြမှာပါ။
ရော်နယ်ဒို အိမ်ပြန်လာအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားပေးခဲ့တဲ့ လူတွေထဲမှာ အီဗရာ တယောက်လည်းအပါအဝင်ပါပဲ။
ညကြီးအချိန်မတော် ရော်နယ်ဒို ဆီ ကို မက်ဆေ့ချ်တွေပို့ပြီး ယူနိုက်တက် ဆီ ပြန်လည်ပြောင်းရွှေ့ဖို့ အီဗရာ က တိုက်တွန်းခဲ့တယ်။
သူတို့ ၂ ဦးအပြန်အလှန်ပြောထားတဲ့ မက်ဆေ့ချ်တွေကို ဖတ်ကြည့်လိုက်ရင် အသင်းဖော်ဟောင်းဆိုတဲ့ ဆက်နွယ်မှုထက်ပိုတဲ့ သူငယ်ချင်းသံယောဇဉ် ကို မြင်တွေ့ရမှာပါ။
မန်ယူအသင်းမှာ အတူတွဲကစားခဲ့စဉ်တုန်းက ရော်နယ်ဒို နဲ့ အီဗရာ တို့ဟာ ကွင်းထဲမှာသာမက ကွင်းပြင်ပမှာပါ အတော်လေး ရင်းနှီးခဲ့ကြပါတယ်။
သူငယ်ချင်းတွေဆိုတော့ ထုံးစံအတိုင်း သူ့အိမ်ကိုယ့်အိမ် အပြန်အလှန် သွားရောက်လည်ပတ်ကြတာတွေရှိခဲ့ဘူးတာပေါ့။
ရော်နယ်ဒို အိမ်ကို သွားရောက်လည်ပတ်ခဲ့ဖူးတဲ့ သူ့ရဲ့အတွေ့အကြုံနဲ့ ပတ်သက်ပြီး အီဗရာ က လူတွေအကုန်လုံးသိအောင် ဒီလိုဖောက်သည်ချခဲ့ဖူးတယ်။
အီဗရာ “ ငါ လူတိုင်းကို အကြံဥာဏ်တခုပေးမယ်။
ခရစ္စတီယာနို က မင်းတို့ကို သူ့အိမ်မှာ နေ့လည်စာ လာစားပါလားလို့ ဖိတ်ခဲ့လို့ရှိရင် ချက်ချင်းသာ ငြင်းချလိုက်ပါ။
ဘာကြောင့် အဲ့လိုငြင်းခိုင်းရတာလဲဆိုတာ ငါပြောပြမယ်။
တနေ့မှာ ခရစ္စတီယာနို က ငါ့ကို ဒီလိုပြောလာတယ် “ ပက်ထရစ် ထရိန်နင်ပြီးရင် ငါ့အိမ်ကိုလာခဲ့ကွာ “ တဲ့ ၊ အဲ့တော့ ငါလည်း သွားခဲ့တာပေါ့။
ထရိန်နင်ဆင်းထားပြီး အတော်လေးပင်ပန်းနေတာဆိုတော့ သူကျွေးမယ့်ညစာကို အပီကြိတ်မယ်ပေါ့။
သူ့အိမ်လည်း ရောက်ရော ထမင်းစားပွဲကိုကြည့်လိုက်တော့ စားပွဲပေါ်မှာ အရွက်သုပ်နဲ့ အဖြူထည် ကြက်သားတွေပဲတွေ့တယ်။
ဒီလောက်ဆိုလည်း အဆင်ပြေပါတယ်လေဆိုပြီး စိတ်ထဲမှာတွေးမိတယ်။
နောက်တော့ သောက်စရာကလည်း ရေ ပဲချပေးတယ်။ တခြား အချိုရည်တွေ ဘာတွေ တခုမှမရှိဘူး။
ရောက်ပြီးမှတော့ ငါလည်း စားလိုက်တော့တာပေါ့။ စားနေရင်းနဲ့ ဒီဟာကုန်သွားရင် အသားဟင်းတွေ ဘာတွေ လာချပေးဦးမလားဆိုပြီး တွေးမိသေးတယ်။
တကယ်တော့ နောက်ထပ်ဘာမှ လာမချတော့ပါဘူး။
ခရစ္စတီယာနို က စားလို့ပြီးသွားတဲ့အချိန်မှာ ဘာလုပ်သလဲဆိုတော့ ချက်ချင်းကို မတ်တပ်ထရပ်ပြီး ဘောလုံးတလုံးနဲ့ လေ့ကျင့်တော့တာပဲ။
လေ့ကျင့်နေရင်းနဲ့ ငါ့ကို လှမ်းပြောတယ် “ ပက်ထရစ် လာကွာ တို့တွေ ၂ ချက်ထိ ဘောလုံးအပေးအယူလေ့ကျင့်ရအောင် “ ဆိုပြီး ၊ အဲ့တော့ ငါက “ ဒါလေး ပြီးအောင် စားလို့ရမလားကွာ “ လို့ ပြန်ပြောတာပေါ့။
အဲ့တော့ သူက ဘာပြန်ပြောလဲဆိုတော့ “ မရဘူး ၊ အခုပဲ ၂ ချက်ထိ ကစားကြမယ် “ တဲ့။
ဒါနဲ့ပဲ ငါတို့တွေ ၂ ချက်ထိ အပေးအယူလုပ်တမ်း ကစားကြတယ်။
အဲ့ဒါကစားပြီးတော့ သူကထပ်ပြောတယ် ၊ ရေကူးကန်သွားကြမယ် တဲ့ ၊ ငါကလည်း ရပါတယ် သွားကြတာပေါ့လို့ ပြောလိုက်တယ်။ ရေကူးကန်ပြီးတော့ ရေချိုးကန် ၊ ပြီးတော့ ချွေးထုတ်ခန်း ဆက်တိုက်ကို ငါ့ကိုခေါ်သွားတာ။
ဒီလောက်ဆိုတော်ပြီလေ။ ငါသူ့ကို ဒီလိုပြောလိုက်တယ် “ ခရစ္စတီယာနို ငါတို့မင်းအိမ်ကိုလာတာ နေ့လည်စာ စားဖို့လား ၊ ဒါမှမဟုတ် မနက်ဖြန်ပွဲရှိလို့ လာလေ့ကျင့်ပြင်ဆင်နေတာလားကွာ “ ဆိုပြီး။
အဲ့တော့ ငါ အားလုံးကို အကြံဥာဏ်ပေးချင်တာကတော့ ခရစ္စတီယာနို က သူ့အိမ်ကိုလိုက်လည်ပါလားလို့ ဖိတ်ခဲ့ရင် မသွားပါနဲ့လို့မှာချင်တယ်။
အပြတ်သာ ငြင်းလိုက်ပါ ၊ ဘာဖြစ်လို့လဲဆိုတော့ ခရစ္စတီယာနို က စက်ရုပ်မို့လို့။ သူက လေ့ကျင့်တာကို ဘယ်တော့မှ ရပ်မယ့် လူစားမျိုးမဟုတ်ဘူး “
အီဗရာ ရဲ့ အဖြစ်ကတော့ ရီရမလို ငိုရမလို ပါပဲ။
နေ့လည်စာ အပီကြိတ်မယ်ဆိုပြီး ရော်နယ်ဒို အိမ်ကို လိုက်သွားမိခဲ့တာ နောက်ဆုံး လေ့ကျင့်ခန်းဆင်းပြီးသာ ပြန်လာလိုက်ရတယ်။
လက်ရှိ ယူနိုက်တက် ကစားသမားတွေအနေနဲ့ အီဗရာ လိုအဖြစ်မျိုး မကြုံချင်ရင်တော့ ပြင်သစ်သားရဲ့ အကြံပေးမှုကို လိုက်နာနိုင်မှရမှာပါလို့ပဲ ဆိုရတော့မှာပါ။
ဘာပဲပြောပြော ဒီလိုမျိုး အချိန်နဲ့အမျှလေ့ကျင့်နေခဲ့လို့သာ ရော်နယ်ဒို အနေနဲ့ သာမန်ကစားသမားတွေ မရနိုင်တဲ့ ဆုတံဆိပ်တွေ ၊ စံချိန်တွေကို တခုပြီးတခုရယူနေနိုင်တာပဲ ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
တကယ္လို႔မ်ား ေရာ္နယ္ဒို က မင္းကိုသူ႔အိမ္လိုက္လည္ဖို႔ ဖိတ္ခဲ့လို႔ရွိရင္ ခ်က္ခ်င္းကို ျငင္းလိုက္ပါလို႔ ငါအႀကံေပးခ်င္တယ္ – အီဗရာ
ပက္ထရစ္ အီဗရာ ဆိုတဲ့ ျပင္သစ္သားရဲ႕ အေၾကာင္းကိုေတာ့ အထူးတလည္ရွင္းျပေပးစရာမလိုေလာက္ဘူးလို႔ထင္တယ္။ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး လူေတြကိုအၿမဲစေႏွာက္တက္တဲ့ ယူႏိုက္တက္ ဘယ္ေနာက္ခံလူေဟာင္းလို႔ ေျပာလိုက္ရင္ အီဗရာ မွန္း အကုန္တန္းသိၾကမွာပါ။
ေရာ္နယ္ဒို အိမ္ျပန္လာေအာင္ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ႀကိဳးစားေပးခဲ့တဲ့ လူေတြထဲမွာ အီဗရာ တေယာက္လည္းအပါအဝင္ပါပဲ။ ညႀကီးအခ်ိန္မေတာ္ ေရာ္နယ္ဒို ဆီ ကို မက္ေဆ့ခ်္ေတြပို႔ၿပီး ယူႏိုက္တက္ ဆီ ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ အီဗရာ က တိုက္တြန္းခဲ့တယ္။ သူတို႔ ၂ ဦးအျပန္အလွန္ေျပာထားတဲ့ မက္ေဆ့ခ်္ေတြကို ဖတ္ၾကည့္လိုက္ရင္ အသင္းေဖာ္ေဟာင္းဆိုတဲ့ ဆက္ႏြယ္မႈထက္ပိုတဲ့ သူငယ္ခ်င္းသံေယာဇဥ္ ကို ျမင္ေတြ႕ရမွာပါ။ မန္ယူအသင္းမွာ အတူတြဲကစားခဲ့စဥ္တုန္းက ေရာ္နယ္ဒို နဲ႔ အီဗရာ တို႔ဟာ ကြင္းထဲမွာသာမက ကြင္းျပင္ပမွာပါ အေတာ္ေလး ရင္းႏွီးခဲ့ၾကပါတယ္။ သူငယ္ခ်င္းေတြဆိုေတာ့ ထုံးစံအတိုင္း သူ႔အိမ္ကိုယ့္အိမ္ အျပန္အလွန္ သြားေရာက္လည္ပတ္ၾကတာေတြရွိခဲ့ဘူးတာေပါ့။ ေရာ္နယ္ဒို အိမ္ကို သြားေရာက္လည္ပတ္ခဲ့ဖူးတဲ့ သူ႔ရဲ႕အေတြ႕အႀကဳံနဲ႔ ပတ္သက္ၿပီး အီဗရာ က လူေတြအကုန္လုံးသိေအာင္ ဒီလိုေဖာက္သည္ခ်ခဲ့ဖူးတယ္။
အီဗရာ “ ငါ လူတိုင္းကို အႀကံဥာဏ္တခုေပးမယ္။ ခရစၥတီယာႏို က မင္းတို႔ကို သူ႔အိမ္မွာ ေန႔လည္စာ လာစားပါလားလို႔ ဖိတ္ခဲ့လို႔ရွိရင္ ခ်က္ခ်င္းသာ ျငင္းခ်လိုက္ပါ။ ဘာေၾကာင့္ အဲ့လိုျငင္းခိုင္းရတာလဲဆိုတာ ငါေျပာျပမယ္။ တေန႔မွာ ခရစၥတီယာႏို က ငါ့ကို ဒီလိုေျပာလာတယ္ “ ပက္ထရစ္ ထရိန္နင္ၿပီးရင္ ငါ့အိမ္ကိုလာခဲ့ကြာ “ တဲ့ ၊ အဲ့ေတာ့ ငါလည္း သြားခဲ့တာေပါ့။ ထရိန္နင္ဆင္းထားၿပီး အေတာ္ေလးပင္ပန္းေနတာဆိုေတာ့ သူေကြၽးမယ့္ညစာကို အပီႀကိတ္မယ္ေပါ့။ သူ႔အိမ္လည္း ေရာက္ေရာ ထမင္းစားပြဲကိုၾကည့္လိုက္ေတာ့ စားပြဲေပၚမွာ အ႐ြက္သုပ္နဲ႔ အျဖဴထည္ ၾကက္သားေတြပဲေတြ႕တယ္။
ဒီေလာက္ဆိုလည္း အဆင္ေျပပါတယ္ေလဆိုၿပီး စိတ္ထဲမွာေတြးမိတယ္။ ေနာက္ေတာ့ ေသာက္စရာကလည္း ေရ ပဲခ်ေပးတယ္။ တျခား အခ်ိဳရည္ေတြ ဘာေတြ တခုမွမရွိဘူး။ ေရာက္ၿပီးမွေတာ့ ငါလည္း စားလိုက္ေတာ့တာေပါ့။ စားေနရင္းနဲ႔ ဒီဟာကုန္သြားရင္ အသားဟင္းေတြ ဘာေတြ လာခ်ေပးဦးမလားဆိုၿပီး ေတြးမိေသးတယ္။ တကယ္ေတာ့ ေနာက္ထပ္ဘာမွ လာမခ်ေတာ့ပါဘူး။ ခရစၥတီယာႏို က စားလို႔ၿပီးသြားတဲ့အခ်ိန္မွာ ဘာလုပ္သလဲဆိုေတာ့ ခ်က္ခ်င္းကို မတ္တပ္ထရပ္ၿပီး ေဘာလုံးတလုံးနဲ႔ ေလ့က်င့္ေတာ့တာပဲ။
ေလ့က်င့္ေနရင္းနဲ႔ ငါ့ကို လွမ္းေျပာတယ္ “ ပက္ထရစ္ လာကြာ တို႔ေတြ ၂ ခ်က္ထိ ေဘာလုံးအေပးအယူေလ့က်င့္ရေအာင္ “ ဆိုၿပီး ၊ အဲ့ေတာ့ ငါက “ ဒါေလး ၿပီးေအာင္ စားလို႔ရမလားကြာ “ လို႔ ျပန္ေျပာတာေပါ့။ အဲ့ေတာ့ သူက ဘာျပန္ေျပာလဲဆိုေတာ့ “ မရဘူး ၊ အခုပဲ ၂ ခ်က္ထိ ကစားၾကမယ္ “ တဲ့။ ဒါနဲ႔ပဲ ငါတို႔ေတြ ၂ ခ်က္ထိ အေပးအယူလုပ္တမ္း ကစားၾကတယ္။ အဲ့ဒါကစားၿပီးေတာ့ သူကထပ္ေျပာတယ္ ၊ ေရကူးကန္သြားၾကမယ္ တဲ့ ၊ ငါကလည္း ရပါတယ္ သြားၾကတာေပါ့လို႔ ေျပာလိုက္တယ္။ ေရကူးကန္ၿပီးေတာ့ ေရခ်ိဳးကန္ ၊ ၿပီးေတာ့ ေခြၽးထုတ္ခန္း ဆက္တိုက္ကို ငါ့ကိုေခၚသြားတာ။ ဒီေလာက္ဆိုေတာ္ၿပီေလ။ ငါသူ႔ကို ဒီလိုေျပာလိုက္တယ္
“ ခရစၥတီယာႏို ငါတို႔မင္းအိမ္ကိုလာတာ ေန႔လည္စာ စားဖို႔လား ၊ ဒါမွမဟုတ္ မနက္ျဖန္ပြဲရွိလို႔ လာေလ့က်င့္ျပင္ဆင္ေနတာလားကြာ “ ဆိုၿပီး။ အဲ့ေတာ့ ငါ အားလုံးကို အႀကံဥာဏ္ေပးခ်င္တာကေတာ့ ခရစၥတီယာႏို က သူ႔အိမ္ကိုလိုက္လည္ပါလားလို႔ ဖိတ္ခဲ့ရင္ မသြားပါနဲ႔လို႔မွာခ်င္တယ္။ အျပတ္သာ ျငင္းလိုက္ပါ ၊ ဘာျဖစ္လို႔လဲဆိုေတာ့ ခရစၥတီယာႏို က စက္႐ုပ္မို႔လို႔။ သူက ေလ့က်င့္တာကို ဘယ္ေတာ့မွ ရပ္မယ့္ လူစားမ်ိဳးမဟုတ္ဘူး “
အီဗရာ ရဲ႕ အျဖစ္ကေတာ့ ရီရမလို ငိုရမလို ပါပဲ။ ေန႔လည္စာ အပီႀကိတ္မယ္ဆိုၿပီး ေရာ္နယ္ဒို အိမ္ကို လိုက္သြားမိခဲ့တာ ေနာက္ဆုံး ေလ့က်င့္ခန္းဆင္းၿပီးသာ ျပန္လာလိုက္ရတယ္။ လက္ရွိ ယူႏိုက္တက္ ကစားသမားေတြအေနနဲ႔ အီဗရာ လိုအျဖစ္မ်ိဳး မႀကဳံခ်င္ရင္ေတာ့ ျပင္သစ္သားရဲ႕ အႀကံေပးမႈကို လိုက္နာႏိုင္မွရမွာပါလို႔ပဲ ဆိုရေတာ့မွာပါ။
ဘာပဲေျပာေျပာ ဒီလိုမ်ိဳး အခ်ိန္နဲ႔အမွ်ေလ့က်င့္ေနခဲ့လို႔သာ ေရာ္နယ္ဒို အေနနဲ႔ သာမန္ကစားသမားေတြ မရႏိုင္တဲ့ ဆုတံဆိပ္ေတြ ၊ စံခ်ိန္ေတြကို တခုၿပီးတခုရယူေနႏိုင္တာပဲ ျဖစ္ပါတယ္။