
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4
မန်ချက်စတာ ယူနိုက်တက်အသင်းထံ ခရစ္စတီယာနို ရော်နယ်ဒို ပြောင်းရွေ့ပြီးနောက် ထူးဆန်းတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ မန်ချက်စတာ မြို့မှာ အလျင်အမြန် အထိုင်ကျနေပေမယ့် The Sun သတင်းစာရဲ့ အဆိုအရ သူဟာ ကလပ်အသင်းကနေ စီစဥ်ပေးတဲ့အိမ်ကနေ ပြောင်းရွေ့နိုင်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သတင်းက ရော်နယ်ဒိုဟာ ဘေးအိမ်က သိုးတွေရဲ့ ဆူညံသံကြောင့် ညအိပ်ရာမှာ မကြာခဏ နိုးလာတယ်လို့ ဆိုပါတယ်။
ရော်နယ်ဒိုရဲ့ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်က သူတို့ မိသားစု အိမ်နီးနားချင်းတွေထံ အလည်သွားစဥ် အဆိုပါ သိုးတွေနဲ့တူ ဓာတ်ပုံရိုက်ကူးခဲ့တာတွေ့ရပါတယ်။
The Sun အရ ရော်နယ်ဒိုဟာ သင့်လေျာ်တဲ့ အိပ်စက်ချိန်ရရှိဖို့ ဂရုစိုက်လေ့ရှိတဲ့အတွက် အိပ်ခန်း ( ၇ ) ခုပါဝင်တဲ့ နောက်ထပ် စံအိမ်ကြီးတစ်ခုထံ ပြောင်းရွေ့ခဲ့တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်း အီဗရာကတော့ သူ့ရဲ့ အင်စတာဂရမ်မှတစ်ဆင့် ရော်နယ်ဒိုရဲ့ အဖြစ်အပျက်ကို ဟာသနှောခဲ့ပါတယ်။
အီဗရာက လှေတစ်စင်းပေါ်မှာ သိုးတွေအပြည့်တင်ဆောင်ထားတဲ့ သူ့ရဲ့ ဓာတ်ပုံနဲ့အတူ “ ရော်နယ်ဒိုရေ ၊ သိုးတွေကို မင်းရဲ့ အိမ်နဲ့ဝေးရာကို ခေါ်သွားပါပြီ။”လို့ ရေးသားကာ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်က လာမယ့် တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းအသင်းနဲ့ ကစားရဖို့ ရှိနေပြီး ဗုဒ္ဓဟူးနေ့ ကာရာဘောင်ဖလားပွဲစဥ်မှာတော့ ရော်နယ်ဒိုကို အနားပေးဖွယ်ရှိနေပါတယ်။
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4
zawgyi
ညအိပ္ရာမွာ သိုးေတြ ဆူညံလြန္းတာေၾကာင့္ အိမ္ေျပာင္းခဲ့ရတဲ့ ေရာ္နယ္ဒို
မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံ ခရစၥတီယာႏို ေရာ္နယ္ဒို ေျပာင္းေ႐ြ႕ၿပီးေနာက္ ထူးဆန္းတဲ့ သတင္းတစ္ပုဒ္ ထြက္ေပၚလာခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ မန္ခ်က္စတာ ၿမိဳ႕မွာ အလ်င္အျမန္ အထိုင္က်ေနေပမယ့္ The Sun သတင္းစာရဲ႕ အဆိုအရ သူဟာ ကလပ္အသင္းကေန စီစဥ္ေပးတဲ့အိမ္ကေန ေျပာင္းေ႐ြ႕ႏိုင္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါ သတင္းက ေရာ္နယ္ဒိုဟာ ေဘးအိမ္က သိုးေတြရဲ႕ ဆူညံသံေၾကာင့္ ညအိပ္ရာမွာ မၾကာခဏ ႏိုးလာတယ္လို႔ ဆိုပါတယ္။
ေရာ္နယ္ဒိုရဲ႕ ခ်စ္သူ ေဂ်ာ္ဂ်ီနာ ႐ိုဒရီဂြက္က သူတို႔ မိသားစု အိမ္နီးနားခ်င္းေတြထံ အလည္သြားစဥ္ အဆိုပါ သိုးေတြနဲ႔တူ ဓာတ္ပုံ႐ိုက္ကူးခဲ့တာေတြ႕ရပါတယ္။
The Sun အရ ေရာ္နယ္ဒိုဟာ သင့္ေလ်ာ္တဲ့ အိပ္စက္ခ်ိန္ရရွိဖို႔ ဂ႐ုစိုက္ေလ့ရွိတဲ့အတြက္ အိပ္ခန္း ( ၇ ) ခုပါဝင္တဲ့ ေနာက္ထပ္ စံအိမ္ႀကီးတစ္ခုထံ ေျပာင္းေ႐ြ႕ခဲ့တယ္လို႔ သိရပါတယ္။
ေရာ္နယ္ဒိုရဲ႕ အသင္းေဖာ္ေဟာင္း အီဗရာကေတာ့ သူ႔ရဲ႕ အင္စတာဂရမ္မွတစ္ဆင့္ ေရာ္နယ္ဒိုရဲ႕ အျဖစ္အပ်က္ကို ဟာသေႏွာခဲ့ပါတယ္။ အီဗရာက ေလွတစ္စင္းေပၚမွာ သိုးေတြအျပည့္တင္ေဆာင္ထားတဲ့ သူ႔ရဲ႕ ဓာတ္ပုံနဲ႔အတူ “ ေရာ္နယ္ဒိုေရ ၊ သိုးေတြကို မင္းရဲ႕ အိမ္နဲ႔ေဝးရာကို ေခၚသြားပါၿပီ။”လို႔ ေရးသားကာ ပို႔စ္တင္ခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္က လာမယ့္ တနဂၤေႏြေန႔မွာ ဝက္စ္ဟမ္းအသင္းနဲ႔ ကစားရဖို႔ ရွိေနၿပီး ဗုဒၶဟူးေန႔ ကာရာေဘာင္ဖလားပြဲစဥ္မွာေတာ့ ေရာ္နယ္ဒိုကို အနားေပးဖြယ္ရွိေနပါတယ္။